ဘဦး (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၇ -
 
==ပညာသင် ဘ၀==
[[ပုသိမ်]] မြို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းတွင် စာသင်ခဲ့ရသည်။ ထိုမှတစ်ဆင့် မောင်ဘဦး ၉ နှစ်သား အရွယ်တွင် ဖခင် အမှုထမ်းဆောင်ရာ [[မအူပင်]] မြို့ ရှိ အင်္ဂလိပ်-မြန်မာနှစ် ဘာသာသင် အစိုးရ အလယ်တန်း ကျောင်းတွင် တက်ခဲ့ရပြန်သည်။ ၉-လခန့် ကြာသောအခါ ဖခင် [[ကသာ]] မြို့ သို့ ပြောင်းရ ပြန်သည်။ ထို့ကြောင့် မောင်ဘဦး နှင့် ညီဖြစ်သူ မောင်ဘကြူးကို မိခင်ဘက်မှ ဘိုးဘွားများ ဖြစ်သော ဦးဆိတ် နှင့် ဒေါ်ရိပ် ထံ အပ်နှံ၍ ပညာသင်ကြားစေပါသည်။ မောင်ဘဦးတို့ ညီအစ်ကိုအား အေဘီအမ် (အမေရိကန် မက်သဒစ် သာသနပြု)အလယ်တန်းကျောင်း၌ ပထမတန်းမှ စတင်တက်ရောက်ခဲ့ရသည်။ သတ္တမတန်း အောင်မြင် သောအခါ ပုသိမ် အစိုးရ အထက်တန်းကျောင်း သို့ ပြောင်းခဲ့ရသည်။ ထိုမှတစ်ဆင့် မိဘများသည် မောင်ဘဦး တို့ ညီအစ်ကိုအား [[ရန်ကုန်]]မြို့ [[ဆေးရုံကြီး]] နှင့် မျက်နှာချင်းဆိုင် [[ကော်မရှင်နာလမ်း]] (ဗိုလ်ချုပ်လမ်း)ပေါ်တွင်ရှိသော အစိုးရကောလိပ် ကျောင်းသို့ ပို့ခဲ့သည်။ ထို့နောက် ရန်ကုန် ကောလိပ်သို့ တက်ရောက်၍ တက္ကသိုလ် ပညာများကို သင်ယူခဲ့သည်။ ၁၉၀၇ခုနှစ် စက်တင်ဘာလ တွင် အင်္ဂလန်ပြည် [[ကမ်းဘရစ်ချ်]] တက္ကသိုလ် သို့ ပညာသွားရောက်သင်ယူခဲ့သည်။ ကမ်းဘရစ်ချ် ရောက်နေ သည်မှာ တစ်လ နီးပါးရှိသော်လည်း မည်သည့် ကောလိပ်မှ မတက်နိုင်ခဲ့ပေ။ ကံကောင်း ထောက်မစွာ ပင် ထင်နီတီဟော(လ်) (ခေါ်) ယေရှုကောလိပ်သို့ ၀င်ခွင့်ရရှိခဲ့သည်။ဝင်ခွင့်ရရှိခဲ့သည်။ ကမ်းဘရစ်ချ်သို့ ပြန်လာ ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် ကမ်းဗရစ်ချ် တက္ကသိုလ်မှ [[မဟာဝိဇ္ဇာဘွဲ့]] ကို ရရှိခဲ့ပြီး ထိုနှစ်မေလတွင် လန်ဒန်သို့ သွားခဲ့သည်။ ၎င်းနှစ်တွင်ပင် [[၀တ်လုံဝတ်လုံ]] ဖြစ်ချင်သော်လည်း တစ်ဘာသာတည်း အောင်သဖြင့် ကျန်နှစ်ဘာသာ ဆက်ဖြေခဲ့ရသည်။ ၁၉၁၃ခုနှစ်တွင် ၀တ်လုံဝတ်လုံ စာမေးပွဲကို အောင်မြင်ခဲ့သည်။{{note|b|B}}
 
