အော်တို စကော်ဇနီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၇ -
 
==မူဆိုလီနီအား ကယ်တင်ခြင်း==
အီတလီနိုင်ငံတွင် အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားကာ ဘုရင်နှင့်၄င်းအား သစ္စာခံသည့်တပ်များက မူဆိုလီနီအားဖမ်းချုပ်ပြီး မဟာမိတ်များနှင့် အပေးအယူလုပ်ကာငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။ ထိုသတင်းမှာ မူဆိုလီနီမဟာမိတ်ဖြစ်သည့် ဟစ်တလာကိုလည်း[[ဟစ်တလာ]]ကိုလည်း ထိခိုက်စေသဖြင့် မူဆိုလီနီအား ကယ်တင်ရန်အတွက် စကော်ဇနီနှင့်၄င်း၏ အသေခံတပ်ဖွဲ့အား တာဝန်ပေးလေသည်။ သို့ဖြင့် စကော်ဇနီနှင့် သူ၏တပ်သားများသည် အီတလီနိုင်ငံတွင်းသို့ ရွေ့ပြောင်းကာ တစ်နေရာမှ တစ်နေရာ ကူးသန်းထောက်လှမ်းပြီးနောက် နောက်ဆုံးတွင် အယ်ပိုင်းတောင်တန်းပေါ်ရှိ ဂရင်းဆက်ဆိုတောင်ပေါ်အပန်းဖြေစခန်းတွင် ချုပ်နှောင်ခံထားရသည့် မူဆိုလီနီအား ထောက်လှမ်းရရှိသည်။ အဆိုပါတောင်ပေါ်စခန်းသို့ ဂလိုက်ဒါ စက်မဲ့ယာဉ်များဖြင့် လျှပ်တပြတ်ဆင်းသက်ထိုးဖောက်ကာ မူဆိုလီနီအား ကယ်တင်နိုင်ခဲ့ပြီးနောက် ဗီယင်နာမြို့သို့ ခေါ်ဆောင်လာခဲ့သည်။ အကျိုးဆက်အားဖြင့် စကော်ဇနီလည်း ညတွင်းချင်းမှာပင် ဗိုလ်မှုးရာထူးသို့ တိုးမြှင့်ချီးမြှောက်ခြင်းခံရသည်။ ထိုအောင်မြင်မှုသည် ဝင်ရိုးတန်းနိုင်ငံများအတွက် ကြီးကျယ်သောအောင်မြင်မှုဖြစ်ကာ မဟာမိတ်တို့အဖို့လည် အကြီးအကျယ်အံ့အားသင့်ရသည်ဖြစ်သည်။ ဥရောပတိုက်တွင် စကော်ဇနီ၏ အမည်မှာ တမုဟုတ်ချင်း ပြန့်နှံ့သွားလေသည်။
 
==မာရှယ်တီးတိုးအား ဖမ်းဆီးရန်အားထုပ်ခြင်း==
စကော်ဇနီ၏ မအောင်မြင်ခဲ့သော စစ်ဆင်ရေး၊အားထုပ်မှုများတွင် မာရှယ်တီးတိုးအား ဖမ်းဆီးရန်အားထုပ်ခြင်းမှာ အပါအဝင်ဖြစ်သည်။ ယူဂိုဆလဗ်ပြောက်ကျားများ ကျက်စားရာနယ်မြေများသို့ ကိုယ်တိုင်သွားရောက် ထောက်လှမ်းစုံစမ်းသည့်တိုင် မာရှယ်တီးတိုးအား ခြေရာခံနိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင် သတင်းအတိအကျရသောကြောင့် ဒီဗားမြို့လေးအနီးရှိ တောတောင်ထူထပ်ရာတွင် ဌာနချုပ်ပြုလုပ်ထားသည်ဖြစ်ကြောင်းသိ သဖြင့် ဝင်ရောက်စီးနှင်းသော်လည်း သတင်းပေါက်ကြားသည့်အတွက် မာရှယ်တီးတိုးလွတ်မြောက်သွားခဲ့သည်။
 
