စွာစော်ကဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
==မင်းကြီးစွာစော်ကဲ(မြန်မာ ၇၂၉-၇၆၂)==
အင်းဝမြို့တည်မင်းဖြစ်သည့် [[သတိုးမင်းဖျား]] နတ်ရွာစံလျှင် မင်းကြီးစွာစော်ကဲ တရဖျားဘွဲ့ဖြင့် အင်းဝတွင် နန်းတက်သည်။ မှုးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် [[အင်းဝဆင်ဖြူရှင်|ဆင်ဖြူရှင်]] နန်းတက်၏။
 
မင်းကြီးစွာစော်ကဲသည် အင်းဝ ပထမမင်းဆက်တွင်
ဒုတိယနန်းစံသောဘုရင်ဖြစ်သည်။ မယ်တော်မှာ ပုဂံတရုတ်ပြေး
မင်း၏သားတော် သီဟသူနှင့် ရှမ်းညီနောင် ၃ ပါး၏နှမတော်
တို့သင့်ရာတွင် မြင်သည့်သမီးတော် ရှင်မြတ်လှဖြစ်၍ ခမည်း
တော်မှာ နန်းကျကျော်စွာ၏သားတော် သရက် မင်းရှင်စောဖြစ်
သည်။
 
 
အင်းဝဘုရင်သတိုးမင်းဖျား၏ နှမရှင်စောကြီးနှင့်ထိမ်း
မြားသဖြင့် ဘုရင်၏ယောက်ဖတော်ဖြစ်ရာ သတိုးမင်းဖျား
နတ်ရွာစံသောအခါ ၇၂၉ ခုနှစ်တွင် ပြည်သူအများကကြိုက်ညီ
၍ မင်းမြေ|ာက်သဖြင့် ထီးနန်းကိုရသည်။ မင်းမဖြစ်မီက
စစ်ကိုင်း ဆင်ဖြူရှင်ထံ ခစားခဲ့ဖူး၍ တလုပ်မြို့၊ ရမည်းသင်း
မြို့တို့ကိုစားရသည်။ သတိုးမင်းဖျားလက်ထက်တွင် အမြင့်မြို့ကို
စားရသဖြင့် အမြင့်မင်းဟုလည်း တွင်သည်။ သတိုးမင်းဖျားက
မင်းကြီးစွာစော်ကဲ၏နှမ စောဥမ္မာကိုမိဖုရားမြေ|ာက်သဖြင့်လည်း
အပြန်အလှန် ယောက်ဖတော်စပ်သည်။
 
 
သတိုးမင်းဖျားနတ်ရွာစံသော် မရည်ရွယ်ဘဲ ထီးနန်းကို
ရသဖြင့် ''မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်'' ဟု ဆိုရိုးစကား
တွင်သည်။ မင်းဖြစ်သော် စစ်ကိုင်း စိုးမင်းကိုယ်တော်ကြီး၏
သမီး စောဥမ္မာကို မိဖုရားမြေ|ာက်သည်။ ထိုမိဖုရားမှ ဖွားသော
သားတော်မှာ ဆင်ဖြူရှင်တရဖျားဖြစ်၍ အိမ်ရှေ့အရာရသည်။
ကန်စွန်းနိမ့်ရွာသူ မိဘေဇာကိုလည်း မိဖုရားမြေ|ာက်သဖြင့်
သားတော် မင်းဆွေ၊ မင်းသိဒ္ဓတ်နှင့် သမီးတော် ရှင်မြတ်လှကို
ဖွားသည်။ မင်းဆွေမှာ အင်းဝ ပထမမင်းခေါင်အဖြစ် နန်းမွေ
ဆက်ခံမည့်သူ ဖြစ်သည်။
 
 
မင်းကြီးစွာစော်ကဲသည် ကျောက်ဆည်ခရိုင် ဆီးတော်
ဆည်နှင့် မိတ္ထိလာကန်တို့ကို ပြုပြင်ဆည်ဖို့သည်။ ထိုမင်း
လက်ထက်တွင် လက်စွဲတော် ရာဇသင်္ကြံဘွဲ့ခံ ငမောက်နှင့်
ပညာရှိအမတ် ဝန်စင်းရွာသား မင်ရာဇာတို့ ပေါ်ထွန်းသည်။
ထိုမင်းလက်ထက်တွင် မွန်တို့နှင့် ၃ ကြိမ် စစ်တိုက်ရသည်။
မွန်ဘုရင်ရာဇာဓိရာဇ်နှင့် နန်းပြိုင်ဖြစ်၍ ရာဇာဓိရာဇ်က ဘကြီး
တော်ဟု ခေါ်ဆိုလေးမြတ်ခြင်းပြုသည်။ ထိုမင်းလက်ထက်
နိုင်ငံတော် စည်ပင်သည်။
၇၆၂ ခုနှစ် နန်းစံ ၃၃ နှစ်တွင် နတ်ရွာစံသော်
သားတော်ဆင်ဖြူရှင် တရဖျားက ထီးနန်းဆက်ခံသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
 
အင်းဝမြို့တည်မင်းဖြစ်သည့် [[သတိုးမင်းဖျား]] နတ်ရွာစံလျှင် မင်းကြီးစွာစော်ကဲ တရဖျားဘွဲ့ဖြင့် အင်းဝတွင် နန်းတက်သည်။ မှုးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် [[အင်းဝဆင်ဖြူရှင်|ဆင်ဖြူရှင်]] နန်းတက်၏။
* <ref>ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- [[ဒေါက်တာ နိုင်ပန်းလှ]]</ref>
== ကျမ်းကိုး ==
<references/>
* ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- [[ဒေါက်တာ နိုင်ပန်းလှ]]
{{အင်းဝခေတ်}}