ဗင်နီတို မူဆိုလီနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.6.5) (ရိုဘော ပြင်ဆင်နေသည: kk:Бенито Муссолини
အရေးမကြီးNo edit summary
စာကြောင်း ၄၀ -
၁၉၂၅-၂၆ ခုနှစ်များတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်စသော အတိုက်အခံအဖွဲ့များကို ဖြိုဖျက်ရန် ဥပဒေအမျိုးမျိုး ထုတ်လေသည်။ အကြမ်းဖက်၍လည်း နှိမ်နင်း၏။ ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် ရီပတ်ဗလစ်ကင် ပါတီများကို ဖွဲ့စည်းခွင့်မပေးတော့ချေ။ အတိုက်အခံသတင်းစာများကိုလည်း ပိတ်ပစ်လေသည်။ ထိုသို့ ပိတ်ပင်ချုပ်ကိုင်မှုများ ရှိလင့်ကစား နိုင်ငံအတော်ပင် နိုးကြားတိုးတက် လာသည်မှာ မူဆိုလီနီ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်ဟု ဆိုရချေမည်။ သူသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေသော လာဘ်ပေးလာဘ်ယူခြင်းများ အလဟဿဖြုန်းတီးခြင်းများနှင့် ဝတ်တရားမကျေပြွန်မှုများကို ပပျောက်အောင် ဆောင်ရွက်သည်။ အလုပ်ရပ်စဲခြင်း၊ သပိတ်မှောက်ခြင်းများကို ပိတ်ပင်သည်။ စိုက်ပျိုးရေး ပါရဂူများကို လယ်သမားများထံ စေလွှတ်ညွှန်ကြား ပြသစေရာ ကောက်ပဲသီးနှံ ၂၅ ရာခိုင်နှုန်း ပိုမိုထွက်သည်။ နိုင်ငံတွင် သူ့ကို ကြည်ညိုသူများလာသည်။ သို့သော် သူ့အားသေကြောင်းကြံမှုများလည်း ရှိခဲ့လေသည်။ ကြံစည်မှုများ အထမမြောက်သည်နှင့်အမျှ နာမည်ကြီးကာ ကြည်ညိုသူများလာလေသည်။
တိုင်းပြည်တွင် အာဏာရှင် ဖြစ်နေပြီဖြစ်သော မူဆိုလီနီသည် ပြည်တွင်းရေး၌သာမက ပြည်ပရေးတွင်လည်း တွင်ကျယ်စပြုတော့သည်။ ၁၉၂၃ ခုနှစ်တွင် ဂရိလူမျိုးတို့ပိုင်သော ကောဖူးကျွန်းကို သိမ်းရန်ကြံစည်ရာ ဥရောပအနောက်နိုင်ငံများက ကန့်ကွက်သောကြောင့် နောက်ဆုတ်လိုက်ရသည်။ ၁၉၃၆ ခုနှစ်တွင်မူ [[အီသီယိုးပီးယားနိုင်ငံ]]ကို တိုက်ခိုက်သိမ်းယူသည်။ ၁၉၃၆-၃၉ ခုနှစ်များတွင် ဖြစ်ပွားသော စပိန်ပြည်တွင်းစစ်တွင်လည်း ဝင်ရောက်စွက်ဖက်လေသည်။ ဂျာမနီအာဏာရှင် [[ဟစ်တလာ]]နှင့်လည်း ပူးပေါင်း၍ စာချုပ်များချုပ်ဆိုသည်။ ၁၉၃၉ ခုနှစ်တွင် [[အယ်ဘေးနီးယားနိုင်ငံ]]ကို သိမ်းယူသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် အီတလီနိုင်ငံသည် [[ဒုတိယကမ္ဘာစစ်]]တွင် ဟစ်တလာ၏ ဘက်တော်သားအဖြစ် ပါဝင်လေတော့သည်။
ဒုတိယကမ္ဘာစစ်ဖြစ်စ၌ မူဆိုလီနီသည် အောင်ပွဲများခံခဲ့ရသော်လည်း နောက်နောင်တွင်ကား တဖြည်းဖြည်း အရှုံးပေးရလေသည်။ မြောက်အာဖရိက တိုက်ပွဲများတွင် အီတာလျံတို့ ရှုံးနိမ့်ခြင်း၊ စစ္စလီကျွန်းကို မဟာမိတ်တို့ တက်ရောက်ခြင်း၊ ပြည်တွင်းအုံကြွမှုများ ပြင်းထန်လာခြင်းတို့ကြောင့် ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် မူဆိုလီနီသည် ရာထူးမှ နုတ်ထွက်ရပြီးလျှင် အကျဉ်းချထားခြင်း ခံရလေသည်။ ထိုနှစ် စက်တင်ဘာလတွင် ​[[စကော်ဇနီ၊ အော်တို|အော်တို စကော်ဇနီ]]ပါဝင်သည့် နာဇီလေထီးတပ်သားများက မူဆိုလီနီအား အချုပ်မှ ကယ်တင်ခဲ့ပြီးနောက် အီတလီနိုင်ငံမြောက်ပိုင်းတွင် ဖွဲ့စည်းသော ‘ဖက်ဆစ်သမတ’အစိုးရ၏ခေါင်းဆောင်အဖြစ်‘ဖက်ဆစ်သမ္မတ’အစိုးရ၏ခေါင်းဆောင်အဖြစ် တင်မြှောက်လေသည်။ သို့သော် ၁၉၄၅ ခုနှစ် ဧပြီလတွင် မူဆိုလီနီနှင့် သူ၏ဇနီးတို့သည် အရေးမလှသဖြင့် နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေခိုက် နောက်ဖွဲ့သည့် အီတာလျံအစိုးရလူများက ကိုးမိုအိုင်အနီးရှိ ရွာတရွာတွင် မူဆိုလီနီတို့ကို ဖမ်းမိပြီးနောက် ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် အဆုံးစီရင်လိုက်ကြလေသည်။ ။