မနုဟာမင်း: တည်းဖြတ်မှု မူကွဲများ

၉၁၃၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (မနူဟာ မှ​ မနုဟာမင်း သို့​)
No edit summary
မွန်ဘုရင် '''မနူဟာ''' (မကုဋ) သည် [[မြန်မာနိုင်ငံ]]ရှိ တိုင်းရင်းသား မျိုးနွယ်စု ခုနစ်ခုအနက် [[မွန်]]မျိုးနွယ်စုကြီးမှ ဆင်းသက် ပေါက်ဖွားလာသည့် သထုံမင်းဆက် (၂၅) ဆက်မြောက်ကို ဆက်ခံသော မင်းဖြစ်သည်။ မနူဟာ (မနုဟာ) ဟူသည် “မနုမည်သော မဟာသမ္မတမင်း” ဟု ဆိုသည်။ ထို့ပြင် မနူဟာကို [[သမိုင်း]]ပညာရှင် ၊ [[ကျောက်စာ]] ပညာရှင်တို့က“မကုဋရာဇာ” ဟုလည်း ဆိုကြသည်။ အဓိပ္ပါယ်မှာ “မင်းများ၏ မကိုဋ်သရဖူ” ဖြစ်သည်။ မနူဟာကို “သူရိယကုမ္မာ မင်းသား” ဟူ၍လည်း ခေါ်ကြသည်။
 
 
မနူဟာမင်းကြီး၏ ဘွဲ့အမည် အပြည့်အစုံမှာ “သီရိ တြိဘဝနာ ဒိတျ ပဝရ သုဓမ္မရာဇာ ” ဖြစ်သည်။
မနုဟာမင်း ။ ။ မနုဟာမင်းသည် “သီရိတြိဘဝနာ ဒိတျာပဝရ
ဓမ္မရာဇာ”ဘွဲ့ခံ သထုံမင်းဖြစ်၏။ ဆင်ဖြူသုံးဆယ့် နှစ်စီးအရှင်
လည်းဖြစ်၏။ ဘုရားသခင်ရှိတော်မူစဉ်က သထုံပြည်ဝယ်
မင်းပြုသော သီဟရာဇာမင်းမှ ဆင်းသက် ဆက်နွယ်သူဖြစ်၍
လေးကျိပ်ရှစ်ဆက်မြောက်သော မင်းဖြစ်သည်ဟု ဆိုသည်။
သထုံမင်းတို့သည် ဘုန်းတန်းခိုး အာဏာနှင့် ပြည့်စုံ၍
ဘုရားရှင် သာသနာတော်ကို အစဉ်ဆောင်ရွက်တော်မူကြသည်။
 
မနုဟာမင်းသည် ပုဂံပြည့်ရှင် အနော်ရထာမင်းစောနှင့်
တစ်ခေတ်တည်း ပေါ်ပေါက်သည်။ အနော်ရထာ မင်းစောသည်
ရှင်အရဟံက ဘုရားရှင် သာသနာတော်သုံးပါးတွင် ပရိယတ္တိ
သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။
ပရိယတ္တိဟူသော ပိဋကတ်သုံးပုံသည် မရှိချေသေး။ ဘုရားရှင်
သရီရဓာတ်တော် မွေတော် ပိဋကတ်ကျမ်းဂန်ရှိသော ပြည်ရွာ
တိုင်းကားသို့လက်ဆောင် လက်နက်နှင့် တောင်းစေ၍
ရသည်ဖြစ်မှ သာသနာတော် အစဉ်ရှည်စွာ တည်ရာသည်။
 
