ရေကူးခြင်း: တည်းဖြတ်မှု မူကွဲများ

၃၀၄၉၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီးNo edit summary
No edit summary
ရေကူးခြင်းအား ပျော်စရာတစ်ခုအဖြစ်လည်းကောင်း၊ လေ့ကျင့်ခန်းတစ်ခုအဖြစ်လည်းကောင်း၊ ပြိုင်ပွဲတစ်ခုအဖြစ်လည်းကောင်း အသုံးချနိုင်ပါသည်။ ကျောင်းအချို့တွင် ရေကူးခြင်းအား ရုပ်ပိုင်းဆိုင်ရာ အားကစားတစ်ခုအဖြစ်လည်းကောင်း၊ အပျော်အဖြစ်လည်းကောင်း စာမေးပွဲပြီးချိန် သို့မဟုတ် ခက်ခဲသော လေ့ကျင့်ခန်းများပြီးသည် ရက်သတ္တပတ်တွင် အားကစားရုံများ၌လည်းကောင်း အပြင်တွင်လည်းကောင် လေ့ကျင့်သင်ကြားပေးကြသည်။.<ref>{{cite book | last = Kehm | first = G | title = Olympic Swimming and Diving:Great Moments in Olympic History | pages = [http://books.google.com/books?id=U2Kr_xFY2eUC&pg=PA14 14] | publisher = The Rosen Publishing Group | year = 2007 | isbn = 1404209700 }}</ref>
 
 
ရေကူးခြင်းသည် အလွန်ရှေးကျသော ကိုယ်လက်လှုပ်ရှား
နည်း တစ်နည်း ဖြစ်၏။ ရှေးခေတ်ရောမနှင့် ဂရိနိုင်ငံများတွင်
စစ်သူရဲများအတွက် လေ့ကျင့်ခန်းအဖြစ် ရေကူးစေခဲ့ကြသည်။
သို့ရာတွင် အလယ်ခေတ်က ဥရောပတိုက်၌ ပြင်ပတွင် ရေကူး
ခြင်းမှာ ရောဂါကူးစက်နိုင်သည်ဟု အယူရှိကြသဖြင့် တိမ်ကော
လုမတတ် ဖြစ်ခဲ့သည်။ ၁၉ ရာစုနှစ် နောက်ပိုင်းသို့ ရောက်ရှိ
လာခါမှ ဗြိတိန်နိုင်ငံတွင် ရေကူးပြိုင်ပွဲများ စတင်ပြုလုပ်ခဲ့ကြ
လေသည်။ ရေကူးခြင်းကို ကာယပညာတစ်ရပ်အဖြစ်၎င်း၊
အသက်ဘေးမှ ကာကွယ်နိုင်သည့် အတတ်အဖြစ်၎င်း သိရှိလာ
ကြသောအခါ စာသင်ကျောင်းနှင့် အသင်းအဖွဲ့ အသီးအသီး
တို့တွင် ထိုအတတ်ကို အားပေးသင်ကြားစေကြသည်။
 
ရေးကူရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို လှုပ်ရှား
အသုံးပြုရလေသည်။ ရေကူးကျင်လည်ခြင်းသည် အလွန်အမင်း
အားအင်စိုက်ထုတ်နိုင်ခြင်းပေါ်တွင် မတည်ဘဲ ညင်သာစွာ
လှုပ်ရှားပေးတတ်သော ကျွမ်းကျင်မှုပေါ်တွင် တည်သည်။
ရေကူးသည့်အခါ ခေါင်းဖျားမှ ခြေဆုံးအထိ ခန္ဓာကိုယ်တစ်ခု
လုံးအား လှိုင်းလုံး ရေလုံး ကလေးများက ထိပါးပုတ်ခတ်
တိုးဝှေ့နေကြသဖြင့် စိတ်ကြည်နူးရွှင်လန်းလာသည်နှင့်အမျှ
ရေကူးပြီးသည့် အခါ တစ်ကိုယ်လုံးရှိ အကြောအခြင်များ
လျော့သွားသဖြင့် ကိုယ်လက်ပေါ့ပါး လန်ဆန်းလာသည့်
အကျိုးထူးများကြောင့် ရေကူးခြင်းကို ကျန်းမာရေးအတွက်
လူကြိုက်များလေသည်။
 
