ဟင်္သာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁၅၈ -
 
<ref>“မောင်မောင် (ဥပဒေ) ရဲ ့ ဆောင်းပါးများ”</ref>--[[User:Mayor mt|Mayor mt]] 07:24, 15 နိုဝင်ဘာ 2008 (UTC)
ဟင်္သာကို မြန်မာနိုင်ငံ၌ မြင်ဘူးသူ နည်းကောင်း
နည်းမည်ဖြစ်သော်လည်း ကြားဘူးသူကား များပေသည်။
ဟင်္သာသည် အလျား ၂၅ လက်မခန့်ရှိသည်။ အတောင်တွင်
အနက်ပြောက်ကလေးများနှင့် အဖြူ ကွက်များရှိရာ ယင်းတို့ကို
နားနေချိန်၌ မမြင်နိုင်၊ ပျံသောအခါတွင်မှ မြင်နိုင်လေသည်။
ဟင်္သာငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာ
ငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာငှက်
ကလေးများသည် ဟင်္သာငှက်မနှင့်တူကြသော်လည်း အရောင်မှာ
ပို၍ ခြောက်ကြသည်။ ယင်းတို့၏ ကျောဘက်တွင် အညို
ရောင်နှင့်နီညိုရောင်ဖျော့ဖျော့အရောင်များ လှိုင်းကလေး
များသဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။ အမြီးတွင်လည်း
အစဉ်းကြောင်းကလေး ရှိသည့်အပြင် အနားဘက်တွင် နီညို
ရောင်ရှိသည်ကိုပါ တွေ့ရ လေသည်။
 
ဟင်္သာငှက်၏အသံမှာ သာယာတတ်ပြီးလျှင် လွတ်လွတ်
လပ်လပ်လည်း အော်မြည်တတ်သည်။ ဟင်္သာဖို၏ အသံနှင့်
အမ၏အသံများကို ခွဲခြား၍ သိနိုင်သည်ဟု ဆိုသည်။
သန့်ရှင်းသည့် သဲသောင်ပြင်များကို ဟင်္သာများ ကြိုက်
နှစ်သက်ကြ၏။ ထုံးအိုင်များတွင် ဟင်္သာများ နေလေ့ မရှိကြ
သော်လည်း တစ်ခါတစ်ရံတွင်မူ တွေ့နိုင်လေသည်။ ရွှံ့နွံ
ထူထပ်သော ကမ်းခြေများတွင်လည်း ဟင်္သာများကို မတွေ့ရ
ချေ။ ဧရာဝတီမြစ်ကမ်းခြေတွင်မူ ဟင်္သာများကို ဆောင်းဥတု
တွင် အများဆုံး တွေ့နိုင်သောငှက်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
ပထမစ၍ ရောက်သောအခါ အုပ်များနှင့် ရောက်လာသော်လည်း
ဆောင်းဥတုအတွက် နေထိုင်ရန် နေရာများကို ရွေးချယ်ပြီးသည်
နှင့်တပြိုင်နက် စုံတွဲလိုက်သာ နေထိုင်ကြလေသည်။ စုံတွဲလိုက်
အမြောက်အမြား နေထိုင်နိုင်ကြသော်လည်း နှစ်ဆဲ့ငါးစုံတွဲ၊
သို့မဟုတ် စုံတွဲပေါင်း ၃ဝ ထက် ကျော်လွန်၍ကား မြင်ရခဲ
လေသည်။
 
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဧရာဝတီနှင့်
ချင်းတွင်းမြစ်များတွင် ဟင်္သာများကို အများဆုံး တွေ့နိုင်လေ
သည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းနှင့်ရခိုင်ပြည်နယ်ဘက်များရှိ
မြစ်ကြီးများတွင်လည်း ဟင်္သာ များကို တွေ့မြင်နိုင်လေသည်။
တစ်ခါတစ်ရံတွင် ပြည်တွင်းရှိ အင်းအိုင်များနှင့် ထုံးအိုင်များ
တွင် စုံတွဲများကို ဖြစ်စေ၊ အုပ်ကလေးများကို ဖြစ်စေ တွေ့ရ
တတ်သည်။ အောက်တိုဘာလ၊ သို့မဟုတ် နိုဝင်ဘာလ
စောစောပိုင်း ရောက်လာစအချိန်တွင် မေမြို့ကန်သို့ စုံတွဲများ၊
သို့မဟုတ် အုပ်ကလေးများ မှန်မှန်လာရောက်သည်ကိုလည်း
တွေ့ရသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသော ဧည့်သည်
ငှက်ဖြစ်ကောင်း ဖြစ်ပေမည်။ ရခိုင်ပြည်နယ်၌မူ နိုဝင်ဘာလ
မကုန်မချင်း ဟင်္သာများကို မြင်ရလေ့ မရှိချေ။ ထိုသို့ အစော
ဆုံး ရောက်လာ ပြီးလျှင် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်း
နောက်အကျဆုံး ထွက်ခွာသော ငှက်များတွင် ပါဝင်လေသည်။
ပါဏဗေဒ သဘောအရ ဟင်္သာသည် အန်ဆီရီဖောမီး
မျိုးစဉ်တွင် အန်နတီတီးမျိုးရင်းနှင့် တက်ဒေါနီနီ မျိုးရင်းခွဲတို့၌
ပါဝင်၍ ယင်းကို တက်ဒေါနား ဖာရူးဂီနီးဟုခေါ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
 
== ကျမ်းကိုး ==