သထုံပြည်၌ ပိဋကတ်သုံးပုံကို တစ်စုံခေါ်၍ အစုံ ၃ဝ ရှိသည်။
မွေတော် ဓာတ်တော်များရှိသည်ဟု မိန့်ကြားချက်အရ
လက်ဆောင်ပဏ္ဏာများစွာ စီရင်၍ လိမ္မာသော မတ်တစ်ယောက်
ကို သာယာချေငံသောစကားဖြင့် သထုံသို့စေ၍ တောင်းရလေ
၏။ သထုံမင်းသည် မကောင်းသော နှလုံးဖြင့် ကြီးစွာသော
ပဋိဃာတ်စိတ် ရှိသည်ဖြစ်၍ မချေမငံသော စကားဖြင့်
ဆိုလိုက်၏။ အနော်ရထာမင်းစောလည်း ထိုစကားကို ကြား
သော်မူသောအခါ ပြင်းစွာအမျက်တော်ဖြစ်၏။ ထို့ကြောင့်
နိုင်ငံတော်၌ရှိသော သူရဲသူခက် အပေါင်းတို့ကို စုရုံးတော်မူ၍
ရေကြောင်း၊ ကြည်းကြောင်းမှ အလုံးအရင်းဖြင့် သာသနာတော်
နှစ် ၁၆ဝ၁ ခု ကောဇာသက္ကရာဇ် ၄၁၉ ခုနှစ်တွင် ကို၏တိုင်
ချီတက် တိုက်ခိုက်၏။ ကြည်းကြောင်းတွင် ကျန်စစ်သား၊
ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စစ်သူကြီး ၄
ယောက်တို့ရှေ့ဖျားချီစေ၏။ အနော်ရထာမင်းစောသည် နောက်
တပ်မပြု၍ ချီတက်သည်။
 
သထုံမင်း မနုဟာလည်း အနော်ရထာမင်းစော
ဤသို့အလုံးအရင်းဖြင့် ချီတက်လပြီဟူ၍ ကြားလေသော်
အလွန်ကြောက်လန့်သဖြင့် မြို့တံခါးကို ပိတ်ပြီးလျှင် မြို့ကို
ခိုင်လုံအောင်လုပ်၍ ခံနှင့်၏။ အနော်ရထာမင်းစောသည်
ကာလရှည်ကြာစွာ ဝန်းရံလုပ်ကြံရသည်။ နောင်သော်
သူရဲကောင်း ကုလားခြေလျင် ဗျတ္တ အစီအရင်ဖြင့် သထုံ
ပြည်တွင်းသို့ရဲမက်တော်အပေါင်းတို့ဝင်နိုင်၍ မနုဟာမင်းနှင့်
တကွ သားမယား အမှူးအမတ်တို့ကို ဖမ်း၍ အနော်ရထာ
မင်းစောအား ဆက်လေ၏။ အနော်ရထာမင်းစောသည်လည်း
သထုံပြည်တွင် မင်းအဆက်ဆက်တို့ကိုးကွယ်သော မွေတော်
ဓာတ်တော်များ၊ အစုံ ၃ဝ သော ပိဋကတ်တို့ကို ၃၂ စီးသော
ထိုမင်း၏ ဆင်ဖြူများပေါ်တွင် တင်၍ ဆောင်ယူတော်မူ၏။
ထိုမှ တစ်ပါးလည်း ကျမ်းတတ် ရဟန်းသံဃာတော်၊
ပညာသည်များ၊ သူရဲ သူခက် အလုံးအရင်းတို့နှင့် တကွ
မင်းကိုပါ ဆောင်ယူတော်မူခဲ့သည်။
 
အနော်ရထာမင်းစောလည်း ပုဂါရာမခေါ် ပုဂံပြည်သို့
ရောက်လျှင် ဆောင်ယူတော် မူခဲ့သော သူရဲသူခက် အစရှိသော
ပညာသည် အပေါင်းတို့ကို အသီးအသီး အစုအကွက်ချ၍
နေစေ၏။ သရီရ ဓာတ်တော် အပေါင်းတို့ကိုလည်းကောင်းစွာ
ဌာပနာ၍ ခေါင်းရင်းတော်၌ အမြဲထား၍ ကိုးကွယ်တော်မူ၏။
ပိဋကတ်တော်အစုံ ၃ဝ ကိုလည်း ရတနာအတိပြီးသော
ပြသာဒ်၌ထား၍ အရိယာ သံဃာတော်အား သင်ကြားပို့ချရ
သည်။ မနုဟာမင်းကိုလည်း မြင်းကပါ အရပ်၌အလုပ်အကျွေး
နှင့်တကွ နေစေ၏။
 