ထိုအကျိုးထူးကို ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်
မရွေး၊ ညီတူညီမျှ ခံစားနိုင်ကြပေသည်။ ထိုသို့ဆိုရာ၌ ရေကူး
ခြင်း အတတ်သည် လွန်စွာ လွယ်ကူသောကြောင့်မဟုတ်၊
နည်းလမ်းမှန်ကန်စွာ သင်ကြား လေ့ကျင့်လျှင် ခွန်အားဗလ
များစွာ သန်စွမ်းရန်မလိုဘဲ တတ်မြောက်နိုင်သောကြောင့်
ဖြစ်လေသည်။
 
လူတို့သည် ဖျံ၊ ငါးတို့ကဲ့သို့ မွေးကတည်းက ရေတွင်
ကြီးပြင်းလာကြသူများ မဟုတ်သဖြင့် ရေနက်ထဲတွင် အလို
အလျောက် အချိန်ကြာမြင့်စွာ နေနိုင်ရန် လွန်စွာခဲယဉ်း၏။
ထိုအတွက် လူတိုင်းလူတိုင်းပင် ရေကူးခြင်းအတတ်ကို တမင်
တကာ သင်ကြားလေ့ကျင့်မှ တတ်မြောက်နိုင်သည်။ သို့ရာတွင်
မြင်း၊ ခွေး အစရှိသော တိရစ္ဆာန်များသည် လူတို့ကဲ့သို့ပင်
ရေထဲ၌ ကျက်စားသော သတ္တဝါများ မဟုတ်ကြသော်လည်း
ရေကူးခြင်းကို မသင်ဘဲနှင့် အလိုအလျောက် တတ်မြောက်နေ
ကြသည်ကို အံ့0x100သစွာ တွေ့ရှိရသည်။ ထိုအချက်ကို လက်တွေ့
သဘောပေါက်ကာ သိရှိလိုပါက မွေးကတည်းက တစ်ကြိမ်
တစ်ခါမျှ ရေမကူးဘူးသေးသော ခွေးကလေး တစ်ကောင်ကို
ယူပြီးလျှင် ရေချိုးကန်တစ်ခုတွင် ရုတ်တရက် နှစ်လိုက်ပြီး
နောက် ချက်ခြင်းပြန်၍ မထားလိုက်ပါ။ ထိုအခါ ခွေးကလေး
၏ ခြေထောက်လေးချောင်းသည် ရေကူးနေသကဲ့သို့ လေထဲ
တွင် လှုပ်ရှားနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုထက်သေချာ
လိုသေးလျှင် ထိုခွေးကလေးကို ရေကူးကန်ထဲသို့ ပစ်ချလိုက်ပါ။
ထိုအခါ ခွေးကလေးသည် ကမ်းစပ်သို့ ကျွမ်းကျင်စွာ ကူးခတ်
ရောက်ရှိသွားသည်ကို အံ့0x100သစွာ တွေ့မြင်ရပေမည်။
 
ခွေးကလေးသည် ရေကူးမသင်ဘဲနှင့် အဘယ်ကြောင့်
အလိုအလျောက် တတ်မြောက်နေသနည်းဆိုသော် ယင်း၏
ကိုယ်ခန္ဓာအနေအထားသည် ကုန်းပေါ်တွင် လမ်းလျှောက်သည့်
အခါ၌၎င်း၊ ရေထဲတွင် ရေကူးသည့်အခါ၌၎င်း ထူး၍ ပြောင်း
လဲခြင်း မရှိသောကြောင့် ဖြစ်လေသည်။ လူတို့ကား လမ်း
လျှောက်သည့်အခါ ခြေနှစ်ချောင်းပေါ်တွင် မတ်တပ်ရပ်လျှောက်
ရ၍၊ ရေကူးသည့်အခါတွင်ကား မှောက်လျက်ဖြစ်စေ၊ ပက်လက်
ဖြစ်စေ ကိုယ်ကို အလျားလိုက်ထားကာ ကူးခတ်ရသောကြောင့်
ဖြစ်၏။ သို့ဖြစ်၍ ရေကူးတတ်ရန် တမင်တကာ သင်ကြား
လေ့ကျင့်ယူကြရလေသည်။ ရေတစ်ခါမျှ မကူးဘူးသော
သူငယ်တစ်ယောက်သည် ပထမအကြိမ် ရေသို့ ဆင်းလိုက်
သောအခါ ရေထဲတွင် ကိုယ်ကို မတ်တည်နေစေရန်သာ ကြိုး
စားနေပေလိမ့်မည်။ ရေသည် နက်၍ ထောက်မမှီခဲ့သော် ဆွဲမိ
ဆွဲရာ ဆွဲကိုင်အားပြုကာ ကိုယ်ကို မတ်မတ်တည်နေစေရန်
ဆက်လက် ကြိုးစားနေပေလိမ့်မည်။ ထိုသို့ မတ်မတ်တည်
နေရန် ကြိုးစားလေ အနစ်မြန်လေ ဖြစ်မည်ကား မလွဲချေ။
စင်စစ်မှာ ထိုသူငယ်သည် သူ၏ကိုယ်ကို ရေပေါ်တွင်
သစ်တုံးကဲ့သို့ အလျားလိုက် ဖြစ်စေရန်သာ ကြိုးစားသင့်
ပေသည်။ ထိုအလေ့အကျင့်ကို ရရှိနိုင်စေရန် မကြောက်မရွံ့
သင်ယူလိုက်လျှင် ရေကူးတတ်ရန် မခဲယဉ်းလှတော့ချေ။
 
