ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃ -
[[File:Ymba_founders.jpg‎|thumb]]
:ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ဗမာပြည်သမိုင်းမှာ မော်ကွန်းထိုးမှတ်တမ်းတင်ထားရမယ့် ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းပါတယ်။ အသင်းတည်နေရာကို အမှတ် (၈၆)၊ ၂၈ လမ်း၊ ရန်ကုန်မြို့၊ ဦးမောင်ကြီးနေအိမ်မှာ စတင်အခြေစိုက်ပါတယ်။ ဝိုင်အမ်ဘီအေ ကို ရန်ကုန်ကောလိပ် ကျောင်းသား မျိုးချစ်လူငယ်တစုကနေ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ စတင် တည်ထောင်စက အဖွဲ့၀င်အသင်းသားဦးရေအဖွဲ့ဝင်အသင်းသားဦးရေ (၂၀) တောင်မပြည့် သလို ဥက္ကဌ နှင့် အမှုဆောင် အဖွဲ့ဆိုတာလဲမရှိ၊ အကျိုးဆောင် အတွင်းရေးမှူး ဆိုတာသာ ရှိခဲ့ပါတယ်။ ဦးဘဘေ၊ ဦးမောင်ကြီး၊ ဒေါက်တာဘရင် တို့ကနေ စတင်စည်းရုံး လှုံ့ဆော်လှုပ်ရှား ခဲ့တာဖြစ်ပြီး စတင်တည်ထောင်သူတွေ ထဲမှာ ဦးမေအောင်၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင် ၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စတဲ့ပုဂ္ဂိုလ်တွေလဲ ပါ၀င်ခဲ့ပါတယ်။ပါဝင်ခဲ့ပါတယ်။
 
၁၉၀၈ ခုနှစ်မှာ ရန်ကုန်မြို့လုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အသင်း အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပြီး၊ ဥက္ကဌ နှင့် အမှုဆောင် လူကြီးစာရင်းလဲပဲ ရှိလာပါတယ်။ အသင်းရဲ့ စည်းမျဉ်း ဥပဒေကို ရေးဆွဲကြပြီး၊ အသင်းကို မြို့တိုင်း နယ်တိုင်းမှာဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ မြို့ကြီးတချို့မှာ အသင်းခွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စတင်စဉ်က ကျောင်းသားလူငယ်တွေနှင့်ပဲ စတင်ခဲ့တာဖြစ်ပေမဲ့ တဖြည်းဖြည်း နှင့် လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်းနှင့်ဝန်ထမ်းနှင့် ပညာတတ် တွေပါ ပါ၀င်လာခဲ့ပါတယ်။ပါဝင်လာခဲ့ပါတယ်။
[[File:Ymba_nayakas.jpg‎|thumb]]
၁၉၁၀ ခုနှစ်မှာ အသင်းခွဲတိုင်း က ကိုယ်စားလှယ်တွေပါ ပါ၀င်တက်ရောက်တဲ့ပါဝင်တက်ရောက်တဲ့ အစည်းအဝေးကြီးတခု ခေါ်ဆိုနိုင်ခဲ့ပြီး အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဥက္ကဌ အဖြစ် ‘ဦးဘိုးပြေ့’ က ဆောင်ရွက်ပါတယ်။ ၁၉၁၁ ခုနှစ်၊ မေလ-၇ ရက်နေ့မှာ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဖရင့်ကို ရန်ကုန်မြို့မှာကျင်းပရာ ဦးမေအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးဘိုးပြေ့အား ဥက္ကဌ အဖြစ် ရွေးကောက်တင်မြှောက်ပါတယ်။ ဝိုင်အမ်ဘီအေ ရဲ့ မူလရည်ရွယ်ချက်ကတော့ ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ ကို မြှင့်တင်ဖို့ဖြစ်ပြီး ကြွေးကြော်သံတွေကတော့ ‘အမျိုးကို ချစ်ပါ’၊ ‘ဘာသာကို လေးစားပါ’၊ ‘သာသနာကို ချီးမြှင့်ပါ’၊ ‘ပညာရေးကို အားပေးပါ’ တို့ ဖြစ်ပါတယ်။
 
==လှုပ်ရှားဆောင်ရွက်မှုများ==
စာကြောင်း ၁၇ -
*အစိုးရကျောင်းများမှာ မျက်နှာဖြူဆရာများကိုသာ ခန့်ထားရန် စီစဉ်ချက်ကို ၁၉၁၇ ခုနှစ်၊ ပျဉ်းမနား ကွန်ဖရင့်မှ ကန့်ကွက်ခဲ့။
*အသက် (၆) နှစ်မှ (၁၂) နှစ်ကြား ကလေးတိုင်း မသင်မနေရ ပညာရေးပြဌာန်းပေးဖို့နှင့် မြန်မာ ဥရောပသား မခွဲခြားဘဲ ပညာရေးဥပဒေ တမျိုးတည်းရှိရေးကို ၁၉၁၈ ခုနှစ်၊ မော်လမြိုင် ကွန်ဖရင့်မှ တောင်းဆိုခဲ့။
*ဗမာကျောင်းသားများ ဗမာဖိနပ်စီးပြီး ကျောင်းခန်းအတွင်း၀င်ခွင့်ပြုရေး၊ကျောင်းခန်းအတွင်းဝင်ခွင့်ပြုရေး၊
*ဗမာပြည် ယူနီဗာစီတီ တက္ကသိုလ် သီးခြားရရှိရေး။
*မီးရထားတွဲများမှာ မျက်နှာဖြူတွဲ သီးသန့်ပေးခြင်းကို ကန့်ကွက်ရေး{{ref|a|A}}၊ သံဃာတွဲများ ထားပေးရေး၊
စာကြောင်း ၂၇ -
 
