ဦးခန္တီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
[[File:U KhanNd.jpg|thumb|ရသေ့ကြီး ဦးခန္တီ]]
==ရသေ့ကြီး ဦးခန္တီ (မြန်မာ ၁၂၂၉-၁၃၁၂)==
 
ဗုဒ္ဓဘာသာ သာသနာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အအုံ များကို မြန်မာပြည် အနှံ့ အများအပြား ပြုပြင် မွမ်းမံ တည်ဆောက် ခဲ့သော ရသေ့ကြီး ဦးခန္တီကား မြန်မာ သက္ကရာဇ် ၁၂၂၉ ခု၊ ဝါခေါင် လပြည့်ကျော် ၅ ရက်၊ တနင်္လာနေ့တွင် ရမည်းသင်း အနောက်တောင် ရွာသာရွာဂုံး၌ ဖွားမြင်၏။ အဘကား ဦးရွှေလှ၊ အမိကား ဒေါ်ခိုဥတို့ ဖြစ်၏။ (အချို့ကား အမိ၏ အမည်ကို ဒေါ်ကန်ဟု အမှတ်အသား ပြု၏။) ဦးခန္တီ၏ ငယ်နာမည်မှာ မောင်ဖိုးမောင် ဖြစ်သည်။ မောင်ဖိုးမောင်ကို ပဋိသနေ္ဓစွဲငြိစဉ်ကာလမှာပင် မယ် တော်ကြီး ဒေါ်ခိုဥတွင် ထူးခြားသော နိမိတ်အိပ်မက်ထူးများ၊ မကြာခဏ မက်ခဲ့သည်ဆို၏။ မွေးဖွားစဉ်ကာလမှာလည်း ဆရာများမှ ဇာတာကိုတွက်စစ်ကာ 'ဘုန်းတော်ကြီးသော်လည်း ကောင်း၊ မင်းသော်လည်းကောင်း'ဖြစ်မည်ဟု အတပ်ဟောခဲ့ကြ သည်ဆို၏။
 
== ငယ်ဘဝ ==
မောင်ဖိုးမောင် ၉ နှစ်သားအရွယ်သို့ရောက်ရှိခဲ့ချိန်တွင် လောကီလောကုတ္တရာဘက်၌ ပညာရည်ကြွယ်ဝသောသိမ်ကုန်းကျောင်းတိုက် ဆရာတော်ဘုရားကြီးထံ အပ်နှံခဲ့၍ ပညာသင် ကြားစေခဲ့လေ၏။ ထိုအခါ မောင်ဖိုးမောင်၏ ဉာဏ်ရည်မှာအတူ နေကျောင်းသားများထက် ပိုတတ်ခဲ့သည်ဆို၏။ မောင်ဖိုးမောင် ၁၃ နှစ်သားအရွယ် ရောက်ချိန်တွင် သိမ်ကုန်းဆရာတော်ဘုရားကြီးကိုပင်ဥပဇ္ဈာယ်ပြုလျက်သာမဏေ ဘဝသို့ရောက်ရှိခဲ့လေ၏။ ဆရာတော်ကြီးမှ သာမဏေဘွဲ့ကို 'ခန္တီ'ဟု မှည့်ခေါ်ခဲ့လေ၏။ ရှင်ခန္တီ။
ဦးခန္တီ၏ရှင်ခန္တီသည် ငယ်နာမည်မှာသာသနာ့ဘောင်တွင် မောင်းဖိုးမောင်ပျော်မွေ့စွာဖြင့် ဖြစ်သည်။ပရိယတ်ကို ၁၂၄၉ဆက်လက်သင်ကြားခဲ့ရာ ခုနှစ်တွင်စာပေကျမ်းဂန်အတော် ရဟန်းပင်တတ်မြောက်ခဲ့ပြီး အဖြစ်သို့ရဟန်းခံနိုင်ချိန် ရောက်သည်။၁၂၄၉ခုနှစ်တွင်သိမ်ကုန်း ဆရာတော်ကြီးကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့ လေသည်။ ရဟန်း ဘွဲ့တော်မှာ ဦးခန္တီဖြစ်၏။ ရဟန်းဝါ ၁၂ ဝါတိုင်တိုင် စာပေ ကျမ်းဂန် များကို သင်ကြား တတ်မြောက် ခဲ့ပြီးနောက်၊ ၁၂၆၁ ခုနှစ်တွင် ရသေ့ အသွင်သို့ ကူးပြောင်း သွားသည်။ ရသေ့ အသွင်ဖြင့် ငါးပါး၊ ရှစ်ပါး၊ ကိုပါး၊ ဆယ်ပါး၊ စသော ဥပုသ် သီလများကို စောင့်ထိန်းရင်း မန္တလေးမြို့ သာခိုတောင်၊ ရွှေမြင်တင် တောင်များ၌ ကမ္မဋ္ဌာန်း အားထုတ် နေသည်။
 
ထိုသို့ ရဟန်းဘဝရောက်ရှိခဲ့ချိန်မှစ၍ပရိယတ်စာပေ၌ တွင်မက သမထ၊ ဝိပဿနာတို့ကိုလည်း လေ့လာသင်ယူခဲ့ရာ တွင် သစ်ဆိမ့်ဆရာတော်၊ ဘုရားကြီးဆရာတော်၊ စစ်ကိုင်းထွဋ် ခေါင်ဆရာတော်တို့ထံ နည်းနာခံသင်ကြားခဲ့သည်ဆို၏။ဆရာ တော်ကြီး ဦးသီလထံ၌လည်း နည်းနာယ ခံယူခဲ့သည်ဟုဆိုကြ ၏။
ထိုမှ ရမည်းသင်း ကံမြင့်ဆရာတော်ထံမှ ဘာဝနာနှင့် ဝိပဿနာ ကမဋ္ဌာန်းနည်းအဖြာဖြာကို သင်ယူခဲ့၍ပါရမီအခံဖြင့် ဦးခန္တီသည် ရွှေဂူ ကန်ပေါက်တောရ၊ နဝင်းတောရ၊ ပင်စုရွှေဆံ တော်တောရများ၌ တစ်ပါးတည်း တရားအားထုတ်တော်မူခဲ့ သည်ဆို၏။ ထိုကဲ့သို့ လှည့်လည်ကျင့်ကြံအားထုတ်နေရင်းမှ ၁၂ ဝါအရတွင် ဦးခန္တီသည် တရားဒေသနာနှင့် အများဝေနေယျာ ကယ်ယူချီးမြောက်နိုင်မည့် အခွင့်အလမ်းသစ်များကိုတွေးတော ကြံဆမိသဖြင့် ရသေ့အသွင် ပြောင်းလဲခဲ့သည်ဆို၏။ ထူးခြား သော၊ ဆုံးဖြတ်ရဲသော၊ စွန့်လွှတ်ရဲသော အသိအမြင်ထူးဟု မှတ်တမ်းတင်ကြရလေ၏။ ထိုသို့ဖြင့် ရသေ့ဘဝရောက်ကာ သားခိုတောင်တွင်နေ ထိုင်ပြီးနောက် ၁၂၆၁ ခုနှစ်တွင် ရွှေမြင်တင်တောင်သို့ထွက်ခွာ ခဲ့သည်ဆို၏။ ရွှေမြင်တင်တောင်တွင်နေစဉ် ဦးခန္တီ၏အကျင့် သီလပြည့်စုံမှုကြောင့် ဒကာ၊ ဒကာမများ ပို၍ပို၍ များလာခဲ့ သည်ဆို၏။
 
== သာသနာပြု လုပ်ငန်းများ ==