ရေကြောက်တတ်သလား
 
လူတိုင်းလိုပင် ပင်ကိုယ်အားဖြင့် ရေကြောက်တတ်ကြ၏။
သို့ရာတွင် ထိုရေကြောက်စိတ်ကို ပပျောက်သွားရန် ပြုလုပ်နိုင်
ပေသည်။ ရေကြောက်စိတ်ကို ပပျောက်အောင် လုပ်ရန်မှာ
ရေကူးသင်ရာတွင် ပထမဆုံး လိုက်နာရမည့် သင်ခန်းစာ
ဖြစ်သည်။ ရေကြောက်စိတ်ကို အချို့လူတို့သည် အမြန်
ပယ်ဖျောက်နိုင်ကြ၍ အချို့မှာ အတန်ကြာသည့်တိုင်အောင်
မပယ်ဖျောက်နိုင်ကြချေ။
 
ရေနှင့် နီးစပ်ကာ ရေကြောက်စိတ် ပျောက်သွားစေရန်
ရှေးဦးစွာ ဒူးဆစ်ခန့်နက်သော ကမ်းစပ်တွင် ခြေနှင့် ထောက်၍
ဟိုမှသည်မှ သွားလာလှုပ်ရှား ကစားနေပါ။ မကြာမီ ရေထဲတွင်
နေသားကျကာ ယခင်ကထက် စိတ်ရဲလာသည်ကိုတွေ့ရပေမည်။
ထိုအခါ ခါးလောက်နက်သောနေရာအထိ တိုး၍ သွားပါ။
ထိုနောက် ကမ်းဘက်သို့ မျက်နှာမူကာ မြေကြီးကို လက်နှစ်
ဘက်ဖြင့် ကုန်း၍ထောက်ပြီးလျှင် ခြေထောက်နှစ်ချောင်းစလုံးကို
ရေထဲတွင် ဖြည်းဖြည်းခြင်း မပေးပါ။ အားစိုက်ကာ တောင့်
မထားမိရန် သတိပြုလျက် မကြောက်မရွံ့သာ ပြုလုပ်ပါ။ ထို
အခါ လက်ဖျားကလေးများဖြင့် အသာအယာဖေးမထားသည်မှ
တစ်ပါး ကိုယ်ခန္ဓာတစ်ခုလုံးကို ရေတွင်ဖော့ထားနိုင်သည်ကို
တွေ့လာပေလိမ့်မည်။ ထိုသို့ ပြုလုပ်နိုင်လျှင် ရေကူးစတင်
လေ့ကျင့်ရန် သင့်လျော်ပြီ ဖြစ်သဖြင့် ရေထဲတွင် မည်ကဲ့သို့
ခြေနှင့်လက်များ လှုပ်ရှားရမည်ကိုသာ သင်ယူရန် လိုတော့
သည်။ ဤအဆင့်တွင် ရေကူးသင်သူ တိုင်းလိုပင် စိတ်တုန်
လှုပ်ကာ ရွံ့သွားတတ်ကြပေသည်။ စင်စစ်မှာလည်း ရေကူး
အတတ်သည် နှုတ်ပြော လွယ်သလောက် လက်တွေ့လုပ်ရာတွင်
ခက်ခဲသည်မှာ ယုံမှားဖွယ် မရှိချေ။
 