==ဝန်ထမ်းဘဝ==
၀တ်လုံဘွဲ့ဝတ်လုံဘွဲ့ ယူပြီးနောက် [[ပြင်သစ်]]၊ [[ဆွစ်ဇာလန်]]၊ [[အီတလီ]]၊ [[အီဂျစ်]] နိုင်ငံများ မှ ဖြတ်၍ မြန်မာနိုင်ငံ သို့ ပြန်ခဲ့သည်။ သုံးပတ်ခန့် အကြာတွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့သည်။ ရန်ကုန် အရောက်တွင် ဖခင်၏အဘိုး၊ ညီငယ် မောင်ဘကြူး နှင့် အခြား ညီ တစ်ယောက် ဆုံးကြောင်း သိရှိခဲ့ရသည်။ ရန်ကုန်၌ သုံးရက်ခန့် နေပြီးနောက် မိဘများရှိရာ ပုသိမ်မြို့သို့ ရထားဖြင့် ခရီးထွက်ခဲ့ သည်။ မိဘများအား ရန်ကုန် ပြန်၍ ရှေ့နေ လိုက်လိုကြောင်း တိုက်တွန်းခဲ့ရာ ဖခင်မှ သဘောတူ သော်လည်း ပုသိမ်တွင် လုပ်စေချင် ခဲ့သည်။ ဒေါက်တာ ဘဦး သည် ၁၉၂၂ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ အစိုးရအမှုလိုက်ရှေ့နေ အဖြစ် ၀င်ရောက်ဝင်ရောက် ထမ်းဆောင်ခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဖျာပုံခရိုင် (ယခု-ဧရာ၀တီတိုင်း) စက်ရှင်တရားသူကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့် [[တောင်ငူ]]၊ [[မအူပင်]]၊ [[မကွေး]]၊ [[မြောင်းမြ]]ခရိုင် များတွင် ခရိုင်စက်ရှင် [[တရားသူကြီး]] အဖြစ် ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ၁၉၃၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ တွင် တရားလွှတ်တော် [[တရား၀န်ကြီးတရားဝန်ကြီး]] အဖြစ် ခန့်အပ်ခြင်း ခံရ သည်။ ထိုနှစ် စက်တင်ဘာလတွင် ရန်ကုန်ခရိုင်၊ စက်ရှင်တရားသူကြီးအဖြစ် လည်းကောင်း၊ နို၀င်ဘာလနိုဝင်ဘာလ တွင် အင်းစိန်ခရိုင် စက်ရှင်တရားသူကြီးအဖြစ် လည်းကောင်း ခန့်အပ်ခြင်း ခံရသည်။ ထိုနှစ်များသည် တောင်သူ လယ်သမား အရေးအခင်း များ ဖြစ်၍ [[ဆရာစံ]] နှင့် အပေါင်းအပါ တော်လှန်ရေးသမား များ ထကြွသောနှစ်များ ဖြစ်သည်။ ၁၉၃၁ခုနှစ်တွင် စစ်ဆေးရေး အထူး ခုံရုံးအဖွဲ့၀င်အဖြစ်ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၁၉၃၂ခုနှစ်၊ ဧပြီလအထိ၊ [[အင်းစိန်]] [[ပြည်]]၊ [[သရက်]] ခရိုင်များ၏ [[စက်ရှင်တရားသူကြီး]] နှင့် အထူး တရားသူကြီး အဖြစ် ခန့်အပ် ခြင်း ခံရ ပြန်သည်။ ၁၉၃၂ခုနှစ်၊ ဧပြီလတွင် တရားလွှတ်တော် တရား၀န်ကြီးတရားဝန်ကြီး အဖြစ် အမြဲတမ်း တိုးမြှင့် ခန့်ထားခြင်း ခံရသည်။ ယင်းရာထူးသည် [[ဒုတိယကမ္ဘာစစ်]] ဖြစ်သည်အထိ ဖြစ်သည်။
 
