သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
==မဟာသီလဝံသ၊ ရှင် (မြန်မာ ၈၁၅ ခုဖွား)==
သဒ္ဒါမှာ
ရှင်ကစ္စည်း၊ ကဗျာမှာ၊ ရှင်မဟာသီလဝံသတည်း ဟူ၍
လည်းကောင်း၊ ပါရမီ မသီနှင့် ဟူ၍လည်းကောင်း၊
တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင်
သီလဝင် ဟူ၍လည်းကောင်း ဆိုထုံးစကားဖြင့် ဥဒါန်း
တွင်ရစ်စေသူမှာ ရှင်မဟာသီလဝံသ ပင်ဖြစ်သည်။
 
ဤသို့ဖြင့် ယခုတိုင် နာမည်ထင်ရှားလျက်ရှိသော
ရှင်မဟာသီလဝံသသည်ကား မြန်မာ့စာပေသမိုင်းအရ အင်းဝ
ခေတ်ဦးတွင် ထွန်းပေါ်သော ရဟန်းစာဆို တစ်ပါးဖြစ်၏။
စာပေသမိုင်းတွင် ထင်ရှားသော ပေလေးပင် ရှင်လေးပါးနက်
တစ်ပါးအပါအဝင် ဖြစ်သည်။ ဂုဏ်ရသ အဝဝနှင့် ပြည့်စုံသော
ပျို့၊ မော်ကွန်း၊ လင်္ကာ၊ ရတု၊ ဆုံးမစာ၊ ကျောက်စာ၊ ရာဇဝင်၊
ကျမ်းဂန်၊ ဝတ္ထုအစုစုကို ရေးသားပြုစုခြင်းအားဖြင့် အင်းဝခေတ်
မှသည် ယခု ခေတ်တိုင်အောင် စာပေတန်ဆောင်ကို
တစ်ပြောင်ပြောင် ထိန်ညေီးစခဲ့ပေသည်။ ကဗျာအရာ၌
နှောင်းလူတို့သည် ရှင်မဟာသီလဝံသကို လိုက်၍မမီဘဲ
နည်းခိုး၍သာ အတုယူကြရသည်။ ရှင်မဟာသီလဝံသ၏
ပါရမီတော်ခန်းပျို့သည် ခက်ခဲနက်နဲလွန်းသဖြင့် ပါရမီတော်
ခန်းပျို့ကို လူသာမန်တို့ မသီကြလေနှင့်ဟု သတိပေးခဲ့ခြင်း
ဖြစ်သည်။ ရှင်မဟာသီလဝံသသည် လောကရေး၊ ဓမ္မရေး၊
ရာဇရေးတည်းဟူသော အရေး ၃ ပါးတွင် လောကကို
မဖက်ဘဲ အထူးသဖြင့် ဓမ္မကို အရေးထားခြင်းဖြင့်
လောကုတ္တရာကိုသာ ဦးစားပေး၍ စာပေကို ဖွဲ့သော ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်ပင် ဖြစ်ပေသည်။ တရားအဆီအနှစ်တို့မှ ထုတ်နုတ်
သီဖွဲ့ထားသည့် ပါရမီတော်ခန်းပျို့နှင့် ဆုတောင်းခန်းပျို့တို့သည်
ရှင်မဟာသီလဝံသ၏ ကောင်းမွန်လှစွာသော စာပေများဖြစ်၏။
 
ပျို့တံခွန်စိုက်သော အင်းဝစာပေခေတ်တွင် ထင်ရှားသောပျို့ကြီးများ
ဖြစ်ကြ၏။ ကဗျာ့ဝိဓူ ပါရဂူ စာဆိုအကျော်အမော်ဖြစ်သော
ရှင်မဟာသီလဝံသသည် အင်းဝခေတ်ပေါ် စာဆိုကျော် တစ်ဦး
ဖြစ်သော်လည်း ဇာတိအားဖြင့် တောင်တွင်းကြီးသား ဖြစ်၏။
တောင်တွင်းကြီးမြို့မြောက်မျက်နှာ မြိို့လုလင် ရွာ၌ အဘ
ဦးကြည်၊ အမိ နတ်ထိန်းကြီး မယ်ဒွေးတို့မှ သက္ကရာဇ် ၈၁၅
ခုနှစ်တွင် ဖွားမြင်သည်။ ပေလေးပင် ရှင်လေးပါး သိုက်ဝင်
တစ်ဦး ဖြစ်သည်နှင့်အညီ အတိတ်နိမိတ်ဖြင့် ဖွားမြင်လာသူ
ဖြစ်သည်။ ငယ်မည်မှာ မောင်ညိုဖြစ်၏။
 