ရေကူးသင်ရာတွင် စံနစ်တကျ မှန်ကန်စွာ အသက်ရှုတတ်
ရန်မှာ လွန်စွာအရေးကြီး၏။ ရေကူးသမားသည် ပါးစပ်မှ လေ
ကို ရှူသွင်း၍ နှာခေါင်းမှဖြစ်စေ၊ ပါးစပ်မှဖြစ်စေ၊ သို့မဟုတ်
နှစ်ခုစလုံးမှဖြစ်စေ လေကို ရှူထုတ်လေ့ရှိကြ၏။ လေကို
လျင်မြန်စွာ လေးလေးပင်ပင် ရှူသွင်း၍ ခပ်ည|င်းည|င်း ထုတ်
တတ်ရန်မှာ ရေကူးသင်သူတို့အတွက် အရေးကြီးသော အချက်
တစ်ခု ဖြစ်ပေသည်။
 
ထိုနည်းကို ကျင့်သားရစေရန် ခါးအထိ နက်သော ရေထဲ
သို့ ဆင်းပြီးလျှင် လေကို ပါးစပ်မှ အားပါးတရ ပထမ ရှူသွင်း
လိုက်ပါ။ ထိုနောက်ကုန်း၍ ဒူးနှစ်ဘက်ကို လက်နှင့်ထောက်
ထားပြီးလျှင် မျက်နှာကို ရေထဲနှစ်လျက် အသက်အောင့်ကာ
တစ်မှ တစ်ဆယ်အထိ ရေတွက်ပါ။ ထိုနောက် မျက်နှာကို
ဖော်၍ အသက်ရှုထုတ် လိုက်ပါ။ ထိုနည်းအတိုင်း ကျင့်သား
ရလာ၍ တစ်မှ ဆဲ့ငါးအထိ ရေအောက်တွင် မခဲယဉ်းဘဲ
အသက်အောင့်နေနိုင်လာလျှင် ရေအောက်တွင်ပင် အသက်ရှူ
ထုတ်ရန် ဆက်လက်၍ လေ့ကျင့်ပေးပါ။ ထိုမှတစ်ဖန် ကျင့်
သား ရလာပြန်လျှင် မျက်နှာကို ရေမှမဖော်တော့ဘဲ ခေါင်းကို
ဘေးသို့စောင်းကာ အသက်ရှူသွင်း၊ ရေအောက်တွင် လေရှူ
ထုတ်၊ ပြီးလျှင် အခြားတစ်ဖက်သို့ စောင်းကာ လေရှူသွင်း
စသော အလေ့အကျင့်ကို ထပ်တလဲလဲ ပြုလုပ်ပေးခဲ့သော်
ရေကူးရာတွင် မှန်ကန်စွာ အသက်ရှူတတ်လာမည် ဖြစ်၏။
ကမ်းစပ်ရေတိမ်တွင် ကိုယ်ကို ဖော့ထားနိုင်ခြင်းနှင့်
အသက်ရှူခြင်းတို့ကို လေ့ကျင့်ပြီးသောအခါ ခြေခတ်ခြင်း၊
လက်ယက်ခြင်းတို့ကို တစ်ဆင့်တက်၍ လေ့ကျင့်နိုင်ပြီ ဖြစ်၏။
ရေထဲတွင် ခြေခတ်ခြင်းကို လေ့ကျင့်ရန် အကောင်းဆုံးနည်းမှာ
ကမ်းစပ်တွင် ကိုင်တွယ်စရာတန်းတစ်ခု ပြုလုပ်ထား၍ အလျား
မှောက်ကာ ထိုတန်းကို တံတောင်ဆစ်ကွေးချ၍ လက်နှင့် ကိုင်
ထားပြီးလျှင် ခြေထောက်များကို ဆန့်တန်းကာ အထက်အောက်
တစ်ဖက်တစ်လှည့်စီ လှုပ်ရှားပုတ်ခတ်ပေးခြင်းပင် ဖြစ်၏။ထိုသို့
လေ့ကျင့်သောအခါ ခြေထောက်များ၏အနေအထားသည် ရေကူး
သည့်အခါတွင်ရှိမည့် အနေအထားတိုင်း ဖြစ်နေရန်လိုပေသည်။