==ဥရောပ စစ်မြေပြင်မှ အမေရိကန် စစ်သားအတုများ==
၁၉၄၄ခုနှစ် ဆောင်းဦးရာသီ၊ ဒီဇင်ဘာလမှစကာ ဥရောပတိုက်ရှိ မဟာမိတ်တပ်များအကြားတွင် တပ်သားတုများကို မကြာမကြာဖမ်းဆီးရမိလေသည်။ အဆိုပါတပ်သားများမှာလည်း စကော်ဇနီ၏ အသေခံတပ်မှဖြစ်ကြောင်း ဝန်ခံကြပြီး တာဝန်မှာလည်း မဟာမိတ်တပ်ပေါင်းချုပ်၏ အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ပြီး အိုက်ဆင်ဟောင်ဝါအား လုပ်ကြံရန် ဖြစ်ကြောင်း တစ်ညီတစ်ညွှတ်ထဲထွက်ဆိုသည်။ သို့ဖြင့် ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါကိုယ်တိုင် ပဲရစ်မြို့ရှိ စစ်ဌာနချုပ်တွင် ရက်ပေါင်းအတန်ကြာအောင် အကျယ်ချုပ်ခံနေကြပြီး လက်အောက်အရာရှိများ၏ အရိပ်တကြည့်ကြည့်စောင့်ရှောက်ခြင်းကို ခံခဲ့ရသည်။ အလားတူပင် ဗြိတိန်စစ်ဗိုလ်ချုပ်ကြီး မာရှယ်မောင်ဂိုမာရီသည်လည်း လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့် ရက်အတန်ကြာကင်းကွာခဲ့ရလေသည်။
 
စကော်ဇနီအနေဖြင့် မူလရည်မှန်းချက်မှာ ဂျာမန်တို့၏တန်ပြန်ထိုးစစ်ကြောင့် နောက်လှန်သွားမည့် မဟာမိတ်တပ်များက လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့် လမ်းတံတားများအား ဖျက်ဆီးဆုတ်ခွာမည်ကို ကာကွယ်ရန်အတွက် ရန်သူမဟာမိတ်များ၏ ဝတ်စုံများဖြင့် ထိုးဖောက်ဝင်ရောက်ပြီး အဆိုပါ လမ်းတံတားများအား ထိန်းသိမ်းထားရန်သာဖြစ်သည်။ သို့သော် ရန်သူနယ်မြေအတွင်းဝင်ရောက်မိသည့်နောက်ပိုင်းတွင် ဂျာမန်တပ်များ၏ ထိုးစစ်မှာ အောင်မြင်မှုမရဘဲ အသေခံတပ်သားများသည်လည်း အစုစုကွဲကွာပြီးနောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဖမ်းခံရခြင်းဖြစ်သည်။ မူလကပင် တပ်အတွင်းတွင် မဟာမိတ်ဗိုလ်ချုပ်များအား လုပ်ကြံလိုသည့် ဆန္ဒဖြင့် ကောလာဟလများ၊ ဟာသစကားများ ပြန့်နှံ့ပြီးဖြစ်သဖြင့် အဆိုပါ ကောလာဟလများသည် မဟာမိတ်တပ်သားများထံသို့ ကူးဆက်ခြင်းခံရလေသည်။
 
==စစ်အပြီး ခုံရုံးတင်ခံရခြင်==
စစ်အပြီးတွင် နာဇီဂျာမနီတို့ စစ်ရှုံးသည့်အတွက် စစ်အတွင်းက ကျုးလွန်ခဲ့သည့် ပြစ်ဒဏ်များအား စီရင်ရန် စစ်ခုံရုံးတစ်ရပ်ကို နျူရင်ဘတ်မြို့တွင် ဖွင့်လှစ်ခဲ့လေသည်။ စကော်ဇနီလည်း အဆိုပါ စစ်ခုံရုံးသို့ အတင်ခံရပြီး စစ်အတွင်းက ပြစ်ချက်များအား တရားစွဲဆိုခဲ့သော်လည်း မဟာမိတ်တပ်သား၊ စစ်ဗိုလ်များက စကော်ဇနီမှာ စစ်သားဖြစ်သည့်အတွက် စစ်မိန့်အရ ဆောင်ရွက်ခဲ့သည်များအား စီရင်ချက်ချမှတ်ပါက မိမိတို့ မဟာမိတ်တပ်သား၊စစ်ဗိုလ်များအနေဖြင့်လည်း အလားတူစီရင်ချက်မျိုးချမှတ်ခံရမည်ဖြစ်ကြောင်း ကာကွယ်ကာ ဝန်ခံထွက်ဆိုပေးကြသဖြင့် စကော်ဇနီတစ်ယောက် ကွင်းလုံးကျွတ်လွတ်သည်။ သို့သော်လည်း ဥရောပတိုက်အတွက် အန္တရာယ်အရှိဆုံးလူတစ်ဦးအနေဖြင့် သတ်မှတ်ထားကာ ဆက်လက်၍ အကြောင်းမည်မည်ရရမရှိဘဲ အကျဉ်းချထားခဲ့ကြသည်။ ထောင်အတွင်းမှလည်း ပြင်ပရှိ အသေခံတပ်သားဟောင်းများဖွဲ့ထားသည့် လျှို့ဝှက်အဖွဲ့နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ၁၉၄၈ခုနှစ်၊ ဇူလိုင်လ၊ ၂၇ရက်နေ့တွင် ထိုအဖွဲ့၏အကူအညီဖြင့် စကော်ဇနီ လွတ်မြောက်ခဲ့သည်။
 
