မိဂဒါဝုန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - eu:Sarnath
No edit summary
စာကြောင်း ၁ -
==တရားဦးဟောရာဌာန==
မိဂဒါဝုန်သည် အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမြို့အနီး က္ကသိပတန အမည်ရှိသော သားသမင်အပေါင်းအား ဘေးမဲ့ပေးရာ တောကြီးဖြစ်သည်။ ထိုမိဂဒါဝုန် တောကြီး၌ မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု ၊ ဝါဆိုလပြည့် တွင် [[ပဉ္စဝဂ္ဂီ]] တို့အား တရားဦး ဟောတော် မူခဲ့သည်။
ဘုရားပစ္စေကဗုဒ္ဓါရဟန္တာတို့ ကောင်းကင်မှ သက်ဆင်းရာ၊
ကောင်းကင်သို့ တက်ရာဖြစ်သောကြောင့်၊ ဣသိပတနဟု
အမည်ရ၍သားသမင်းအပေါင်းတို့ကို ဘေးမဲ့ပေးရာဖြစ်သော
မိဂဒါဝုန် တောတွင် မြတ်စွာဘုရားသခင်သည် မဟာသက္ကရာဇ် (၁၀၃) ခု ၊ ဝါဆိုလပြည့်တွင် [[ဓမ္မစကြာတရား]]
ဦးကို [[ပဉ္စဝဂ္ဂီ]]ငါးဦးအား ဟောကြားတော်မူခဲ့၏။
==မိဂဒါဝုန်==
မိဂဒါဝုန်သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ်၊ ဗာရာ
ဏသီမြို့အနီး ဣသိပတန အမည်ရှိသော သားသမင်အပေါင်း
တို့အား ဘေးမဲ့ပေးထားရာ တောကြီးဖြစ်သည်။ ဣသိပတနဟု
အမည်ရသည်မှာ ဘုရား ပစ္စေကဗုဒ္ဓါအရိယာထေရ်ရှင်တို့
ကောင်းကင်မှ သက်ဆင်းရာ၊ ကောင်းကင်သို့ တက်ရာဖြစ်သော
ကြောင့် ဖြစ်သည်။ ထိုမိဂဒါဝုန်တောကြီး၌ လူနတ်ဗြဟ္မာ
သတ္တဝါတို့၏ ဆရာဖြစ်တော် မူသော မြတ်စွာဘုရားသည်
မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆို လပြည့် စနေနေ့
နေဝင်လုဆဲ အချိန်၌ [[ပဉ္စဝဂ္ဂီငါးဦး]]တို့အား ဓမ္မစကြာ
ဒေသနာတော်ကို တရားဦး ဟောတော်မူခဲ့သည်။ ထိုသို့
ဟောခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၂၅၅ဝ ကျော်ခဲ့လေပြီ။
[[ဓမ္မစကြာသုတ္တန်]]
 
 
 
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည်နောက် နှစ်ပေါင်း ၂၅ဝ
ခန့်တွင် သာသနာ့ဒါယကာဖြစ်တော်မူသော သီရိဓမ္မာ
သောကမင်း ကြီးသည် ဘုရားရှင်နှင့် စပ်လျဉ်းသည့်
ဒေသများသို့ တိုင်းခန်း လှည့်လည်ပြီးလျှင် အမှတ်တရဖြစ်စေ
ရန် သာသနိက အဆောက် အအုံများကို ဆောက်လုပ်
လှူဒါန်းခဲ့သည်။ ထိုအဆောက်အအုံများ အနက် မိဂဒါဝုန်တော
၌ မြတ်စွာဘုရား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူခဲ့သည့်
နေရာတွင် တည်ထားသော ဓမ္မစက္ကစေတီသည်လည်း
တစ်ခုအပါအဝင်ဖြစ်သည်။ ထိုစေတီတော်ကြီးမှာ ပျက်စီး
ယိုယွန်းနေလင့်ကစား ယခုတိုင် မြေပြင်မှ ဉာာဏ်တော်ပေ ၁၅ဝ
ခန့် မြင့်မားလျက်ပင် ရှိသေးသည်။ စေတီတော်ကြီး၏
အပေါ်ပိုင်း သည် ဝိုင်း၍ ထိပ်တွင်ခုံး၍နေသည်။
အောက်ပိုင်းတွင်ကား ရှစ် ထောင့်သဏ္ဌာန်ရှိ၍
အုတ်ဖြင့်တည်ထား၍ အပေါ်ပိုင်းတွင် ကျောက်
ဖြင့် တည်ထားသည်။
 
 
မိဂဒါဝုန်တောကို ယခုခေတ်တွင် ''ဆားနပ်'' ဟု ခေါ်
သည်။ ဗာရာဏသီမြို့မှ မြောက်ဘက် ၆ မိုင်ခန့် အကွာတွင်
''ဆားနပ်'' ခေါ် မိဂဒါဝုန်တောတန်းရှိသည်။ကာလကတ္တားမြို့မှ
ဂါယာမြို့သို့ မီးရထားဖြင့် သွားရာတွင် ၂၉၂ မိုင်ဝေး၍တစ်ဖန်
ဂါယာမှ ဗာရာဏသီမြို့သို့ ၁၂၉ မိုင်ဝေးသည်။ ဗာရာဏသီမြို့
မှ မိဂဒါဝုန်တောသို့ ၆ မိုင်ဝေးသော ခရီးကိုကား
မြင်းလှည်းဖြင့်ဖြစ် စေ၊ တက္ကစီမော်တော်ကားဖြင့်ဖြစ်စေ
သွားနိုင်သည်။ မိဂဒါဝုန်သို့ မရောက်မီ ၂ ဖာလုံခန့်အလို၊
လက်ဝဲဘက်တောင်ပူစာတစ်ခုပေါ် တွင် ''ချောက်ဂီ''ခေါ်
စေတီတစ်ဆူကိုတွေ့ရသည်။ ထိုစေတီနေရာ ကား
ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦး မဟောမီ
ပထမဆုံး တွေ့ကြသော နေရာဟု ဆိုသည်။
 
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား
တရားဦး ဟောတော်မူသည့် ဝါဆိုလပြည့်နေ့ညမှာပင် အရှင်
ကောဏ္ဍညသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်၏။ ယင်း
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင် ဝပ္ပ၊ ၂ ရက်နေ့
တွင် အရှင်ဘဒ္ဒိယ၊ ၃ ရက်နေ့တွင် အရှင်မဟာနာမ်၊ ၄ရက်
်နေ့တွင် အရှင်အဿဇိတို့ အသီးအသီး သောတာပန်အဖြစ်သို့
ရောက်ကြသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
== ကိုးကား ==
<references/>
 
[[Category:ဗုဒ္ဓဘာသာ]]