စာသင်ရွယ်သို့ရောက်သော် မောင်ညိုအား ကျောင်းသို့
ပို့ကြ၏။ မောင်ညို၏ ငယ်ဆရာကား တောင်တွင်းကြီးမြို့
မြောက်ယွန်းယွန်း ငှက်ပစ်တောင် အရှေ့၊ ထူပါရုံကျောင်းတိုက်
နှင့်တကွ မြို့တော်မှ ရတနာဗိမာန်ကျောင်းကြီး နှစ်ကျောင်းတွင်
အလှည့်အလည် သီတင်းသုံးသော နတ်မီးဆရာတော်၊ သို့
မဟုတ် နတ်မီးလင်း ဆရာတော် ရှင်သီလာစာရဘိဓဇ
ဖြစ်သည်။ ယင်းဆရာတော်အား ငှက်ပစ်တောင် ဆရာတော်
ဟူ၍ လည်းကောင်း၊ ထူပါရုံဆရာတော်ဟူ၍လည်းကောင်း
ခေါ်ဆိုကြသေး၏။ ထိုနတ်မီးလင်း ဆရာတော်ထံတွင်
ရှင်မဟာသီလဝံသအလောင်း မောင်ညိုသည် တစ်ရွာတည်း
သားဖြစ်သော ရှင်ဥတ္တမကျော် အလောင်း မောင်ဥက္ကာ၊
သတိုးထမ်းရွာသား ရှင်အုံးညို အလောင်း၊ မကျည်းယောင်
ရွာသား ရှင်ခေမာအလောင်း ကျောင်းသားသူငယ်ဖော်
များနှင့်အတူ တစ်ဆရာတည်း တပည့်များအဖြစ် စာပေ
သင်အံ့ခဲ့လေသည်။
 
မောင်ညိုသည် ကျောင်းသားအရွယ် ငယ်စဉ်အခါ
ကတည်းကပင် ဥာဏ်ရွှင်သည့် အလျောက် ကဗျာ လင်္ကာ
များကို စပ်ဆိုခဲ့၏။ ထို့နောက် လူလားမြောက်သော် ထို
ကျောင်း၌ပင် သာမဏေပြု၊ ပဉ္စင်းတက်လေသည်။ ထိုအခါ
ရှင်မဟာသီလဝံသသည် ပါဠိကျမ်းဂန် ပိဋကတ်တို့၌ အထူး
နှံ့စပ်ခဲ့ပြီဖြစ်သည်။ မွေးဖွားစဉ်ကတည်းက စာဆိုဗီဇ ပါရှိခဲ့သူ
ဖြစ်သည့်အလျောက် ရှင်မဟာသီလဝံဝသည် သက္ကရာဇ် ၈၅၃
ခု သက်တော် ၃၈ နှစ်တွင် နတ်မီးလင်းဆရာတော် ဘုရား၏
ကျောင်း၌ပင် ပါရမီတော်ခန်းပျို့ကဗျာကြီးကို အပြီးစပ်ဆို
သီကုံးခဲ့ပေသည်။
 
ပါရမီတော်ခန်းပျို့ကဗျာကြီးသည် ပျို့မည်ကာမတ္တ
မဟုတ်ချေ။ တရားသဘော အဆီအနှစ်တို့ဖြင့် သိမ်မွေ့
နက်နဲခက်ခဲလှသဖြင့် သာမန်ဥာဏ်ရှင်တို့အဖို့ လက်လှမ်းမမီ
နိုင်ချေ။ ထို့ကြောင့်လည်း ပါရမီ မသီနှင့်ဟူ၍ပင် စကားပုံ
ပေါ်ထွန်းခဲ့ရ၏။ ထိုပျို့တွင် ဂေါတမဘုရားလောင်း သုမေဓာ
ရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားထံတွင် ဘုရားဆုကို ပန်ယူ
ပြီးသော် ဆည်းပူးရမည့် ပါရမီတော် ဆယ်ပါးအကြောင်းကို
စာဆိုရှင်မဟသီလဝံသက ဒါန၊ သီလ၊ နိက္ခမ၊ ပညာစသော
အခန်းကြီးပေါင်း ဆယ်ခန်းဖွဲ့၍ ခန့်ညားစွာ ပြုစုစီကုံးခဲ့
ပေသည်။ စာဆိုရှင် မဟာသီ ဝလံသသည် ဒါနပါရမီခန်း၌
ရေပြည့်အိုးနှင့် လည်းကောင်း၊ သီလပါရမီခန်း၌ စာမရီ
သားမြီးနှင့် လည်းကောင်း၊ နိက္ခမပါရမီခန်း၌ နှောင်အိမ်တွင်း
ကြာမြင့်စွာ နေရသော ယောကျာ်းနှင့် လည်းကောင်း၊ ပညာ
ပါရမီခန်း၌ ဆွမ်းခံ သွားသော ရဟန်းနှင့်လည်းကောင်း၊
ဝီရိယပါရမီခန်း၌ ခြင်္သေ့မင်းနှင့် လည်းကောင်း၊ ခန္တီပါရမီခန်း၌
မြေကြီးနှင့် လည်းကောင်း၊ သစ္စာပါရမီခန်း၌ သောက်ရှူးကြယ်
နှင့် လည်းကောင်း၊ မေတ္တာပါရမီခန်း၌ ရေနှင့် လည်းကောင်း၊
ဥပေက္ခာပါရမီခန်း၌ မြေကြီးနှင့် လည်းကောင်း အသီးအသီး
နှိုင်းခိုင်းနှုန်းဖွဲ့၍ ပါရမီဆယ်ခန်းကို ပြုစုစပ်ဆိုခဲ့ ပေသည်။
 
