မဲခေါင်မြစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.1) (ရိုဘော့က ပေါင်းထည့်နေသည် - kk:Меконг
No edit summary
စာကြောင်း ၈ -
မဲခေါင်မြစ်သည် [[တရုတ်လူမျိုး]]များကဲ့သို့ပင်၊ [[လားဟူလူမျိုး]]များအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။<ref>© 2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN)</ref>
 
==မဲခေါင်မြစ်==
မဲခေါင်မြစ်သည် အာရှတိုက်တွင် စီးဆင်းသော မြစ်ကြီး
တစ်သွယ် ဖြစ်သည်။ မိုင်ပေါင်း ၂၈ဝဝ မျှ ရှိ၍အာရှတိုက်တွင်
ရှည်လျားသော မြစ်ကြီးများ စာရင်းဝင်ဖြစ်သည် မဲခေါင်မြစ်သည်
တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံသည်။ သံလွင်မြစ်၏ မြစ်ဖျား
ခံရာနေရာနှင့် များစွာ မဝေးလှပေ။ အဦးအစ စီးဆင်းသည်မှစ၍
အထက်ပိုင်းတွင် အနောက်ဘက်ရှိ သံလွင်မြစ်နှင့် လည်းကောင်း၊
အရှေ့ဖက်ရှိ ယန်စီမြစ်တို့နှင့် လည်းကောင်း မျဉ်းပြိုင်ဆိုသလို
စီးဆင်းသည်။ မိုင်ပေါင်း ၁၂ဝဝ မျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တွင်း စီးဆင်းပြီးနောက် မြန်မာနိုင်ငံဖြစ်သော ရှမ်းပြည်
ကျိုင်းတုံနယ်စပ်တစ်လျှောက် ဝိုက်သန်းစီးဆင်း၍ တစ်စိတ်
တစ်ဒေသအားဖြင့် လာအိုနိုင်ငနှင့် နယ်နိမိတ် ပိုင်းခြား
သတ်မှတ်လိုက်သည်။ ထိုနောက် လာအိုနိုင်ငံတွင်းသို့
ဖြတ်သန်းစီးဝင်ပြီးလျှင် ယိုးဒယားနိုင်ငံ၏ အရှေ့ဖက် နယ်စပ်
တစ်လျှောက် ပတ်သန်းစီးဆင်း၏။ ထိုမှတစ်ဖန်
ကမ္ဗောဒီးယားနိုင်ငံ ကို ဖြတ်သန်းစီးဆင်းပြီးသောအခါ
ဗီယက်နမ် နိုင်ငံတွင်းသို့ စီးဝင်ပြီးလျှင် ဆိုင်ဂွန်မြို့အနီးတွင်
တောင် တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။ ထိုကြောင့်
မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်မှ စတင်စီးဆင်းပြီးလျှင်
နိုင်ငံ ၅ ခုတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ သို့ဖြစ်၍လည်း
အရပ်ဒေသကိုလိုက်၍ အမည်အမျိုးမျိုးတွင်သည်။
မဲခေါင်မြစ်သည် တိဗက်ပြည် ဒဇနတ်လွန်မွန်တောင်ခြေမှ
စတင်စီးဆင်းသည်ဟု ယူဆရသည်။ ထိုဒေသကား ပင်လယ်ပြင်
အထက် အမြင့်ပေ ၁၆၇ဝဝ ခန့်တွင်တည်ရှိသည်။
တိဗက်ပြည်တွင် ဒဇချူဟုတွင်သည်။ မြစ်ဖျားခံရာမှ
အရှေ့တောင်ဘက် ချီယမ်ဒိုသို့ စီးဆင်းသည်။ ထိုဒေသကား
ပင်လယ်ပြင်အထက် အမြင့်ပေ ၁ဝယ ဝဝဝ ခန့်တွင် တည်ရှိသည်။
ဆက်လက်၍ တောင်ဘက်သို့မထင်ရှားသော တောကြို တောင်