==နိုင်ငံရေးဘ၀==
ဒေါက်တာ ဦးဘဦးသည် တရား၀န်ကြီးအဖြစ်တရားဝန်ကြီးအဖြစ် ဆောင်ရွက်နေစဉ် ၁၉၃၇ခုနှစ်တွင် ရွေးကောက်ပွဲဆိုင်ရာ [[အထူး ခုံရုံး]] ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် [[ဂျပန်]]တို့မှ အုပ်ချုပ်ရေး ကဏ္ဍတွင် တရားရေး ဘက်မှ ၀င်ရောက်ဝင်ရောက် တာ၀န်ယူတာဝန်ယူ ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ ဒေါက်တာဘဦးသည် ဂျပန် တို့ ကမ်းလှမ်းချက် ကို ငြင်းပယ် ခဲ့ရာ ဂျပန်များက ဖိအားပေးသဖြင့် တာ၀န်ထမ်းဆောင်ခဲ့သည်။တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် အဓိပတိ [[ဒေါက်တာဘမော်]] အစိုးရ လက်ထက်တွင် တရား လွှတ်တော်ချုပ် တရား၀န်ကြီးတရားဝန်ကြီး အဖြစ် တာ၀န်တာဝန် ထမ်းဆောင် ခဲ့ရသည်။ အင်္ဂလိပ် တို့ မြန်မာနိုင်ငံအား ပြန်လည် ၀င်ရောက်ချိန်ဝင်ရောက်ချိန် ၁၉၄၅ ခုနှစ်၊ ဧပြီတွင် [[ရန်ကုန်မြို့ အုပ်ချုပ်ရေး အဖွဲ့]]တွင် အဖွဲ့၀င်အဖြစ်အဖွဲ့ဝင်အဖြစ် တာ၀န်တာဝန် ပေးအပ်ခြင်း ခံရသည်။ {{note|c|C}} ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ တွင် နယ်ချဲ့တို့သည် [[ရန်ကုန်မြစ်]] အတွင်းရှိ ကမ်းဘာလင်း ([[Cumberland]]) စစ်သင်္ဘော ပေါ်သို့ဖိတ်ခေါ်၍ စက္ကူဖြူ စာတမ်းပါ အချက် အလက် များကို မြန်မာတို့ လက်ခံအောင် စည်းရုံးခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာတို့ ဘက်မှ [[ဗိုလ်ချုပ်အောင်ဆန်း]] နှင့် အတူ ​ဒေါက်တာဘဦး လည်း တက်ရောက် ခဲ့သည်။ {{note|d|D}}{{note|e|E}}
 
၁၉၄၇ ခုနှစ် မေလ ၂၆ ရက်နေ့ တွင် အသက် ၆၀ ပြည့်ရာ ဥပဒေနှင့်ထုံးတမ်းအရ အငြိမ်းစားယူရန်ဖြစ် သော် လည်း ဘုရင်ခံ [[ဆာဟူးဘတ်ရန့်]]က ဆာဘဦးအား တစ်နှစ်သက်တမ်းတိုးပေးခဲ့သည်။ စစ်ပြီးသော အခါမှစ၍ လွတ်လပ်ရေး မရမီ စပ်ကြား ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့အထိ လက်ရှိ တရား လွှတ်တော် တရား ၀န်ကြီးဝန်ကြီး အဖြစ် ဆက်လက် တာ၀န်ယူတာဝန်ယူ ဆောင်ရွက်ခဲ့ ရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ ကလေးတွင် ဗြိတိသျှ အစိုးရ တို့က '[[ဆာ]]'ဘွဲ့ဖြင့် သူကောင်း ပြုခြင်းကို ခံရသည်။ အာရှ အရှေ့ တောင်ပိုင်း ဆိုင်ရာ မဟာမိတ် တပ်ဖွဲ့ သေနာပတိ [[လော့ဒ် မောင့်ဘက်တန်]] မြန်မာနိုင်ငံသို့ လာရောက် သော အခါ ဒေါက်တာ ဆာ ဘဦး သည် [[အိုရီယင့် ကလပ်]] ဥက္ကဌ အဖြစ် ဧည့်ခံခဲ့သည့်အချိန်တွင် စကား ပြောဆိုရင်း မြန်မာနိုင်ငံ အား ကိုယ်ပိုင် အုပ်ချုပ်ရေး ပေး ရန် စကား ဆိုခဲ့သည်။ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ ၌ လည်း ဒေါက်တာ ဆာ ဘဦး သည် အရေးပါသော နေရာမှ ထိရောက်စွာ ပါ၀င်ဆောင်ရွက်ခဲ့သည်။ပါဝင်ဆောင်ရွက်ခဲ့သည်။
 
၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသောအခါ ဒေါက်တာ ဆာဘဦးကိုပင် တရားလွှတ်တော်ချုပ်၊ တရား၀န်ကြီးချုပ်အဖြစ်တရားဝန်ကြီးချုပ်အဖြစ် တင်မြှောက်ကြပြန်သည်။ ယင်းသို့ ဆောင်ရွက် နေစဉ် ဒေသ ဆိုင်ရာ အုပ်ချုပ်မှု စုံစမ်းရေး ကော်မတီ နှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် တို့တွင် ဥက္ကဌအဖြစ် ထမ်းဆောင် ခဲ့သည်။
 
၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် တရား လွှတ်တော်ချုပ် ၏ တရား၀န်ကြီးတရားဝန်ကြီး ဒေါက်တာဘဦး ခေါင်းဆောင် ပြီး လူမျိုးစု ကိုယ်စားလှယ်များ ပါ၀င်သောပါဝင်သော ဒေသအလိုက် ကိုယ်ပိုင် အုပ်ချုပ်မှု စုံစမ်းရေး ကော်မရှင် ကို လည်းကောင်း၊ ဖွဲ့စည်းပေးပြီး ကရင်ပြည်နယ်အရေးကို ဖြေရှင်းဆောင်ရွက်ခဲ့သည်။ ဆာဘဦး ခေါင်းဆောင် သော ရွေးကောက်ပွဲကြီးကြပ်စီမံရေးအဖွဲ့ကို ၁၉၄၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင်
ဖွဲ့စည်း ခဲ့သည်။ {{note|f|F}} ၁၉၄၉ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် ကေ၊ အင်၊ ဒီ၊ အို ခေါင်းဆောင် [[စောဘဦးကြီး]] နှင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးရာတွင် နိုင်ငံတော် ဘက်မှ ပါ၀င်ပါဝင် ဆောင်ရွက် ခဲ့သည်။
 
၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ယာယီသမ္မတ [[စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)|စဝ်ရွှေသိုက်]]က သက်တမ်းကုန်ဆုံးသွား သောအခါ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒေါက်တာဆာဘဦးအား လွတ်လပ်သော မြန်မာ နိုင်ငံတော် သမ္မတကြီး အဖြစ် လွှတ်တော်နှစ်ရပ်ပေါင်းကာ တညီတညွတ်တည်း တင်မြှောက်ခြင်းခံရသည်။
စာကြောင်း ၂၇ -
၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၌ ပထမဆုံးစတင်သွားလာမည့် ရေကြောင်း ခရီးကို သမ္မတကြီး ကိုယ်တိုင် ''ပြည်တော်သာ'' သင်္ဘော ပေါ်မှနေ၍ စတင်ဖွင့်လှစ်ပေး ခဲ့သည်။
 