===ဖိနပ်ပြဿနာ===
နိုင်ငံခြားသားတွေ ဘုရားပုထိုးစေတီရင်ပြင်တွေပေါ် ဖိနပ်စီးနင်းတက်ရောက်တဲ့ ကိစ္စတွေနှင့်ပတ်သက်ပြီး ၁၉၁၇ ခုနှစ်မှာ ဖိနပ်ပြဿနာပေါ်ပေါက်လာတဲ့အခါ ပြည်သူတွေနှင့်အတူ ပြည်သူ့ကိုယ်စား ဦးဆောင်တိုက်ပွဲ၀င်ဦးဆောင်တိုက်ပွဲဝင် ခဲ့တာလဲ ဝိုင်အမ်ဘီအေ ဖြစ်ခဲ့ပါတယ်။{{ref|b|B}}
 
===နိုင်ငံရေး ဆောင်ရွက်မှုများ===
ဝိုင်အမ်ဘီအေ ရဲ့ ပထမဆုံး နိုင်ငံရေးဆောင်ရွက်မှုကတော့ အိန္ဒိယကို ကိုယ်စားလှယ်အဖွဲ့လွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့တောင်းဆိုမှု ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားလာသော ခရစ် ၁၉၁၇ ခုနှစ် မှ ၁၉၁၉ ခုနှစ်အတွင်း၌ ဝိုင်၊ အမ်၊ ဘီ၊ အေ အသင်းပေါင်း ၂ဝဝ ကျော်မျှ တိုးပွားလာခဲ့လေသည်။ ၁၉၁၇ ခုနှစ်မှာ ဗြိတိသျှက အိန္ဒိယကို အုပ်ချုပ်ရေး တိုးပေးဖို့စီစဉ်လာတဲ့အခါ ဝိုင်အမ်ဘီအေ က (ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့်ဦးမေအောင်) တို့ကို အိန္ဒိယ လွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။သို့ရာတွင် ၁၉၁၈ ခုနှစ် ဇွန်လ၌ ထွက်ပေါ်လာသော မွန်တေဂူနှင့်ချမ်းစဖို့ အစီရင်ခံစာတွင် မြန်မာပြည် အတွက် အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေး ထောက်ခံချက်များ မပါရှိခဲ့ချေ။ ထိုနောက် အိန္ဒိယပြည်အား ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှုစနစ်ပေးအပ်ရန် ဗြိတိသျှ ပါလီမန်က ဥပဒေကြမ်း တင်သွင်းရာတွင် မြန်မာပြည်အတွက် ဘာမျှမပါရှိသည်နှင့် ၁၉၁၉ ခုနှစ် မေလ ၁၈ ရက်နေ့ တွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပုရှိန်) ကိုယ်စားလှယ်အဖွဲ့ကို ဗိလတ်အထိလွှတ်ပြီး အရေးဆိုစေခဲ့ပါတယ်။ သို့ပါလျက်နှင့်လည်း အိန္ဒိယပြည်အုပ်ချုပ်ရေး ဥပဒေကြမ်းကို စဉ်းစားကြသော ဗြိတိသျှ အထက်နှင့်အောက် ပါလီမန် ၂ ရပ် တွဲဖက် ကော်မတီသည် မြန်မာပြည်အတွက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးများကို ဥပဒေကြမ်းတွင် ထည့်သွင်းပေးရန် မထောက်ခံခဲ့ချေ။ ကရက်ဒေါက်စီမံကိန်းနှင့် နှစ်သိမ့်လာတာကို ဝိုင်အမ်ဘီအေ ကပဲ ဦးစီးကန့်ကွက်ခဲ့ပြီး (၁၉၂၀) မှာ ‘ဖေပုမောင်’ (ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင်) တို့ပါ၀င်တဲ့တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယအကြိမ် ဗိလတ်ကိုလွှတ်ပြီး အုပ်ချုပ်ရေး တိုးမြှင့်ပေးဖို့ တောင်းဆိုစေခဲ့ပါတယ်။ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကြမ်း ထွက်ပေါ်လာတဲ့အခါမှာလဲ ဥပဒေ မပြဌာန်းမီကတည်းက တက္ကသိုလ်ဥပဒေကြမ်းကို ဝိုင်အမ်ဘီအေ ကနေ ကန့်ကွက်ခဲ့ပါတယ်။
 