ထိုသို့ ရေထဲတွင် မှောက်လျက် ခြေခတ်တတ်လာသည့်
အခါ လက်နှင့် တန်းကိုမကိုင်ဘဲ ရေကူးခြင်းကို စတင် လေ့
ကျင့်နိုင်ပေသည်။ စတင်ကူးသည့်အခါ လက်နှစ်ချောင်းကို
ရှေ့သို့ ဆန့်တန်းလျက် လက်ဖဝါးနှစ်ဘက်ကို ထိစေပြီးလျှင်
လက်ချောင်းများကို စုထားရလေသည်။ ခြေထောက်နှစ်ချောင်း
ကိုလည်း ဆန့်တန်း၍ ဖနောင့်နှစ်ခုကို ထိထားပြီးလျှင်
ခြေဖျားများကို ဘေးဘက်သို့ အတန်ငယ် ကားနေစေရလေ
သည်။ ထိုနောက် ဆန့်ထားသော လက်နှစ်ချောင်းကို ခွဲကာ
လက်ဖဝါးကို ဘေးသို့ လှည့်ပေး၍ နောက်ဘက်သို့ ပခုံးနှင့်
တစ်ပြေး ညီညာလာသည့်တိုင်အောင် ယက်ပေးရလေသည်။
နောက်တစ်ကြိမ် ယက်ရန် လက်ဖဝါးနှစ်ဘက်ကို မျက်နှာ
အောက်သို့ ပြန်၍ သိမ်းယူလိုက်သည့်အခါ ခြေထောက်များကို
ဖနောင့်ချင်း ထိကပ်ထားရင်း ကွေးယူလိုက်ရလေသည်။
ထိုနောက်မှ တစ်ဖန်ဘေးဘက်သို့ ကန်ထုတ်ဆန့်တန်းလိုက်
ပြီးလျှင် ချက်ခြင်း ပြန်၍ စုပေးလိုက်ရလေသည်။ ဤနည်းမှာ
ဖားကူးကူးနည်းပင် ဖြစ်၏။ ဖားကူးကူးနည်းဖြင့် ရေကူးတတ်
လာသောအခါ အခြားကူးနည်းများကို အလွယ်တကူ သင်ယူ
နိုင်ပေမည်။ ဖားကူးကူးနည်းအပြင် အခြားလွယ်ကူသော ရေကူး
နည်းတို့မှာ ပက်လက်ဖားကူး ကူးနည်းနှင့် ဘေးတိုက် လက်
ယက်ကူးနည်းများ ဖြစ်ကြသည်။ အမြန်ဆုံးနှင့် အသုံးအဝင်
ဆုံးသော ရေကူးနည်းမှာ လက်ပစ်ကူးနည်း ဖြစ်လေသည်။
အထက်ဖော်ပြပါ ရေကူးနည်းများအပြင် လိပ်ပြာရေကူး
နည်းဟူ၍လည်း ရှိသေးသည်။ ဤနည်းတွင် လက်များကို
ရေထဲ၌ ရှေ့သို့ ဆန့်တန်း၍ မထုတ်တော့ဘဲ ရေပေါ်မှ ရှေ့သို့
ယူသွားရလေသည်။ ဤသို့ ပြုလုပ်နိုင်ရန် ရေကူးသူသည်
သူ၏ကိုယ်အရှေ့ပိုင်းကို ရေပေါ်တွင် ပေါ်သွားအောင် ပြုလုပ်
ရသည်။ လက်များကို ရှေ့သို့ယူသည့်အခါ၌ တစ်ခုနှင့်တစ်ခုကို
ရှစ်လက်မ (စင်တီမီတာ ၂ဝ)ခန့် အကွာတွင် ရှိစေပြီးလျှင်
ရေထဲသို့ ကျရောက်စေကာ အားစိုက်၍ တင်ပါးဆီးသို့ ကြွယူ
ရလေသည်။
 
သို့သော် ဤရေကူးနည်းသည် လွန်စွာပင်ပန်းသောနည်း
ဖြစ်သည့်အပြင် ခန္ဓာကိုယ်၏ အတက်အကျ လှုပ်ရှားမှုများ
ကြောင့် ကြည့်၍ မကောင်းလှချေ။
 
