ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၁ -
[[File:Senes-in-Burma-45.jpg|right|thumb|250px|ပြည် နဝဒေးကြီး မွေးဖွားခဲ့သော ပြည်မြို့တစ်နေရာ၏ ရှေးခေတ်မြင်ကွင်း။]]
<ref>http://www.openmindblog.info/?cat=9</ref>
ဆောင်းကချီ၍-ချီ ကျေးစေရတုရေးသူ ပထမ နဝဒေးကြီးမှာ ၈၉၄-ခုနှစ်တွင် နန်းတတ်သော [[နရပတိ|ဘုရင်နရပတိ]]၏ ယောက်ဖ မင်းဘစော၏ အထိန်းတော်ကြိးဖြစ်၍ [[ပြည်မြို့]]သားဇာတိဖြစ်သည်။ [[နရပတိစည်သူ|ဘုရင်နရပတိ]]သည် ယောက်ဖတော် မင်းဘစောအား ကွပ်မျက်၍ နှမတော် နရပတိမယ်ကို စလင်းစည်သူကျော်ထင်သို့ပေးရာ နဝဒေးကြီးသည် စလင်းသို့လိုက်ပါသွားရ၍ စလင်းတွင်ပင် မင်းလကျ်ာဟူသောဘွဲ့ကိုရသည်။မင်းလက်ျာဟူသောဘွဲ့ကိုရသည်။
 
နောက် [[စလင်းမြို့]]ပျက်၍ [[စစ်ကိုင်း]]တွင် စည်သူကျော်ထင် မင်းပြုပြန်ရာ မင်းလကျ်ာလိုက်ပါသွားရ၍မင်းလက်ျာ လိုက်ပါသွားရ၍ [[စစ်ကိုင်း]]မှာပင် ထောင်သင်းကိုမှူးရသည်။ စစ်ကိုင်းစည်သူ ကျော်ထင်သည် နရပတိဘွဲ့ကိုခံယူလျက် အင်းဝကိုသိမ်းမြန်းစိုးစံစဉ် ဟံသာဝတီဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်သော် ဆင်ဖြူများရှင် မင်းတရားကြီး၏ ညီတော် ပြည်ဘုရင်သတိုးဓမ္မရာဇာက ထောင်သင်းမှူးကိုတောင်းယူသဖြင့် ပြည်သို့ထောင်သင်းမှူးလိုက်ပါသွားရပြန်သည်။ နောက် [[ဆင်ဖြူရှင်|ဆင်ဖြူရှင်မင်းတရားကြီး]]သည် [[ဟံသာဝတီ|ဟံသာဝတီနေပြည်တော်]]ကို မြို့သစ်နန်းသစ် တည်ထောင်ကာ စိုးစံတော်မူသည်။
 
ထိုအခါ ထောင်သင်းမှူးသည် မင်းရေးမင်းမှုနှင့် စပ်လျှဉ်း၍ [[ဟံသာဝတီ]]သို့ အရောက်တွင် မြို့သစ်နန်းသစ်ကား နန်းမအဆောင်ဆောင်တို့ဖြင့် ရှုမညီးနိုင်ဘွယ် အလွန်တင့်တယ်ပေရကား မြို့သစ်နန်းသစ်ဖွဲ့ ရတုပိုဒ်စုံကို ရေးသား၍ [[ဆင်ဖြူရှင်|ဆင်ဖြူရှင်မင်းတရားကြီး]]ထံဆက်သွင်းရာ မင်းတရားကြီး အားရနှစ်သက်တော်မူလွန်းလှသဖြင့် စာပေဗဟုသုတ သိပ္ပဖြာဖြာ၌ မတတ် မသိ ပါဟုပြောစရာမရှိလောက်အောင် အတတ်ပညာကြွယ်ဝသည်ဟူသော အဓိပ္ပာယ်ကို ပြညွှန်းသည့် "နဝဒေး" ဟူသောဘွဲ့ထူး ဂုဏ်ထူးကြီးဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထို့ကြောင့် [[စစ်ကိုင်း]]ထောင်သင်း၊ စလင်းလကျ်ာ၊စလင်းလက်ျာ၊ ပြည်မှာနဝဒေး ဟု ဘွဲ့မည်ရရာ မြို့နှင့်တွဲ၍ ဆိုရိုးပြုကြလေသည်။
 
ရတုတွင် ပြိုင်ဘက်ကင်း၍ ဘုရင်တဆူ ဖြစ်သော နဝဒေးကြီးသည် အသက် ၉၀-ကျော်တွင် အနိစ္စရောက်လေသတည်း။
စာကြောင်း ၃၃ -
 
== နဝဒေးငါးဦး ==
[[မြန်မာစာ]]ပေသမိုင်းတွင် “နဝဒေး” ဟုကျော်ကြားထင်ရှားသော စာဆိုတော် ၅-ဦးရှိသည်။ ထို ၅-ဦးမှာ (၁) “အင်္ကုရ” မည်သော ဇင်းမယ်-နဝဒေး ၊ (၂) “လှော်ကားသုံးထောင်မှူး”“[[လှော်ကားသုံးထောင်မှူး]]” အမည်ရသော တောင်ငူ-နဝဒေး၊ (၃) ပြည်-နဝဒေး၊ (၄) [[အင်းဝမြို့]]တည် နန်းတည် ဘိုးတော်ဘုရားလက်ထက် စလင်း-နဝဒေး နှင့် (၅) ဝက်မစွတ်မြို့စား နဝဒေး တို့ဖြစ်၏။ အမှန်အားဖြင့် ထိုဘွဲ့နှင့် ကျော်ကြားထင်ရှားသူ ၅-ဦးစလုံးပင် “နဝဒေး” ဟူသော မင်းပေးဘွဲ့ရသူချည်းဟုတ်မည်မထင်။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးကြီးတို့ သာလျှင် ဘုရင်မင်းမြတ်များကိုယ်တော်တိုင်က “အပြစ်ဆိုစရာမရှိသော စာဆိုတော်မှူးမတ်” ဟုအဓိပ္ပါယ်ရသည့် “နဝဒေး” ဘွဲ့ဖြင့် ချီးမြှင့်တော်မူခြင်း ခံရသော စာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ ကျန်နဝဒေး သုံးဦးကား စာဆိုအရာတွင် ကျွမ်းကျင် လိမ္မာကြသောကြောင့်သာ နဝဒေးဟု အများပြည်သူတို့် ကြည်ဖြူ မြှောက်စားကြခြင်းဖြစ်ချိမ့်မည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြည်-နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးတို့ကို ဘုရင်မင်းမြတ်များ ကိုယ်တော်တိုင် “နဝဒေး” ဟူသော ဘွဲ့ဖြင့် ချီးမြှင့် သူကောင်း ပြုခြင်းကိုကား ထိုစာဆိုတော်နှစ်ဦးတို့၏ ပျို့များ၊ မော်ကွန်းများတွင် အထင်အရှားရေးသားပါရှိသည်ကိုထောက်၍ မည်သူမျှ မငြင်းဆိုနိုင်ကြ။
 
== ကိုးကား ==