မနုဟာမင်း၏ အာနုဘော်သည်ကား စကားပြောသော်
ခံတွင်းမှ စက်ပြောင်ပြောင် ထွက်သောဟူ၏။ အနော်ရထာမင်း
စောလည်း မနုဟာမင်း အဖူးအမြင်လာ၍ ဦးချသောအခါ
ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ် လန့်လန့်ရှိတော်မူချေ၏။
ရှည်လတ်သော် မနုဟာမင်း ဘုန်းတန်းခိုးအာနုဘော်ကို ညံ့စေ
ခြင်းငှာ မနောလင်ပန်းနှင့် စားတော်ပြန်ပြီးသော် ဘုရားမှာ
တင်စေ၍ ထိုစားတော်ဖြင့်မပြတ် မင်းကို ကျွေးတော်မူ၏။
မနုဟာမင်းလည်း မစုံမစမ်းမဆင်မခြင် စားတော်ခေါ်လေ၏။
 
ရှည်လတ်သော် မိမိခံတွင်းမှထွက်သော စက်ရောင်သည် ကွယ်
ခဲ့၏။ ထိုစက်ရောင်ကွယ်ရာတွင်မှ ငါကြံငြားသော်လည်း
မဖြစ်နိုင်ရာဟူ၍ နှလုံးချသောဟူ၏။ ယင်းသို့မှ သံဝေဂ ရရှိ၍
သံသရာဝယ် ကျင်လည်သရွေ့သူနိုင်သည်ကို မဖြစ်လိုဟူ၍
ကြီးစွာသော ဘုရားထက်ဝယ် တစ်ဆူ၊ ပရိနိဗ္ဗာန် ပြုတော်
မူဟန် ပေါင်းလည်းတစ်ဆူ တည်တော်မူ၏။ ထိုဘုရားကို
ယခုတိုင်အောင် မနုသာဟူ၍ တွင်၏။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
 
 
== သုဝဏ္ဏဘူမိ (သထုံ) ==
သုဝဏ္ဏဘူမိ၏ အဓိပ္ပါယ်မှာ “ရွှေမြေ” ဖြစ်သည်။ ထို့နောက် သုဓမ္မကို ဗမာလို (သုဓုံ) အနက်ရ၍ (သုထုံ) ထို့မှတဆင့် ([[သထုံ]]) ဖြစ်လာသည်ဟု ဆိုကြသည်။ ပထမသုဝဏ္ဏဘူမိသည် ယက္ကန်းသည်မ ဝင်က တဝိုက်တွင် တည်ရှိခဲ့သည်။ သုဝဏ္ဏ မြို့တော် အနေအထားမှာ တောင်ပေါ် တဝက်၊တောင်အောက် မြေပြန့်တဝက် တည်ရှိခဲ့သည်။ (စူဠ) သီရိမာသောကမင်း လက်ထက်တွင် မြို့အရှေ့မြောက်ဘက်ရှိ တောင်ထိပ်၌ ရဟန္တာအရှင်တို့ အစီအရင်ဖြင့် [[မနုသီဟ]] ကျောက်ရုပ်တုကြီး တစ်ခုကို ထုလုပ် ထားရှိခဲ့သည်။
* ဇောဝဒေဝ
 
==ကိုးကား==
<references/>
{{ပုဂံခေတ်}}
 
၂၆၄၄၀

တည်းဖြတ်မှုများ