အုန်း၊ ဦး၊ ဖရီဒါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
No edit summary
စာကြောင်း ၉ -
 
==မိသားစုဘဝ==
နိုင်ငံခြား ပညာသင်က ပြန်ရောက် လာတဲ့အခါ၊ ၁၉၅၈ မှာ နိုင်ငံခြား ပညာတော်သင် သွားရာမှာ အစစ အရာရာ ကူညီခဲ့သူ သစ်‍တောမင်း‍ကြီး ဦး‍နေဝင်းရဲ့ တူမ အငယ် မခင်‍မြနဲ့ လက်ထပ်ခဲ့တယ်။ သားနှစ်ဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့တယ်။ အမှတ် ၃၅ (ဃ)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်မှာ နေထိုင်လျက် ရှိပါတယ်။
 
==လုပ်ငန်းဆောင်ရွက်မှုများ==
စာကြောင်း ၂၃ -
 
==ဂုဏ်ပြုခံရမှုများ==
ဒီလို လုပ်ဆောင်ချက် တွေကြောင့် သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ထိန်းသိမ်းရေး အသင်း (FREDA) က အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးအုန်းကို ၂၀ဝ၇ ခုနှစ် အတွက် Weekly Eleven News ဂျာနယ်ရဲ့ ထင်ရှား ကျော်ကြား ကဏ္ဍမှာ ထည့်သွင်း ဖော်ပြ ဂုဏ်ပြုခဲ့ သလို၊ ၂၀ဝ၅ ခုနှစ် ဂျပန်မှာ ပြုလုပ်ခဲ့တဲ့ World Exposition ပွဲမှာ ဂျပန်နိုင်ငံ Citizen Forum ပညာရှင်များ အသင်းက ကမ္ဘာ အချစ်ဆုံး လူပုဂ္ဂိုလ် တရာမှာ ဦးအုန်းကို တဦး အပါအဝင် အဖြစ် ရွေးချယ် ဂုဏ်ပြုခဲ့တယ်။ ဦးအုန်းရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ဆောင်ချက် တွေကြောင့် ဂျပန်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ အကြားမှာ နာမည်ကျော် လူသိ များခဲ့တယ်။ဦးအုန်းဟာ ၂၀ဝ၇ ခုနှစ်မှာ ဂျပန်နိုင်ငံက ချီးမြှင့်တဲ့ Minamata Environmental Award ဆုကို ထပ်မံ ရရှိခဲ့ပြီး ဆုငွေ ဂျပန်ယန်း တသန်း လက်ခံ ရရှိခဲ့တယ်။ ဒီငွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု တွေကို ထောက်ပံ့ နိုင်ရန် သူရဲ့ ကိုယ်ပိုင် Ohn-ACT-MANG ရန်ပုံငွေ ထူထောင်လို့ သိရပါတယ်။ ဒီ ရန်ပုံငွေ ထဲက သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆုအဖြစ် ဦးအုန်း အပါအဝင် ဘုတ်အဖွဲ့ဝင် ငါးဦး အဖွဲ့က တနှစ် တယောက် ရွေးချယ် ချီးမြှင့် ပေးသွားမယ် လို့လည်း သိရပါတယ်။ဦးအုန်းဟာ လူတို့ သဘာဝနဲ့ သဟဇာတ ဖြစ်စွာ နေထိုင် အသက်ရှင်ရန် လိုအပ်ချက်တွေ အကြောင်း ဖော်ပြ ပါဝင်တဲ့ “Surviving Together” အမည်ရ စာအုပ် တအုပ် ရေးဖို့လည်း စီစဉ် ထားတယ်လို့ထားတယ်။ သိရပြီး၊ အမှတ် ၃၅ (ဃ)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်မှာ နေထိုင်လျက် ရှိပါတယ်။
 
==ကိုးကား==