ရေကူးတတ်လာသည်နှင့် တစ်ပြိုင်နက် ရေကူးနည်း
ကောင်းတို့ကို အလျင်အမြန် လေ့ကျင့်သင်ယူအပ်ပေသည်။
အကြောင်းကား နည်းညံ့တို့ဖြင့် ကြာရှည်စွာ ကူးခတ်နေခဲ့သော်
ထိုအလေ့အကျင့်ကို ဖျောက်ပစ်ရန်မှာ လွယ်ကူသည်မဟုတ်သော
ကြောင့် ဖြစ်သည်။
 
ရေကူးတတ်စ သူများသည် ရေကူး မကျင်လည်မီ
အကြောင်းမသိသေးသော နေရာတို့တွင် ရေကူးခြင်း၊ ရေနက်
ဘက် ထွက်ကူးခြင်း၊ လှိုင်းစီးခြင်း စသော အတင့်ရဲမှုများကို
ရှောင်ကြဉ်အပ်ကြ၏။ ထမင်းစားပြီး နှစ်နာရီအတွင်း ရေမကူး
ခြင်းနှင့် ချမ်းလာသည့်တိုင်အောင် ရေမကူးခြင်းတို့မှာလည်း
ကောင်းသောသတိထားမှုကလေးများ ဖြစ်ပေသည်။ ချမ်းလာ
သည့်တိုင်အောင် ရေကူးလျှင် ကြွက်တက်ကာ ရေနစ်တတ်၏။
ရေကူးပြိုင်ပွဲများကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီး
တို့တွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြ၏။ လေးနှစ် တစ်ကြိမ်
ပြုလုပ်သော ကမ္ဘာ့အိုလင်းပစ်ကစားပွဲများတွင်လည်း ရေကူး
ပြိုင်ပွဲများကို ထည့်သွင်းကျင်းပကြလေသည်။ ၁၉၆၄ ခုနှစ်တွင်
တိုကျိုမြို့၌ ကျင်းပခဲ့သော ကမ္ဘာ့အိုလင်းပစ်ကစားပွဲတွင်
အမေရိကန်ပြည်ထောင်စု နိုင်ငံမှ စတိကလတ်ဆိုသူသည် မီတာ
၁ဝဝ ရေကူးပြိုင်ပွဲကို စံချိန်သစ်ပြု၍ ၅၂ ့၉ စက္ကန့်နှင့် အနိုင်
ယူကာ တံခွန်စိုက်ခဲ့လေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်
လည်း ရေကူးအသင်းအဖွဲ့များ ရှိရုံမက ရေကူးပြိုင်ပွဲများလည်း
ကျင်းပလျက် ရှိလေသည်။
 