ထို့နောက် ရှင်မဟာသီလဝံသသည် မိမိ၏
ဆရာတော်ထံတွင် ခွင့်ပန်၍ ကျမ်းတတ်အမော် ပုဂ္ဂိုလ်ကျော်
များရှိရာ ရတနာပူရ အင်းဝနေပြည်တော်သို့ကြွရောက်သည်။
နေပြည်တော်သို့ရှင်မဟာဝီလဝံသ ရောက်သော် အင်းဝပြည်သို့
ဆင်ဖြူတော်ဝင်သည်ဟု ကောလာဟလ ဖြစ်သောဟူ၏။
ထိုအခါဝယ် ရတနာပူရ အင်းဝနေပြည်တော်၌
မင်းချီးမြေ|ာက် ကြည်ညိုအပ်သော ကျမ်းတတ်အမော်
စာဆိုကျော် ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် ရှိနှင့်၏။
 
 
သို့သော် တောတွင်းရွှေပြည်မှ
အင်းဝနေပြည်တော်သို့ရောက်လျှင်ပင် အင်းဝဘုရင်မင်းခေါင်
ထံသို့မေတ္တာစာများ သွင်းရာ ဘုရင်မင်းမြတ်လည်း ကြည်ညို
တော်မူလှသဖြင့် ရှင်မဟာသီလဝံသအား ရတနာဗိမာန်
ကျောင်းကို ဆောက်လုပ် လှူဒါန်းတော်မူ၍ နေပြည်တော်ဆရာ
ရှင်မဟာရဋ္ဌသာရကဲ့သို့မြေ|ာက်စားတော်မူသည်။ သီလဝံသဓဇ
မဟာရာဇဂုရု ဟူသော ဘွဲ့တံဆိပ်ကိုလည်း ဆက်ကပ်လှူဒါန်း
တော်မူသည်။ မကြာမကြာလည်း နန်းတွင်း၌ ထိုဆရာတော်
နှစ်ပါးအား ပင့်ဖိတ်၍ အပြိုင်စာဆိုတော် မူစေသည်။ ဆရာ
တော်နှစ်ပါး အပြိုင်စာဆိုကြပုံမှာ စိတ်ဝင်စားဖွယ်ကောင်း၏။
ထို့ပြင် ဤသို့အပြိုင်စာဆိုကြသဖြင့် စာပေလင်္ကာကောင်းများ
ပေါ်ပေါက်လာသည်မှာလည်း နောက်လာ နောက်သားတို့
အတွက် အလွန်ကျေးဇူးများဖွယ် ဖြစ်၏။
 