==ဘဝနောက်ပိုင်း==
ထိုနောက်တွင် စကော်ဇနီ၏ လှုပ်ရှားမှုများအား ခြေရာခံနိုင်ခြင်းမရှိတော့ပေ။ အချို့ကနာဇီပါတီအား ပြန်လည်အသက်သွင်းရန်ကြိုးစားနေသည့် အဖွဲ့များတွင် ခေါင်းဆောင်ပိုင်းမှ တာဝန်ယူနေသည်ဟုလည်းကောင်း မရေမရာ ဆိုကြသည်။ အမှန်မှာ ဂျာမနီနိုင်ငံတွင်း လှည့်လည်ကာ အသိမိတ်ဆွေများထံသို့ ပြောင်ပြောင်တင်းတင်း အလည်အပတ်ထွက်နေခဲ့ခြင်းသာဖြစ်သည်။ ၁၉၄၉ခုနှစ်၊ အောက်တိုဘာလတွင် ပဲရစ်မြို့သို့ လည်ပတ်ခဲ့စဉ် ပဲရစ်မြို့ထုတ် ဟူးမင်းနိုက် သတင်းစာမှ စကော်ဇနီဓါတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် မကျေနပ်သည့် ပြင်သစ်ပြည်သူများက ဆန္ဒပြခြင်းပင် ဖြစ်ပွားခဲ့သေးသည်။ နောက်ဆုံးတွင် စပိန်နိုင်ငံ စကော်ဇနီအား နိုင်ငံမဲ့သူတစ်ဦးအဖြစ်နှင့် လက်ခံနေထိုင်ခွင့်ပေးခဲ့သည်။ ၁၉၅၀မှစကာ စကော်ဇနီနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိတော့ပေ။ အိုက်ခမန်း၏ မိသားစုအား အာဂျင်တီးနားသို့ ပို့ဆောင်ပေးရာတွင် ဦးဆောင်ပေးခဲ့သည်ဟု ဆိုသော်လည်း သက်သေမရှိခဲ့ပေ။ ဥရောပတိုက်မှ သတင်းစာအချို့တွင် ရံဖန်ရံခါ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ်ဖော်ပြခြင်းခံရသည်မှ အပ ထူးခြားသည့် သတင်းအဖြစ် ရောက်မလာခဲ့တော့ပေ။ အနှစ်၂၀နီးပါးအကြာတွင်မှ နယူးစ်ဝိခ် အပတ်စဉ်မဂ္ဂဇင်းတွင် စကော်ဇနီ၏ နိုင်ဂျီးရီးယားနိုင်ငံ အငတ်ဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းအဖြစ် ရိက္ခာနှင့်ဆေးဝါးများ တင်ပို့ဖြန့်ဝေသည့် လေယာဉ်မောင်းအဖြစ် လုပ်အားပေးနေသည်သတင်းဖော်ပြခံရသည်။ ၁၉၇၅ခုနှစ်၊ ဇူလိုင်လတွင် နယူစ်ဝိခ် မဂ္ဂဇင်းမှပင် စကော်ဇနီ၏ နောက်ဆုံးသတင်းအဖြစ် နာရေးသတင်းအား ဖော်ပြခဲ့သည်။ "၁၉၇၅ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်းတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့နေ အော်တို စကော်ဇနီသည် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။" ဟူသော သတင်းဖြစ်သည်။ <ref>ကမ္ဘာကျော် ကွန်မန်ဒို အော့တိုစကော်ဇနီ-[[ လင်းယုန်မောင်မောင်]]</ref>
 
==ကိုးကား==
<references/>
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:ဂျာမနီနိုင်ငံ]]
[[Category:ဒုတိယကမ္ဘာစစ်]]