ကြား တစ်လျှောက်စီးဆင်းသည်။ လတ္တီတွဒ် ၂၉ ံ ရှိ
ဒါယူမှ လွန်သောအခါ လန်ဆန်ကျန်ဟူ၍
တရုတ်အမည်ဖြင့် တွင်သည်။ မိုင်ပေါင်း ၃ဝဝ မျှ မထင်မရှား
မြင့်မားသော တောင်စောင်း ကျောက်ကမ်းပါးများ အကြားတွင်
အဟုန်ပြင်းစွာ စီးဆင်းသည်။ တရုတ်နိုင်ငံမှ လွန်သောအခါ
မြစ်သည် ကိုက် ၃ဝဝ ြ ၄ဝဝ ခန့် ကျယ်လာသည်။
ရှေးအခါက ဗန်းမော်မှတာလီဖူးသို့ သွားသောလှည်းဝန်တင်
လမ်းသည် မဲခေါင်မြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကျော်ရသည်။
မဲခေါင်မြစ်သည် ယင်းဖြတ်သွားရသော တောင်ထုကြီး
များအလိုက်၊ လမ်းကြောင်းပြောင်း၍ စီးဆင်းသည်။ မြန်မာနိုင်ငံ
ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံတို့ကို ပိုင်းခြားသော နယ်နိမိတ်
သဖွယ်လည်း ဖြစ်၏။ ယိုးဒယားနိုင်ငံ ချီအင်ဆန်းမြို့နှင့်
လူအန်ပရဗန်တို့ အကြားတွင် အရေးပါသော မြစ်လက်တက်များ
စီးဝင်သည်။ မဲခေါင်မြစ်တွင် ရေမော် ၄ တန်ရှိသည်။
မြောက်လတ္တီတွဒ် ၁၆ဒီဂရီရှိ ကေမာရတ်တွင်ရှိသော ရေမော်သည်
မိုင် ၆ဝ မျှ ရှည်ကာ အဟုန်ပြင်းထန်၏။ စတုတ္ထ ရေမော်လည်း
ဖြစ်၏။ နောက်ဆုံးရေမော်သည် ခွန်တွင် ရှိသည်။ ယင်းနေရာမှ
သည် တောင်တရုတ်ပင်လယ်တွင်းသို့ မစီးဝင်မီ မိုင် ၄ဝဝ
မျှကွေ့ကောက်စီးဆင်းသည်။
 
ကမ္ဗောဒီးယားနိုင်ငံတွင်းသို့ စီးဝင်ပြီးနောက်ဗီယက်နမ်နိုင်ငံ
တွင်းသို့ ရောက်လျှင် မြစ်သည် ၃ ကြောင်းကွဲကာ
တောင်တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။
မဲခေါင်မြစ်သည် မြေပြန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင်
ရေကြီးတတ်သည်။ ကမ္ဗောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့
သည် မဲခေါင်မြစ်ကြောင့် မြေသြဇာကောင်းမွန်ကြသည်။
မဲခေါင်မြစ် တစ်လျှောက်တွင် လှေသင်္ဘောများ
သွားလာနိုင်အောင် ပြင်သစ်တို့ကများစွာ ကြိုးပမ်းပြုပြင်ခဲ့သည်။
ယခုအခါတွင်လည်း အမေရိကန်နှင့် အာရှ တိုင်းရင်းသားတို့သည်
မဲခေါင်မြစ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် လေ့လာစုံးစမ်းလျက်ရှိ၍၊
တိုးတက်ရေး လမ်းစများကို ရှာဖွေနေကြပေပြီ။
မဲခေါင်မြစ်ပေါ်တွင် တည်ရှိသော မြို့များအနက်
ထင်ရှားသည်တို့ကား လာအိုနိုင်ငံမြို့တော် ဗီယင်တျန်းမြို့နှင့်
ကမ္ဗောဒီးယား(ကမ္ဗောဇ) နိုင်ငံ၏မြို့တော် ဖနွမ်းပင်တို့ ဖြစ်ကြ
၏။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
== ကိုးကား ==
<references/>