ပါရမီတော်ခန်းပျို့အပြင် စာဆိုအကျော် ရှင်မဟာ
သီလဝံသ ဆရာတော်သည် အင်းဝနေပြည်တော်သို့ရောက်မှ
ဆုတောင်းခန်းပျို့ကိုလည်း ရေးသားပြုစုခဲ့သေး၏။ ဆုတောင်း
ခန်းပျို့ကို ရေးသားရခြင်းမှာ ဤသို့သော အကြောင်းကြောင့်
ဖြစ်၏။ ရွှေနန်းတော်တွင်းဝယ် ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာ
ရဋ္ဌသာရ ပုဂ္ဂိုလ် စီရင်အပ်သော ဘူရိဒတ် လင်္ကာကြီး၊
ဘူရိဒတ် ဇာတ်ပေါင်းပျို့များကို ယှဉ်ပြိုင်ကြားနာ၍ စာသဘင်
ကြီး ကျင်းပပြီးသည့် အဆုံးတွင် ဒုတိယမင်းခေါင်က နေပြည်
တော်ဆရာ ရှင်မဟာရဋ္ဌသာရအား ပါရမီတော်ခန်းပျို့ကို
ကောင်းလှကြောင်းနှင့် လျှောက်ထားရာတွင် ရှင်မဟာရဋ္ဌ
သာရက ပါရမီတော်ကို မည်သို့ပင် ဖြည့်ဆည်းသော်လည်း
ဆုတောင်းဦးမှ ဘုရားဖြစ်နိုင်သည် တကာတော်မင်းမြတ်ဟူ၍
မိန့်မြွက်တော်မူ သွားသည်ကို ရှင်မဟာ သီလဝံသ ပုဂ္ဂိုလ်
ကြားသိရကား မိမိနေထိုင်ရာ ကျောင်းတော်သို့ ပြန်ကြွတော် မူပြီးလျှင်
ဆုတောင်းခန်းပျို့ကို ၃ ရက်နှင့်အပြိး ရေးသားတော်
မူလေသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက် ဒီပင်္ကရာ
ဘုရားရှင်သည် ရမ္မာဝတီပြည်သို့ကြွအလာ လမ်းခရီးကို
တိုင်းသူပြည်သားတို့တာငန်းဖွဲ့ပြုပြင်ကြရာဝယ် သုမေဓာ
ရှင်ရသေ့လည်း တစ်ပါး အပါအဝင် ဖြစ်၏။ လမ်းပြင်ဆဲ
မပြီးစီးမီပင် ဘုရားသခင် ကြွလာတော်မူသဖြင့် သုမေဓာ
ရှင်ရသေ့သည် မိမိကိုယ်ကို အလျားစင်း၍ တံတားခင်း
ပူဇော်ပြီးလျှင် ဘုရားဆုကို တောင်းလေသည်။ ယင်းသို့
ဆုတောင်းသော အကြောင်းနှင့်တကွ သုမေဓာရှင်ရသေ့ဘဝသို့
မရောက်မီ သုမေဓာပုဏ္ဏား သူဌေးကြီးဘဝ၊ လောကီစည်းစိမ်
ရိပ်ငြိမ်၏ ဒုက္ခဆင်းရဲ နက်နဲသော အပြစ်များကို မြင်လျက်
ခြွေရံခမ်းနားဥစ္စာများကို အလုံးစုံစွန့်လွှတ် တောထွက်ခဲ့ပုံ
အကြောင်းကို ဆုတောင်းခန်းပျို့တွင် လေးနက်ထင်ရှားစွာ
ပြုစုဖော်ပြခဲ့လေသည်။ ထိုပျို့သည် အကျယ်ကို အကျဉ်း
ဖြစ်အောင် ဖွဲ့ဆိုနိုင်သောကြောင့် သြဇာဂုဏ်နှင့် ပြည့်စုံလှ၏။
 
အထူးသဖြင့် ဓမ္မကြောင်းကို နိုင်နင်းစွာ ဖွဲ့ဆိုထားလေသည်။
ဆရာတော်၏ အတွေးအခေါ်သည်လည်း နက်နဲသည်။ သို့နက်နဲ
ခက်ခဲသော်လည်း ရေးသား ဟန်မှာ ရှင်းလင်းပြတ်သားလှ၏။
ကိလေသာတည်းဟူသော မစင်ဘင်ပုပ် အလူးလူးလိမ်းကပ်သည့်
ယောကျာ်း သည် ရေဖြင့်ပြည့်သော အမြိုက်နိဗ္ဗာန် တည်းဟူ
သော တစ်ဖက်ဆည်ကန်ကြီး ရှိပါလျှက် ထိုတစ်ဖက်
ဆည်ကန်သို့မစင်ဆေးကြောရန် မမီးမကပ်၊ ထိုသို့
မမီးမကပ်သော အပြစ်သည် တစ်ဖက်ဆည်ကန်၏
အပြစ်မဟုတ်၊ လူ၏ အပြစ်သာလျှင် ဖြစ်ကြောင်းကို
နေက္ခမ္မပရိယေသနစိန္တာခန်း၌ ---
ပြောထုနံဟောင်၊ ဘင်လယ်ခေါင်၌၊ ဥသျှောင်
လည်ရစ်၊ ရင်ရှည့်နစ်သား၊ သူညစ်စတေ၊ ယောကျာ်း
လေသည်၊ ရေတိဖြင်ဖြင်၊ ကန်ကြီးမြင်လျက်၊ ခံမင်ရက်ရက်၊
ချွံချွံသက်၍၊ တီတွက်မဆေး၊ ဖြည်းစွာနှေးအံ့၊ အတွေးနှစ်ပါး၊
ယောကျာ်းနှင့်ကန်၊ ဤဆိုဟန်၌၊ ချမ်းမြိုက်အိုင်မင်း၊ အပြစ်
ကင်း၏၊ ရှင်းရှင်းချိုးတွန်း၊ စွန်းစွန်း ဖွားဖွား၊ မဆေးငြားသည်၊
ယောကျာ်းသူနုပ်၊ ထိုကျွနု်ပ်ပုပ်၌၊ ရှုပ်မျှအပြစ်၊ တင်ရာဖြစ်၏။
ဟူ၍ ဖွဲ့ဆိုတော် မူလေသည်။
 
