အစိုးရ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၉ -
 
တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြပါသည်။
==အစိုးရ၏ တာ၀န်==
 
အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖေါ်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာ၀န်ရှိပေသည်။
==အစိုးရအဖွဲ့==
အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ၀န်ကြီးဌာနများတွင် အကြီးအကဲ ၀န်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထို၀န်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် လွှတ်တော်မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ၀န်ကြီးများသည် မိမိတို့၏ ၀န်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာ၀န်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ သမ္မတစနစ်‎ တွင် သမ္မတက တာ၀န်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ၀န်ကြီးချုပ်က တာ၀န်ခံသည်။ ထိုသို့ ဌာနလက်ကိုင်၀န်ကြီးများ အပါအ၀င် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့၀င် ၀န်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိပါသည်။ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးသည့် နိုင်ငံများတွင် ၀န်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်း၀န် ရာထူးဖြင့် ၀န်ကြီးတစ်ဦးကို တရား၀င် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က ဦးနု အစိုးရအဖွဲ့တွင် အတွင်း၀န် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။
==အစိုးရဟူသောအသုံးအနှုန်း၏အဓိပ္ပယ်ဖွင့်ဆိုချက်==
လူမှုရေးသိပ္ပံ တွင် အစိုးရ ဟူသည့် အသုံးအနှုန်းမှာ ပေးထားသော အချိန်ကာလတစ်ခုအတွင်း (နိုင်ငံ-) ပြည်ထောင်စုနိုင်ငံ တစ်ခုကို အုပ်ချုပ်ရေး ဗျူရိုကရေစီစနစ် အရ ဖွဲ့စည်းထားသော သီးသန့် လူအသင်းအဖွဲ့ တစ်ခုနှင့် ထိုသူတို့မှ ဖွဲ့စည်းတည်ဆောက်ထားသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြုမူပုံများကို ရည်ညွှန်းပါသည်။ဆိုလိုသည်မှာ အစိုးရဟူသည် နိုင်ငံတော်၏ စွမ်းအားများကို အသုံးချနိုင်သည့် နည်းလမ်းများ ဖြစ်ပါသည်။ စဉ်ဆက်မပြတ် ဆက်ခံလာသော အစိုးရ အမျိုးမျိုးတို့မှ ပြည်ထောင်စု နိုင်ငံတော်တို့ ၏ တာဝန်များအား ထမ်းဆောင်လာကြသည်။