သမ္မတကြီး သည် ဘာသာရေး ကို သက်၀င်ယုံကြည်သက်ဝင်ယုံကြည် သူဖြစ်သည်နှင့်အညီ ၁၉၅၃ ခုနှစ်၊ မတ်လ ၂၁ ရက် နေ့တွင် [[ကမ္ဘောဒီးယား]] သာသနာပိုင် ဆရာတော်ကြီးများနှင့် အဖွဲ့၀င်များ၊အဖွဲ့ဝင်များ၊ ၀န်ဆောင်သံဃာအဖွဲ့၀င်ဝန်ဆောင်သံဃာအဖွဲ့ဝင် ဆရာတော် ကြီးများ အား အိမ်တော်သို့ ပင့်ဖိတ် ၍ ဆွမ်းကပ် လှူဒါန်းခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ပဲခူး [[ရွှေမောဓောဘုရား(ပဲခူး)|ရွှေမောဓေါ]] စေတီတော် ပထမဆင့်ကို နိုင်ငံတော် သမ္မတကြီး၊ ၀န်ကြီးချုပ်ဦးနုနှင့်ဝန်ကြီးချုပ်ဦးနုနှင့် လူထုပရိတ်သတ်တို့မှ အောင်မြင်စွာ တင်လှူခဲ့သည်။ ၁၉၅၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် [[ဆဋ္ဌသင်္ဂါယနာ]] မဟာ ဓမ္မသဘင်ကြီး ကို သင်္ဂါယနာ [[ဒါယကာ]]အဖြစ်ခဲ့ယူခဲ့သည်။ မေလ ၂၀ ရက်နေ့တွင် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး သို့ တက်ရောက် လျက်ရှိကြသော သံဃာတော်အပါး ၂၅၀၀ ကို အိမ်တော်၀န်းအတွင်းအိမ်တော်ဝန်းအတွင်း ပင့်ဖိတ်ကာ နေ့ဆွမ်း ဆပ်ကပ် လှူဒါန်းခဲ့သည်။
 
၁၉၅၆ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ တွင် [[ဆိုဗီယက်နိုင်ငံတော်]] အစိုးရမှ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးအား ဆိုဗီယက် မော်တော်ကား တစ်စီး ပေးအပ်ခဲ့သည်။ ၁၉၅၇ခုနှစ်၊ သမ္မတရာထူး သက်တမ်း ကုန်ဆုံးသောအခါ အငြိမ်းစားယူခဲ့သည်။
 
သို့သော် ၁၉၆၀ပြည့်နှစ်တွင် [[ဦးနု]] ဦးဆောင်သော ပထစအစိုးရတက်လာသောအခါ ဧပြီလ ၂၉ ရက်နေ့တွင် [[နိုင်ငံတော် အစိုးရ အကြံပေးအဖွဲ့]] ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ရသည်။ ဒေါက်တာဘဦး ဦးဆောင်သော အကြံပေး အဖွဲ့များ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့ အစည်း များ ပါ၀င်ပါဝင် သော ဆွေးနွေးပွဲ တစ်ရပ်ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဒေါက်တာ ဘဦး သည် ဆွေးနွေးပွဲ ၌ မွန်လူထု၊ ရခိုင်လူထု၏ဆန္ဒမည်သို့ရှိသည်ကို သိရှိနိုင်ရန် ဆန္ဒခံယူပွဲ (Plebiscite) ပြုလုပ်သည့် နည်းသည် ပါလီမန် ဒီမိုကရေစီ နည်းအကျဆုံး၊ အကောင်းဆုံး နည်းလမ်း ဖြစ်ကြောင်း၊ လူထု ဆန္ဒခံယူပွဲ ပြုလုပ်သည့်စနစ်ကို ကမ္ဘာ၌လည်း အသုံးပြု လျက်ရှိကြောင်း၊ လူထု ဆန္ဒခံယူပွဲ ပြုလုပ်ရာ ၌ အခြေအနေ နှင့် ကိုက်ညီသည် မကိုက်ညီသည် ဆိုသော အချက်မှာ အစိုးရနှင့်သာ သက်ဆိုင် ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။{{note|g|G}} ဆက်လက်ပြီး ဒေါက်တာဘဦး ဦးဆောင်သော အကြံပေး အဖွဲ့သည် ၁၉၆၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ် နှင့် ပတ်သက်၍ ရခိုင် အမျိုးသား ခေါင်းဆောင် ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များအား ဖိတ်ကြား၍ ဆွေးနွေး ခဲ့ပါသည်။ {{note|h|H}}
 
