ဘုရား (ဗုဒ္ဓဘာသာ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဘုရားနှင့် ပတ်သက်၍ ဘာသာတရား အမျိုးမျိုးမှ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူများ ရှိသကဲ့သို [[ဗုဒ္ဓဘာသာ]]ကဲ့သို့ ဖန်ဆင်းရှင်ကို မယုံကြည်သူများလည်း ရှိသည်။
 
ဘုရားဆိုသည်မှာ --- သိသင့် သိထိုက်သော ေဥယျဓံတရား အလုံးစုံကို တစ်ခုမကျန် ဖြောင့်မှန်စွာ သိနိုင်သော သဗ္ဗေညုတ ဥာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကိုဆိုသည်။
ယင်းပုဂ္ဂိုလ်ထူးကိုလည်း ဥာဏ်ပညာ တစ်မျိုးတည်းသာ ကြီးကျယ်မြင့်မြတ်ခြင်းဖြင့် ဘုရားဟု ဆိုသည် မဟုတ်။
 
# ဇာတိမဟတ္တ --- အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
# ပုညမဟတ္တ --- ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
# သီလမဟတ္တ --- အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
# သမာဓိမဟတ္တ --- တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
# ဣဒ္ဓိမဟတ္တ ---တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
# ဗုဒ္ဓိမဟတ္တ --- ဥာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊ ဟူ၍ လောကတွင် ရှိရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့်
ပြည့်စုံမှသာလျှင်၊ ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရားဟု ဆိုရသည်။
 
 
လွန်ခဲ့သော နှစ်ပေါင်း ၂၅၄ဝ ကျော်လောက်က
ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော
ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့်
လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။
 
ရှေးရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါ
သဲစုပမာ များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက်
အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝစသော
ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း
ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ သဿပဘုရား
အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း
လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။
 
ထိုဘုရားတို့တွင် ဂေါတမ မြတ်စွာဘုရား၏
ဖြစ်တော်စဉ် အကျဉ်းကား ဤသို့တည်း။ ဂေါတမ မြတ်စွာ
ဘုရားကား ဘိုးတော် အဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု
ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်။
 
ဌာနကား အိန္ဒိယနိုင်ငံ ကပိလဝတ် နေပြည်တော်၊
ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်ကား သီရိမဟာ
မာယာမိဖုရားကြီး၊ အမည်တော်ကား သိဒ္ဓ·မင်းသား ဖြစ်လေ သည်။
အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ်
အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား
ယသောဓရာ ဗိဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။
 
သူအို၊ သူနာ၊ သူသေ၊ ရဟန်းအသွင် နိမိတ်ကြီး
လေးပါးကို မြင်သဖြင့်၊ သတိသံဝေဂ ရလျှက် ၉၇ ခု
ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု
တော်မူသည်။
 
ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို
ကျင့်ပြီးလျှင် ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ဗောဓိပင်
ရင်းဝယ်၊ သဗ္ဗေညုတဥာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင်
ဘုရားစင်စစ် ဖြစ်တော်မူသည်။
 
ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊
အညာတကောဏ္ဍညအစ၊ သုဘဒ္ဒအဆုံးရှိသော ဝေနေယျများစွာ
သတ္တဝါတို့ကို နှာိူန်သို့ပို့ဆောင်တော်မူပြီးလျှင်၊ ၁၄၈ ခု
ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။
 
 
၄၅ ဝါပတ်လုံး နေ့စဉ် ပြုလုပ်အပ်သော လုပ်ငန်းများကား-
# ပုရေဘတ္တကိစ္စ---နံနက်ဆွမ်းခံကြွခြင်း၊
# ပစ္ဆာဘတ္တကိစ္စ---ညနေဒါယကာ ဒါယိကာမတို့အား တရားဟောခြင်း၊
# ပူရိမ ယာမကိစ္စ---ညဉ့်ဦးယံ ရဟန်းများအား တရားဟောခြင်း၊
# မဇ္ဈိမယာမကိစ္စ--- ညဉ့်လယ်ယံ နတ်များအား တရားဟောခြင်း၊
# မစ္ဆိမယာမကိစ္စ--- ညဉ့်နောက်ဆုံးယံကို သုံးပုံပုံတစ်ပုံ စင်္ကြံသွားခြင်း၊ တစ်ပုံ ကျိန်းစက် ခြင်း၊ တစ်ပုံ ကျွတ်ထိုက်သော သတ္တဝါတို့ကို
ကြည့်ရှု့ခြင်း ဟူ၍ ငါးပါးဖြစ်သည်။
 
 
ဂုဏ်တော်ကား-
# အရဟ --- ပူဇော်အထူးကို ခံတော်မူထိုက်ခြင်း၊
# သမ္မာသဒ္ဓ--- ေဥယျဓံတရား အလုံးစုံကို အကုန်အစဉ် သိမြင်တော်မူခြင်း၊
# ဝိဇ္ဇာစရဏသမ္ပဇ္ဈ--- ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူခြင်း၊
# သုဂတ--- ကောင်းသောစကားကိုဆိုတော်မူခြင်း၊
# လောကဝိဒူ--- လောကသုံးပါးကို သိတော်မူခြင်း၊
# အနုတ္တရောပုရိသ--- ဆုံးမသင့် ဒမ္မသာရထိ ဆုံးမထိုက်သော သူတို့ကို ဆုံးမရာ၌ အတုမရှိ မြတ်တော် မူခြင်း၊
# သတ္ထာဒေဝ--- နတ်လူတို့မနုဿာန ဆရာဖြစ်တော်မူခြင်း၊
# ဗုဒ္ဓ--- သစ္စာလေးပါးကို သိတော်မူခြင်း၊
# ဘဂဝါ--- ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူခြင်း၊ ဟူ၍ကိုးပါးဖြစ်သည်။
 
 
ထိုမှတစ်ပါး မက္ခလိ၊ ပူရဏ၊ အဇိတ၊ ပကုဒ္ဓ၊ နိဂဏ္ဌ၊
သဉ္စယဟူ၍ အယူဝါဒကို ပြုလုပ်တတ်သော တိတ္ထိဆရာကြီး
ခြောက်ဦးကိုလည်း ဘုရားဟုခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို
ကြသော်လည်း၊ ယင်းဆရာကြီး ခြောက်ဦးတို့မှာ ယခင်ပြဆို
ခဲ့သော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် မပြည့်စုံသည့်
အတွက် ဘုရားမမည်နိုင်ပေ။ (ဦးကြီးဖေ)<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
==ကိုးကား==
<references/>
 
 
[[Category:ဘာသာရေး]]