ထို့ကြောင့် ဆရာတော်အား လောကီရေး ဓမ္မကြောင်း
သက်သက်ကိုသာ ရိုးရိုးခန့်ခန့်နှင့် ပိုင်နိုင်နက်နဲစွာ ရေးစွမ်းသာ
စာဆိုဟု အများက ယူဆခဲ့ကြပေသည်။ သို့သော် ယင်းသို့
ယူဆထားခဲ့ကြကုန်သော သူများသည် ဆရာတော်ပင် ရေးသား
ပြုစုခဲ့သော သံဝေဂခန်းပျို့၏ တစ်နေရာကို ရှုကြည့်လျှင် ဆရာ
တော်အား ခေတ်ပြင်စာဆို တော်လှန်ရေး ပုဂ္ဂိုလ်အဖြစ် မြင်
တွေ့ရပေလိမ့်မည်။ ဆရာတော် တော်လှန်ခဲ့သည့် အရာမှာကား
ပုဂံခေတ်မှ အင်းဝ ခေတ်တိုင်အောင် လူတို့၏ အသွေးအသား
ထဲတွင် နစ်နစ်ကြီး အမြစ်တွယ် စွဲဝင်လျှက်ရှိသော နတ်မိစ္ဆာ
အယူဝါဒ ကိုးကွယ်မှု ဖြစ်၏။ အင်းဝခေတ်တွင် လူတို့သည်
နတ်ကို အလွန်ယုံကြည် ကိုးစားကြဟန် တူသည်။ ဘုရား၊
တရား၊ သံဃာ၊ ဆရာ မိဘထက်ပင် နတ်ကိုယုံကြည်မှု၊
ကိုးကွယ်မှု၊ လေးစားမှု ပိုမိုခဲ့ကြဟန် တူသည်။ ဆရာတော်
ရှင်မဟာသီလဝံသ၏ အမျိုးအနွယ် တော်ပင်လျှင် နတ်ထိန်း
ကြီးမျိုးဟူ၍ အမှတ်အသား ပြုခြင်းခံခဲ့ရ ၏။ ထို့ကြောင့်
ဤသို့မဟုတ်မရာသော မိစ္ဆာဒိဋ္ဌိ အယူအဆ အစွဲအလမ်းတို့ကို
တော်လှန်လိုသော၊ တော်လှန် စေလိုသော စာဆိုကြီး
ရှင်မဟာသီလဝံသသည် သံဝေဂခန်းပျို့၌ အောက်ပါအတိုင်း
ဖွဲ့ဆိုရေးစပ်တော်မူခဲ့လေသည်။
 
