အော်တို စကော်ဇနီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:SkorzenyOtto.jpg|thumb|200px|အော်တို စကော်ဇနီ]]
[[ဒုတိယကမ္ဘာစစ်]]အတွင်းက မဟာမိတ်စစ်ခေါင်းဆောင်များ၊ နိုင်ငံခေါင်းဆောင်များအကြားတွင် ရန်ဘက် နာဇီဂျာမနီတို့၏ခြိမ်းခြောက်မှုများအနက် ထင်ရှားဆုံးသောသူမှာ စစ်ဗိုလ်၊ ဗိုလ်မှုးတစ်ဦးဖြစ်သည့် အသေခံ(ကွန်မန်ဒို)တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အော်တို စကော်ဇနီ ပင်ဖြစ်သည်။ အီတလီအာဏာရှင်ဖြစ်သူ [[မူဆိုလီနီ]]အား ကယ်တင်ခြင်း၊ ဟန်ဂေရီခေါင်းဆောင် နီကိုးလ်စ်ဟော်သီအား ဖမ်းဆီးခြင်း၊ ယူဂိုဆလဗ်ခေါင်းဆောင် [[တီးတိုး၊ မာရှယ်(ခရစ် ၁၈၉၂ ဖွား)|မာရှယ်တီးတိုး]]အား ဖမ်းရန်အားထုတ်ခြင်းနှင့် မဟာမိတ်တပ်ပေါင်းစုအကြီးအကဲ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါအား လုပ်ကြံရန်ကြံစည်အားထုတ်ခြင်းတို့ဖြင့်ထင်ရှားပါသည်။ (သို့သော် အိုက်ဆင်ဟောင်ဝါအား လုပ်ကြံခြင်းမှာ ကောလာဟလမျှသာဖြစ်သည်။)
 
Line ၁၅ ⟶ ၁၆:
 
သို့ဖြင့်လပိုင်းအကြာတွင် ကျောင်းအုပ်ကြီး စကော်ဇနီဦးဆောင်သည့် ဂျာမန်အသေခံသင်တန်းကျောင်းသည် ဘာလင်မြို့တော်အနီး၊ လူကုံထံတို့ အမဲလိုက်သည့် "ဖရိုက်ဒင်သယ်" အရပ်တွင်ပေါ်ထွက်လာခဲ့သည်။ ကျောင်းတွင်းရှိ စစ်တန်းလျားများတွင်လည်း အရပ်ရပ်မှ ထူးချွန်သည့်တပ်သားများဖြင့် တစ်ဖွဲဖွဲရောက်ရှိနေထိုင်လာကြသည်။ မိမိလေ့လာထားသည့် သင်ခန်းစာများ၊ အချက်အလက်များအား စစ်မြေပြင်ထောက်လှမ်းရေးတပ်ဖွဲ့များ ပေးပို့သည့်အချက်အလက်များ၊ အစီရင်ခံစာများအား ပူးပေါင်းတည်းဖြတ်ပြီး အပြင်းထန်ဆုံးသောလေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးသည်။ ထောက်လှမ်းရေးပညာရပ်မှအစ၊ လူသတ်ခြင်းအလယ်နှင့် တန်ပြန်ထောက်လှမ်းရေးအဆုံး ပညာရပ်များအား သင်ကြားပေးသည်။
[[File:Bundesarchiv Bild 101I-567-1503C-15, Gran Sasso, Mussolini vor Hotel.jpg|thumb|200px|စကော်ဇနီ နှင့် လွတ်မြောက်လာသော မူဆိုလီနီ။စက်တင်ဘာ၊ ၁၂ ရက်၊ ၁၉၄၃]]
 
==မူဆိုလီနီအား ကယ်တင်ခြင်း==
အီတလီနိုင်ငံတွင် အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားကာ ဘုရင်နှင့်၄င်းအား သစ္စာခံသည့်တပ်များက မူဆိုလီနီအားဖမ်းချုပ်ပြီး မဟာမိတ်များနှင့် အပေးအယူလုပ်ကာငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။ ထိုသတင်းမှာ မူဆိုလီနီမဟာမိတ်ဖြစ်သည့် [[ဟစ်တလာ]]ကိုလည်း ထိခိုက်စေသဖြင့် မူဆိုလီနီအား ကယ်တင်ရန်အတွက် စကော်ဇနီနှင့်၄င်း၏ အသေခံတပ်ဖွဲ့အား တာဝန်ပေးလေသည်။ သို့ဖြင့် စကော်ဇနီနှင့် သူ၏တပ်သားများသည် အီတလီနိုင်ငံတွင်းသို့ ရွေ့ပြောင်းကာ တစ်နေရာမှ တစ်နေရာ ကူးသန်းထောက်လှမ်းပြီးနောက် နောက်ဆုံးတွင် အယ်ပိုင်းတောင်တန်းပေါ်ရှိ ဂရင်းဆက်ဆိုတောင်ပေါ်အပန်းဖြေစခန်းတွင် ချုပ်နှောင်ခံထားရသည့် မူဆိုလီနီအား ထောက်လှမ်းရရှိသည်။ အဆိုပါတောင်ပေါ်စခန်းသို့ ဂလိုက်ဒါ စက်မဲ့ယာဉ်များဖြင့် လျှပ်တပြတ်ဆင်းသက်ထိုးဖောက်ကာ မူဆိုလီနီအား ကယ်တင်နိုင်ခဲ့ပြီးနောက် ဗီယင်နာမြို့သို့ ခေါ်ဆောင်လာခဲ့သည်။ အကျိုးဆက်အားဖြင့် စကော်ဇနီလည်း ညတွင်းချင်းမှာပင် ဗိုလ်မှုးရာထူးသို့ တိုးမြှင့်ချီးမြှောက်ခြင်းခံရသည်။ ထိုအောင်မြင်မှုသည် ဝင်ရိုးတန်းနိုင်ငံများအတွက် ကြီးကျယ်သောအောင်မြင်မှုဖြစ်ကာ မဟာမိတ်တို့အဖို့လည် အကြီးအကျယ်အံ့အားသင့်ရသည်ဖြစ်သည်။ ဥရောပတိုက်တွင် စကော်ဇနီ၏ အမည်မှာ တမုဟုတ်ချင်း ပြန့်နှံ့သွားလေသည်။
Line ၃၉ ⟶ ၄၀:
[[Category:ဂျာမနီနိုင်ငံ]]
[[Category:ဒုတိယကမ္ဘာစစ်]]
[[en:Otto Skorzeny]]