ဂျွမ်းပစ်ထိုးငုပ်ခြင်း
 
ရေကူးခြင်းနှင့် ဆက်သွယ်လျက်ရှိသော ကစားနည်းမှာ
ဒိုင်ဗင်ခေါ် ရေထဲသို့ ဂျွမ်းပစ်ထိုးငုပ်ခြင်း ဖြစ်လေသည်။
ဂျွမ်းပစ်ထိုးငုပ်ခြင်းသည် ကျွမ်းကျင်မှုအတတ်တစ်ခု ဖြစ်သည့်
အလျောက် ကျင်လျင်စွာ ကစားနိုင်ခြင်းမှာ အလေ့အကျင့်ပေါ်
တွင်သာ တည်နေလေသည်။ ဂျွမ်းပစ်ထိုးငုပ်လိုက်သည့်အခါ
ကိုယ်သည် ရေထဲသို့ ကျောက်ခဲတစ်လုံးကို မြေ|ာက်၍ ပစ်ချ
လိုက်သည့်အတိုင်း ရှောကနဲ ကျသွားရန်လိုပေသည်။ လက်
နှစ်ဘက်ကို ဦးခေါင်းထက်တွင် မြေ|ာက်၍ဆန့်တန်းထားပြီးလျှင်
လက်ဖဝါးနှစ်ခုကို ယှဉ်ကာ လက်မချင်းထိအောင် ထားရလေ
သည်။ လက်ဖဝါးနှစ်ခုကို ယှက်ကာ စုမထားရချေ။ ကိုယ်လုံး
သည် ရေထဲသို့ ဝင်ရောက်သည့်အခါ ညင်သာစေရန် ကိုယ်ကို
ဖြောင့်ထားပြီးလျှင် ခြေဦးများကိုလည်း နောက်ဘက်သို့ ဆန့်
ထားရသည်။ကိုယ်လုံးထက်ဝက်ခန့်သည် ရေထဲသို့ ရောက်သွား
သည့်အခါ လက်တို့ကို အထက်ဘက်သို့ ကော့ပေးလိုက်ရ
သည်။ ယင်းမှာ ဦးခေါင်းကို ရေပြင်ပေါ်သို့ အမြန်ပေါ်ထွက်
လာစေရန်အတွက် ဖြစ်၏။ ထိုအခါ အသက်ကို ဝအောင်
ရှူနိုင်လေသည်။ အချို့တို့သည် ဂျွမ်းထိုးပြင်ပြားပေါ်မှနေ၍
ဂျွမ်းပစ်ထိုးငုပ်ကစားကြ၏။ အချို့မှာမူ လွန်စွာမြင့်မားသော
နေရာမှ ဂျွမ်းပစ်ထိုး ငုပ်ကစားကြ၏။ အချိန်မှာမူ လွန်စွာ
မြင့်မားသောနေရာမှ ဂျွမ်းသုံးလေးပတ် လည်စေလျက် ရေထဲသို့
ဂျွမ်းပစ်ထိုး ငုပ်ကစားကြလေသည်။ ဂျွမ်းပစ်ထိုး ငုပ်ကစားခြင်း
တွင် တစ်ပတ်ဂျွမ်း၊ ဝက်အူရစ်ဂျွမ်း၊ ပျံလွှားဂျွမ်း၊ ငန်းဂျွမ်း
အစရှိသဖြင့် ကစားနည်းအမျိုးမျိုး ရှိလေသည်။
 
အသက်ကယ်ဆယ်ခြင်း
 
ရေနစ်သေဆုံးကြသည့် သတင်းများကို ရံဖန်ရံခါ ကြားကြ
ရပေသည်။ ရေနစ်နေသူကို မြင်လျက်နှင့် သွားရောက် ကယ်
ဆယ်နိုင်သူ မရှိသောကြောင့် လူ့အသက်တစ်ချောင်း အဆုံးခံရ
ခြင်းသည် အသည်းနာဖွယ်ရာ ကောင်းလှတော့သည်။ သို့ဖြစ်၍
ရေကူးတတ်သူတိုင်းသည် ရေနစ်သူအား ကယ်ဆယ်သောနည်း
ကို နားလည်တတ်မြောက်ထားသင့်ကြပေသည်။
 
ရေနစ်သူတို့သည် ကြောက်စိတ်မွှန်နေသဖြင့် မိရာကို စွဲမြဲ
စွာ ဆွဲယူဆုပ်ကိုင်ထားတတ်ကြ၏။ ရေနစ်နေသူအား သူ၏
ရှေ့ဘက်သွား၍ အမှတ်မဲ့ကယ်ဆယ်ရန် ကြိုးစားခဲ့သော် ရေနစ်
သူ၏ ဖက်ယက်ဆုပ်ကိုင်ထားမှုကြောင့် ကယ်ဆယ်မည့်သူပါ
အတူတကွ နစ်သွားတတ်သည်ကို သတိပြုရပေမည်။ နည်းမှန်
ကောင်းမွန်သော ကယ်ဆယ်နည်းမှာ ကယ်ဆယ်မည့်သူသည်
ရေနစ်သူအား နောက်ဘက်မှ အသာအယာကပ်ပြီးလျှင် မေးစေ့
ကို တစ်တောင်ဆစ်ကွေးဖြင့် ချိတ်ယူ၍ နောက်ပြန်ဆွဲယူပြီး
နောက် အားနေသောလက်တစ်ဖက်နှင့် ခြေထောက်များကို
အသုံးပြုကာ ပက်လက်ဖားကူးကူးနည်းဖြင့် ကမ်းဘက်သို့
ကူးခတ်လာခြင်း ဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
==ဆက်စပ်အကြောင်းအရာ==
[[ဆောင်းရာသီ ရေကူးခြင်း]]
၂၆၈၁၆

တည်းဖြတ်မှုများ