သမ္မတဟောင်း ဒေါက်တာဘဦးသည် လူမှု၀န်ထမ်းလူမှုဝန်ထမ်း လုပ်ငန်းများ ဖြစ်သော [[ကြက်ခြေနီအသင်း]]၊ [[ပြည်သူ့ သူနာပြုအဖွဲ့]]၊ [[တက္ကသိုလ် ရန်ပုံငွေအဖွဲ့]]၊ [[ပန်းဥယျာဉ် အသင်း]] စသည်တို့တွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ရသော ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ၁၉၅၇ခုနှစ်တွင် 'ကျွန်ုပ်၏ မြန်မာနိုင်ငံ' ခေါ် ကိုယ်ရေး အတ္ထုပ္ပတိ စာအုပ်ကို အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားထုတ်ဝေခဲ့သည်။
 
==ဂုဏ်ပြုချီးကျူးမှုများ==
စာကြောင်း ၄၂ -
 
==မိသားစု==
၁၉၁၃ ခုနှစ်တွင် ဒေါက်တာဘဦးသည် ခရိုင်တရားသူကြီးဟောင်း ဦးအောင်ဇံ ၏ သမီး ဒေါ်ငြိမ်းငြိမ်းနှင့် လက်ထပ်ခဲ့ရာ သားနှစ်ယောက်ထွန်းကားခဲ့သည်။ ဒေါ်ငြိမ်းငြိမ်းသည် ၁၉၂၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ဒေါ်ဒေါ်ငြိမ်း ကွယ်လွန်သွားပြီးနောက် ဒေါက်တာဘဦးသည် ၁၉၂၃ ခုနှစ် ရိက္ခာတော်ရ အရေးပိုင် ဦးဆိုးဖေ ၏ သမီး ဒေါ်အေး နှင့် လက်ထပ်ခဲ့ရာ သမီး ၃ ယောက် နှင့် သား ၂ ယောက် ရရှိခဲ့သည်။ ဒေါ်အေး သည်လည်း ၁၉၄၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။{{note|i|I}} ဒေါက်တာဘဦးသည် တော်လှန်ရေး ကောင်စီအစိုးရ အုပ်ချုပ်ရေး လွှဲပြောင်း ယူပြီး ၁၉၆၃ ခုနှစ်၊ နို၀င်ဘာလနိုဝင်ဘာလ ၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အမှတ်(၅၄)၊ ရွှေတောင်ကြား လမ်း ၊ ရန်ကုန်မြို့ တွင်နေထိုင်သည်။
 
==မှတ်စု==
:A. {{ref|a}} U Ba U. My Burma : The Autobiography of a President. p. 13
:B. {{ref|b}} ရွှေဉသြ၊ရွှေဉဩ၊ တစ်ချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီး များ (ရန်ကုန်၊ ရွှေသိမ်သား ပန်းချီနှင့်စာပေ၊ ၁၉၈၆) စာ ၁၆၄-၁၆၇။
:C. {{ref|c}} ဒေါက်တာမောင်မောင်။ မြန်မာနိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေ၀င်းမြန်မာနိုင်ငံရေးခရီးနှင့်ဗိုလ်ချုပ်ကြီးနေဝင်း (ရန်ကုန်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၉) စာ- ၂၄၃
:D. {{ref|d}} Hugh Tinker. Burma : The Struggle for Independence, 1944-
1948. p.339-340.
စာကြောင်း ၅၄ -
:G. {{ref|g}} ရန်ကုန်သတင်းစာ (၄ ဖေ ၁၉၆၁ ) စာ -၁၉
:H. {{ref|H}} မြန်မာ့သမိုင်း ဖြစ်ရပ်မှန်များ ပြုစုရေး အဖွဲ့၊ မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂ ၊ တတိယတွဲ (ရန်ကုန်၊ တက္ကသိုလ်များ ပုံနိုပ်တိုက်၊ ၁၉၉၁) စာ ၂၁၈
:I. {{ref|I}} ရွှေဉသြ၊ရွှေဉဩ၊ တစ်ချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီး များ (ရန်ကုန်၊ ရွှေသိမ်သား ပန်းချီနှင့်စာပေ၊ ၁၉၈၆) စာ ၁၆၄-၁၆၇။
 
== ကိုးကား ==