==တိုးတက်လာသော အသင်းအင်အား==
ဝိုင်အမ်ဘီအေ ဟာ ဗမာပြည်မှာ တနိုင်ငံလုံး လက္ခဏာဆောင်တဲ့ ပထမဆုံး အမျိုးသား အစည်းအရုံးကြီးဖြစ်ခဲ့ပြီး ( ၁၉၁၀ မှ ၁၉၂၀ အတွင်း) အကြီးမားဆုံး သော အသင်းအဖွဲ့ကြီးလဲဖြစ်ခဲ့ပါတယ်။ အနုနည်းနှင့် ဗြိတိသျှဆန့်ကျင်ရေးလုပ်ငန်းကို တဆင့်ပြီး တဆင့် ဆောင်ရွက်နိုင်ခဲ့ပြီး မီးခဲပြာဖုံးဖြစ်နေတဲ့ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန်ကို ပြန်လည်တွန်းတင်လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ၁၉၁၉-၁၉၂၀ ခုနှစ်တွေဟာ ဝိုင်အမ်ဘီအေ နှင့် ဗမာတိုင်းရင်းသားတွေရဲ့ နိုင်ငံရေး တရှိန်ထိုးမြင့်မားလာတဲ့နှစ်တွေဖြစ်ခဲ့ပြီး အထက်အောက် ဗမာနိုင်ငံ တဝှန်းလုံးမှာ ဝိုင်အမ်ဘီအေ အသင်းခွဲပေါင်း (၂၀၀၀) ကျော်အထိ ရှိခဲ့ပါတယ်။ အသင်း၀င်ပေါင်းလဲ၊အသင်းဝင်ပေါင်းလဲ၊ သိန်းနှင့်ချီ ရှိ နေခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်မှ ၁၉၂၀အထိ (၁၄) နှစ်တာအတွင်း ဗမာပြည်မှာ အကျယ်ပြန့်ဆုံး အကြီးမားဆုံးသော အဖွဲ့အစည်းကြီး ဖြစ်ခဲ့ပါတယ်။
 
===ကျင်းပခဲ့သော ကွန်ဖရင့်များ===
စာကြောင်း ၅၁ -
 
==ဂျီစီဘီအေ သို့ ပြောင်းလဲခြင်း==
၁၉၀၆ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးဟာ သက်တမ်းရင့်မာလာတာနှင့်အမျှ နိုင်ငံရေးဖက်ကို ဇောင်းပေးမှု တစတစမြင့်မားလာခဲ့သလို အဖွဲ့ကြီးအတွင်း လူကြီးနှင့်လူငယ်၊ နိုင်ငံရေးနှင့် ဘာသာရေး၊ တိုးတက်သောအစုနှင့် ဖောက်ပြန်သောအစု၊ တွေလဲ ပိုပိုပြီး သိသိသာသာကွဲပြားလာကာ မတူညီမှုတွေ နက်ရှိုင်းလာခဲ့ပါတော့တယ်။ ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှာ ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေ အသင်းကြီးရဲ့ နှစ်ပတ်လည် ကွန်ဖရင့်မှာတော့ အသင်းကြီးရဲ့ အမည်ကို (ဝိုင်အမ်ဘီအေ) ကနေ (ဂျီစီဘီအေ) လို့ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ကြတဲ့အတွက် ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ‘ဝိုင်အမ်ဘီအေ’ နာမည်နှင့်တော့ အဆုံးသတ် သွားရပါတော့တယ်။ ဝိုင်အမ်ဘီအေ ဆိုတာ ဗုဒ္ဓဘာသာ ၀င်တွေဝင်တွေ အတွက်သာလို့ အဓိပ္ပာယ် ပေါက်ရောက်နေစေနိုင်တဲ့အတွက် တနိုင်ငံလုံးရဲ့ အသင်းချုပ်ကြီးသဘော၊ ဗုဒ္ဓဘာသာ ၀င်မဟုတ်သူတွေပါဝင်မဟုတ်သူတွေပါ ပါ၀င်နိုင်တဲ့ပါဝင်နိုင်တဲ့ အဖွဲ့ချုပ်ကြီး သဘော၊ ကျယ်ကျယ်ပြန့်ပြန့် သက်၀င်လှုပ်ရှားသက်ဝင်လှုပ်ရှား နိုင်စေရန်အတွက်ဆိုပြီး [[ဂျီစီဘီအေ|မြန်မာအသင်းချုပ်ကြီး]](ဂျီစီဘီအေ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်။
[[File:Ymba_chairman.jpg|thumb]]
==မူလရည်ရွယ်ချက် နှင့် ဝိုင်အမ်ဘီအေ==
စာကြောင်း ၉၆ -
| publisher = နေ့သစ်အင်အားစု၊ ဂျပန်
| series = ပထမ အကြိမ်
| year = ၂၀၁၀၊သြဂုတ်၂၀၁၀၊ဩဂုတ်
}}
*{{Cite web