ကာလရှည်လျား၊ လူ့ငနွားတို့၊ ကြီးမားယုတ်မာ၊
နတ်မိစ္ဆာကို၊ ဘိုးလာဘွားဘက်၊ မြေးသားဆက်၍၊ မပျက်
ခုတိုင်၊ နတ်ခရိုင်နှင့်၊ ပန်းခိုင်ရေအိုး၊ ဆယ်စုံဖြိုး၍၊ မြတ်နိုး
နှစ်သက်၊ အနက်အနီ၊ အတီခေါင်းပေါင်း၊ တင်အုပ်ဆာင်းနှင့်၊
အပေါင်းစုဝေး၊ အမွှေးအကြိုင်၊ မုံ့စိုင်မုံ့ခဲ၊ ကြက်ဝက်လဲ၍၊
ပုံနှဲခရာ၊ တီးမှုတ်ကာနှင့် ချမ်းသာ ဆင်းရဲ၊ ပေးစမြဲဟု၊
စိတ်ထဲထင်မှတ်၊ ငနတ်တို့ကို မပြတ်ကိုးကွယ်၊ အန္တရာယ်
လည်း၊ ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျှင်း၏၊ ဆောင်နှင်းမင်္ဂလာ၊
လှူဒါပုည၊ ပြုကာလလည်း၊ မိဖရှေ့မှတ်၊ ငါတို့နတ်ကို၊
ပေးအပ်အပ်လျှင်၊ ပွဲလမ်းပြင်၍၊ အရှင်မှတ်မှတ်၊ ကိုယ်ဝယ်ကြပ်
လျက်၊ မပြတ်ထင်ရှား၊ မမေ့မှားဟု၊ ဆုများရွယ်ရွယ် ရှက်
စဖွယ်နှင့် ဘယ်ဝယ်တစ်ခါ၊ ကိုယ်တိုင်လာ၍၊ ဥစ္စာထင်ရှား
ဘယ်သူအားတို နတ်များပို့လှာ၊ ရှိဘူးပါအံ့၊ မိစ္ဆာစွဲမှတ်၊
ဘယ်အရပ်မှာ၊ နတ်တို့နေရာ၊ အိမ်ခန်းဝါနှင့်၊ သာယာ
ခမ်းနား၊ နတ်မယားနှင့် နတ်သားနတ်လင်၊ ကြည့်မမြင်တည့်။
 
ငြိုငြင်စိတ်စွဲ၊ အံသွားခဲ၍၊ ည|ဉ်းဆဲနှိပ်စက်၊ နတ်တို့လက်နှင့်၊
ထုတ်လျက်ဆွဲငင်၊ ပြုကြအင်ကို၊ မမြင်ဘူး ပါ၊ သည်အရာကို၊
နတ်တွင် အကြီး၊ ငါ့သမီးကို၊ ဖမ်းဆီးတတ်ငြား၊ ငါ့မယားကို၊
ဖမ်းစားတတ်ချေ၊ ချမ်းသာ စေဟု၊ ကခြေပွဲလမ်း၊ အခမ်းအနား၊
နတ်ထိန်းများနှင့် သောက်စားဟစ်အော်၊ တကျော်ကျော်နှင့်
မောင်တော်ရှင် ချစ်၊ နတ်သံပစ်၍၊ မူးယစ်မှိုင်ဝေ၊ အထွေထွေ
လျှင်၊ လူ့မြေရပ်ရွာ၊ နတ်မိစ္ဆာကို ကယ်သာထင်မှတ်၊ သဘော
ကပ်၍၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ကံသာအရင်း၊ ပြုဖန်
ဆင်းဟု၊ ယူလျှင်းအပ်စွာ ယခုမှာကား၊ ချမ်းသာဆင်းရဲ၊
နတ်ခပဲသည်၊ ပေးမြဲတို့မှာ၊ ထင်မှတ်ရာသည်၊ မိစ္ဆာယူမိ
ယူမှားတည်း။ ။
 
ပုဂ္ဂိုလ်အကျော် ဆရာတော် ရှင်မဟာ သီလဝံသ
သည် ဖော်ပြခဲ့သော ပါရမီတော်ခန်းပျို့၊ ဆုတောင်းခန်း ပျို့၊
သံဝဂခန်းပျို့တို့အပြင် လူအများ အသိခက်ခဲသော ပျို့
တစ်စောင်ကိုလည်း ဥာဏ်ကစားရန် ရည်သန်၍ ရေးသား
ခဲ့သေးသည်။ ထိုပျို့ကား ဇာတိတောင်တွင်းကြီးမြို့မှ အင်းဝ
နေပြည်သို့လာရာလမ်း၌ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို
စကားထာ ပဟေိ သဘာဖြင့် ကွယ်ဝှက်၍ ရေးသားခဲ့သော
တောင်တွင်းလာပျို့ဖြစ်သည်။ ထိုပျို့တွင် ဆရာတော် ရှင်
မဟာသီလဝံသသည် မိမိ၏ အဖြစ်သနစ်အစုံကို ထည့်သွင်း
ရေးစပ်ထားရာ ထိုပျို့ကို ကျနသေချာစွာ နက်အဓိပ္ပာယ်
ပြန်ဆိုနိုင်ပါက ဆရာတော်၏ အကြောင်းစုံကို ယခုထက်ပို၍
သိကြရပေမည်။ ယင်းတောင်တွင်းလာပျို့ကို ၁ဝ၉၇ ခုနှစ်တွင်
ဆားလင်းဆရာတော်က ရှင်မဟာသီလဝံသ၏ ဆိုလိုချက်
သဘောအာဂုံကို ဥာဏ်မီနိုင်သမျှ ဖွင့်လှစ်ဖြေဆိုထားသေး၏။
 
