ညိုမြ (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၄၈ -
 
 
၁၉၃၅ - ၃၈ ခုနှစ်များတွင် ရန်ကုန် တက္ကသိုလ် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ လုပ်သည်။ အမေရိကန် ပြည်ထောင်စု ယေးလ် တက္ကသိုလ် အရှေ့ပိုင်း ဌာန မြန်မာစာ နည်းပြ ဆရာ၊ စစ်သတင်း မြန်မာလို ထုတ်လွှင့်သူ။ မြန်မာ သတင်းစဉ် ထုတ်ဝေသူ (၁၉၄၂ - ၄၃)၊ ဝါရှင်တန် ဒီစီ မြန်မာ့ရေးရာ အကြံရေး ပုဂ္ဂိုလ် (၁၉၄၃ - ၄၄)၊ အိန္ဒိယပြည် အာသံပြည်နယ် လီဒိုမြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ စိတ်ဓာတ် စစ်ဆင်ရေး ဌာန အကြီးအကဲ (၁၉၄၄ - ၄၅) အဖြစ် အမှု ထမ်းခဲ့ပြီး အမှုထမ်း လောကမှ အပြီး အပိုင် နုတ်ထွက် ခဲ့သည်။ မြန်မာပြည် ပြန်ရောက်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာ ထူထောင် ခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၇ ခုနှစ်တွင် ဒေါ်ခင်သန်းနွယ်နှင့် လက်ထပ်သည်။ ၁၉၅၃ ခုနှစ်တွင် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ယူဂိုစလားဗီးယား၊ ဆွစ်ဇာလန်၊ ဂရိ၊ ၁၉၅၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် စင်ကာပူ၊ ၁၉၅၅ ခုနှစ်တွင် မာလာယု၊ မမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယိုးဒယား၊ ၁၉၆၁ ခုနှစ်တွင် မြောက်ကိုးရီးယား နိုင်ငံများသို့ သွားရောက် ခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း ဥက္ကဋ္ဌ (၁၉၅၇ - ၅၈)၊ မုံရွာ မြို့နယ် ပါလီမန် လွှတ်တော် အမတ် (၁၉၆ဝ) အဖြစ်လည်း ဆောင်ရွက် ခဲ့သည်။ ၁၉၆၈ - ၇၄ ခုနှစ် များတွင် အိုးဝေ ဂျာနယ်ကို ထုတ်ဝေ ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံ ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြှင့် ခံရသည်။ [[File:O_Way_Nyo_Mya.jpg|thumbnail|128px|အိုးဝေညိုမြ]]
 
 
၁၉၃၃ ခုနှစ် ရန်ကုန် တက္ကသိုလ်သို့ ရောက်သည့် အချိန်မှ စ၍ "ညိုမြ" ကလောင် အမည် ခံယူကာ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်း၊ ဂန္ဓလောက မဂ္ဂဇင်း တို့တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးများ ရေးခဲ့သည်။ ၁၉၃၅ - ၃၆ ခုနှစ် ဇန်နဝါရီလ အိုးဝေ မဂ္ဂဇင်းတွင် ပါရှိသည့် "ငရဲခွေးကြီး လွတ်လာပြီ" ဟု အနက် ရသော အင်္ဂလိပ်လို ရေးသည့် ဆောင်းပါးသည် ညိုမြ၏ အပြောင်မြောက်ဆုံး သမိုင်းဝင် သရော်စာ တပုဒ် အဖြစ် ထင်ရှားသည်။ ၁၉၄၆ ခုနှစ်တွင် အိုးဝေ သတင်းစာ ထူထောင်သော အခါ "ဘုန်းကြီး ကျောင်းသား မောင်သုမန" ကလောင် အမည်ခံ၍ သတင်း ဆောင်းပါး မြောက်မြားစွာ ရေးသား ခဲ့သည်။ ထင်ရှားသည့် စာပေ လက်ရာ အချို့မှာ နမ်းကြာညို (၁၉၃၈)၊ ညိုမြစာစု (၁၉၃၉)၊ တရုတ်နှင့် ရုရှား အကွဲတော်ပုံ (?)၊ တကိုယ်တော် [ဘာသာပြန်] (၁၉၆၃)၊ ဘိန်းဋီကာ [သုံးစောင်တွဲ] (ဖေဖော်ဝါရီ ၁၉၇၄)၊ ရွှေလမ်း ငွေလမ်း - မြန်မာ အမေရိကန် ဆက်ဆံမှု မှတ်တမ်း (၁၉၈ဝ)၊ ကုန်းဘောင် ရှာပုံတော် (မေ ၁၉၈၂)၊ ဤမိုး ဤမြေ (ဧပြီ ၂ဝဝ၂)၊ ဤမိုး ဤမြေ [၂] (၂ဝဝ၄) တို့ ဖြစ်ကြသည်။