မောင်သစ်မင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄၀ -
တေးရေးဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ မောင်သစ်မင်းကို ၁၉၅၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က အဖ ဒုဗိုလ်မှူးကြီး တင်စိုး(တော်လှန်ရေးကောင်စီအဖွဲ့ဝင်)နှင့် အမိ ဒေါ်မြသန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ အမည်အရင်းမှာ ဦးဒေဝဖြစ်သည်။ မွေးချင်းနှစ်ဦးရှိပြီး အစ်ကိုဖြစ်သူမှာ ဒေါက်တာဝဏ္ဏဖြစ်သည်။
၁၉၇၁ ခုနှစ်တွင် ကဗျာ၊ ဝတ္ထုများကို ရေးသားခဲ့ပြီး အနုပညာလောကသို့ စတင်ဝင်ရောက်သည်။ မောင်သစ်မင်းသည် [[ကလေးကဗျာ]]များ၊ [[ဘာသာပြန်ကဗျာ]]များနှင့် [[ပင်ကိုယ်ရေးကဗျာ]]များကို ရေးသားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် သုံးယောက်ကောင်းကင် ဟုအမည်ရသော လုံးချင်းကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းကဗျာစာအုပ်သည် မိရောဆလပ် ဟောလုဗ်၊ ဗါစကို ပိုပါနှင့် ဇဗစ်ဂညူး ဟားဗတ် တို့၏ ကဗျာများကို ဘာသာပြန်ရေးသားခဲ့သော စာအုပ်တစ်အုပ်ဖြစ်သကဲ့သို့ မောင်သစ်မင်း၏ ထင်ရှားသော ဘာသာပြန်ကဗျာ စာအုပ် တစ်အုပ်လည်းဖြစ်သည်။
မောင်သစ်မင်းသည် [[တေးမြုံငှက်|တေးမြုံငှက် တေးသီချင်း လုံးချင်းဝတ္ထု|တေးမြုံငှက်]] ဟုအမည်ရသော လုံးချင်းဝတ္ထုအပါအဝင် လုံးချင်းစာအုပ် ၅ အုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ယင်းတို့မှ အရှေ့နေထွက် အနောက်နေဝင်(၁၉၇၅)၊ မပြောကောင်းတဲ့ အကြောင်း လေးတစ်ခု(၁၉၇၅)၊ မနက်ဖြန်သည် အပြာရောင်၊ ငရဲ၌ သစ်ငှက်ဖြစ်စေ နှင့် တေးမြုံငှက်(၁၉၇၇)တို့ဖြစ်သည်။ ယင်းတို့မှ ငရဲ၌ သစ်ငှက်ဖြစ်စေ ဟု အမည်ရသော လုံးချင်းဝတ္ထုသည် [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတိ]]ခေတ် အတွင်းရှိ ဆရာဝန်များ၏ ဘဝကို ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်သည်။
တေးမြုံငှက် ဟု အမည်ရသည့် လုံးချင်းဝတ္ထုကို အသက် ၂၄ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ၁၉၇၇ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ တေးမြုံငှက် လုံးချင်းဝတ္ထုသည် ဂီတလောကကို နောက်ခံပြုရေးသား ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ယင်းလုံးချင်းဝတ္ထုသည် [[စတူဒီယိုခေတ်ဦးကာလ]]အတွင်း ကြိုးစားလှုပ်ရှား နေကြသည့် တေးရေးဆရာတို့၏ သရုပ်မှန်ဘဝနှင့် တေးမြုံငှက် ရေးသားသူ ကိုယ်တိုင်၏ အနုပညာသမားဘဝ ဖြတ်သန်းရသည့် အခြေအနေများကို သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည်။
ထို့အပြင် တေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကိုလည်း ရေးသားခဲ့သည်။ ယင်းတေးသီချင်းကို အဆိုတော် [[ခိုင်ထူး]] မှ သီဆိုခဲ့သည်။ တေးမြုံငှက် လုံးချင်းဝတ္ထုနှင့် တေးသီချင်းသည် မောင်သစ်မင်း၏ အောင်မြင်ထင်ရှားသော အနုပညာလက်ရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မောင်သစ်မင်းကို တေးမြုံငှက် ဟု ဂီတနှင့်စာပေအသိုင်းအဝန်းတွင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။