သို့သော် ထိုထက် ကျယ်ဝန်းစွာ ဖြေဆိုနိုင်ပါက ရှင်မဟာ
သီလဝံသ ပုဂ္ဂိုလ်ကျော်၏ အဖြစ်သနစ်ကို ယခုထက်
ပိုမိုစုံလင်စွာ သိနိုင်မည် ဖြစ်ပေသည်။
ပျို့များအပြင် ရှင်မဟာသီလဝံသသည် မော်ကွန်းများ
ကိုလည်း ရေးသားသေးသည်။ ရှင်မဟာသီလဝံသသည်
သက္ကရာဇ် ၈၅၈ ခုနှစ် ဒုတိယမင်းခေါင် လက်ထက်တွင်
တံတားဦးတည် မော်ကွန်းကို ဖွဲ့ဆိုသည်။ တံတားဦးရပ်တွင်
ဒုတိယမင်းခေါင် တည်ထားကိုးကွယ်တော်မူသော မင်္ဂလာ
စေတီတော်ကို ဖွဲ့ဆိုခြင်းဖြစ်သည်။ သို့သော် ၁၂ ပိုဒ်မျှ
ပြီးစီးသည့်ကာလ ထိုတံတားဦးတည် မော်ကွန်းကို ရှင်မဟာ
ရဋ္ဌသာရ ရေးသားစီရင် ပြီးစီး ကြောင်း သိသောအခါ
ဆက်လက်မရေးသားတော့ဘဲ ရေးပြီး ၁၂ ပိုဒ်ကို ချေဖျက်
စေသည်တွင် တပည့်ရဟန်းများ က ကူးယူသိမ်းဆည်းထား
ကြလေသည်။ ယင်းမော်ကွန်းတွင် ရှင်မဟာသီလဝံသသည်
ဒုတိယ မင်းခေါင်းအား ဗုဒ္ဓအလောင်းအလျာသဖွယ်ထား၍
သတ္တဝါတို့ကို ကယ်မတော်မူနိုင်သည့် ဘုရားစင်စစ်ဖြစ်မည့်
အကြောင်းကို ခမ်းနားနက်နဲသော စကား ဥပမာ ဥပစာတို့ဖြင့်
တန်ဆာဆင်ကာ ရေးသားဖွဲ့ဆိုထားလေသည်။ ဘုရားအဖြစ်ကို
ရရှိဖို့ရာ ပါရမီတော်ကို ဖြည့်ကျင့်ရန် ကြံတော်မူမည့်အကြောင်း
နှင့် ဆုတောင်းတော်မူသော အကြောင်းအရာများကို ကဗျာ့
ကဝိကြီး ပီသစွာ ဥပစာတင်စား၍ သုံးပုံမှာလည်း လွန်စွာ
ကောင်းမွန်လှသည် ဖြစ်ရကား ရှင်မဟာ သီလဝံသ၏
ကဗျာ့အာဘော်ကို မီအောင်ပင် နောက်ဆရာများ မလိုက်နိုင်ကြ
ပေ။ ဤမော်ကွန်းအပြင် အခြား မော်ကွန်းတို့ကား မိတ္ထီလာ
(သျှိသျှား) ကန်တော်ဘွဲ့မော်ကွန်း၊ ရွှေနန်းတည် မော်ကွန်း
တို့ဖြစ်၏။
 
ရှင်မဟာသီလဝံသသည် စကားပြေ ကျမ်းများကိုလည်း
ရေးသားသည်။ ရွှေနန်းကြော့ရှင် လက်ထက် သက္ကရာဇ် ၈၆၃
ခုနှစ်တွင် စီရင်ရေးသားသော ပါရာယနဝတ္ထုသည် ထင်ရှားတွေ့
သမျှသော စကားပြေ ဝတ္ထုများတွင် အဟောင်းဆုံး ဝတ္ထု
ဖြစ်၏။ ပါဠိဘာသာစကားများကို နည်းပါးနိုင်သလောက်
နည်းပါး၍ ဘုရားဟော ဓမ္မက္ခန္ဓာ အပေါင်းတို့မှ ကောင်းနိုး
ရာရာတို့ကို ထုတ်နုတ်စိစစ်၍ မြန်မာ စကားပြေဖြင့် ဖွဲ့ထား
သော ကျမ်းဖြစ်၏။
 
