ဂင်္ဂါမြစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.5) (ရိုဘော ပေါင်းထည့်နေသည: as:গংগা
No edit summary
စာကြောင်း ၃ -
ဂင်္ဂါမြစ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၁၀၄၀၀ ကျော်မြင့်သော [[ဟိမဝန္တာ တောင်တန်း]]များရှိ ရေခဲဂူကြီးတစ်ခုအတွင်းမှ စတင်မြစ်ဖျားခံပြီး တောတောင်အထပ်ထပ်ကို ကျော်လွန်ကာ [[အိန္ဒိယနိုင်ငံ]]၏ ကျယ်ပြန့်သော လွင်ပြင်ကြီးများကို ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သည်။ မြစ်လက်တက်များ ပေါင်းစပ်စီးဝင်ခြင်းမပြုမီ ဂင်္ဂါမြစ်ကြောင်းမှာ ရေအလွန်တိမ်၍ သင်္ဘောကြီးများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။ နုန်းမြေ လွင်ပြင်တလျှောက် စီးဆင်းခဲ့၇သဖြင့် မြစ်ကြောင်းမှာ အလွန်ကွေ့ကောက်ပြီးလျှင် မြစ်ရေမှာ ကြည်လင်ခြင်း မရှိ ရေစီးလည်း အလွန်နှေးသည်။
 
ဂင်္ဂါမြစ်လမ်းခရီးတဝက်၌ မြစ်အတွင်းသို့ [[ယမုံနာမြစ်]] လက်တက်ကြီး စီးဝင်သည်။ ထိုမြစ်နှစ်သွယ်အကြားရှိ ဒိုအပ်မြေခေါ် စပ်ကြားလွင်ပြင်သည် ကောက်ပဲသီးနှံ စိုက်ပျိုးရာတွင် မြေဩဇာ အကောင်းဆုံးဖြစ်သဖြင့် လူဦးရေမှာလည်း ကမ္ဘာပေါ်တွင် အထူထပ်ဆုံး ဒေသတစ်ခု ဖြစ်သည်။
 
ဂင်္ဂါမြစ်ကမ်းတွင် [[ဗာရာဏသီမြို့]]၊ ပါတလိပုတ်ဟု တွင်ခဲ့သော ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများရှိသည်။ ဂင်္ဂါမြစ်အတွင်းသို့ ဂုမ္မတီ၊ ဂေါ့ဂရာ၊ ဂန်ဒတ် မြစ်လက်တက်များ စီးဝင်ကြသည်။