သက္ကရာဇ် ၈၆၄ ခုနှစ်တွင် ရှင်မဟာ သီလဝံသ
ရေးသားပြုစုခဲ့သော ရာဇဝင်ကျော်မှာ ထင်ရှားတွေ့ရှိ သမျှသော
ရာဇဝင်ကျမ်းများတွင် အဟောင်းဆုံးဖြစ်သည်။ ရာဇဝင်ကျော်
ဟူသော အမည်မှာ ရှင်မဟာသီလဝံသ မှည့်ခဲ့ရင်း မည်မဟုတ်၊
နောက်မှခေါ်ကြသော အမည်ဖြစ်၏။ ရှင်မဟာသီလဝံသ
ကမူကား မဟာသမ္မတဝံသ ကျမ်းဟူ၍သာ မှည့်ခဲ့၏။
ရှင်မဟာသီလဝံသသည် သက္ကရာဇ် ၈၈၂ ခုနှစ်ကျော်
ကျော်တွင် အင်းဝနေပြည်တော် ရတနာဗိမာန်ကျောင်း
တော်ကြီး၌ပင် ပျံလွန်တော်မူသည်ဟု ခန့်မှန်းရသည်။
ရှင်မဟာသီလဝံသ၏ စာတော်စာရင်းမှာ ပါရမီတော်
ခန်းပျို့၊ တောင်တွင်းလာပျို့၊ ဆုတောင်းခန်းပျို့၊ သံဝေဂခန်းပျို့၊
ဓမ္မပါလပျို့(ရေးဆဲပျံလွန်တော် မူသောကြောင့် တပည့်ပုဂံ
ဆရာတော်က ဆက်ရေးရာ ၉၁၁ ခုနှစ်၌ ပြီး၏)၊ ကမ္ဘာ
လောင်ပျို့(စာမူမတွေ့ရ၊ တိမ်မြုပ်နေသည်)၊ ဗုဒ္ဓုပ္ပတ္တိပျို့
(ပါရမီတော်ခန်းပျို့ကိုပင် ဆိုလိုသည်ဟု အချို့မှတ်သားကြ
သည်)၊ တံတားဦးသည် မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊
ရွှေနန်းကြော့ရှင်း နန်းဖွဲ့မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့
မော်ကွန်း (သျှိသျှားကန်ဘွဲ့ မော်ကွန်းဟုလည်း ခေါ်၏။)
ဆုံးမစာ လင်္ကာများ၊ ဧကပိုဒ်၊ အဖြည့်ခံ၊ ပိုဒ်စုံရတုများ၊
ရာဇဝင်ကျော်၊ ပါရာယနဝတ္ထု၊ မဟာရဟနီတိ၊ နေတ္တိပါ
ဠိတော် နိသျဟောင်း၊ ဆုံးမစကားပုံ အစရှိသော ကျမ်း
များနှင့် ရတနာဗိမာန်ကျောင်းတော် ကျောက်စာတို့ဖြစ်၏။
ထိုကျောက်စာမှာ တစ်ကြောင်းလျှင် စာလုံးရေ ၈ဝ ခန့်၊
တစ်ဖက်တွင် ကြောင်းရေ ၅၄၊ တစ်ဖက်တွင် ၃၅ ခန့်ရှိ၏။
 
 
==သျှင်မဟာသီလဝံသ (၈၁၅-၈၈၀)==
အချာပဝရ-ချီ တောင်တွင်းကြီးဖွဲ့ ရတုရေးသူ သျှင်မဟာသီလဝံသမှာ [[တောင်တွင်းကြီးမြို့]]မြောက်ဖက် မြို့လုလင်ရွာ အဖဦးကြည်၊ အမိဒေါ်ဒွေးတို့မှ ၈၁၅-ခုနှစ် တွင် ဖွားမြင်သော သားဖြစ်၍ ငယ်မည်မှာ မောင်ညိုဖြစ်သည်။ မောင်ညိုသည် [[တောင်တွင်းကြီးမြို့]] ရတနာဗိမာန်ကျောင်း နတ်မှီးလင်းဆရာတော်အထံ၌ ပညာသင်ကြား၍ ၈၃၅-ခု၊ အသက် ၂၀-ပြည့်သောအခါ ရဟန်းအဖြစ်သို့ ရောက်သည်။