ကုန်းတွင်းပိတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၃၁ -
*ကော့ကေးဆပ်ဒေသ (၁နိုင်ငံ): [[တောင်အော်ဆက်တီးယား]] (အပြည့်အဝအသိအမှတ်မပြုသေး)
အကယ်၍ [[ကော့ကေးဆပ်]]ဒေသကို [[ဥရောပတိုက်]]တွင် ထည့်သွင်းရေတွက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံအရေအတွက် (၁၉)နိုင်ငံဖြင့် အများဆုံးဖြစ်သည်။ ကာဇက်စတန်နိုင်ငံကို တစ်ခါတရံတွင် ဥရောပ-အာရှခွတည်နိုင်ငံအဖြစ်ယူဆလေ့ရှိရာ ၎င်းကိုပါ ထည့်သွင်းတွက်ချက်ပါက ဥရောပတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံပေါင်း (၂၀)အထိရှိမည်ဖြစ်သည်။ အကယ်၍ ၎င်းတိုင်းပြည်များကို [[အာရှတိုက်]]တွင်ပါဝင်သည်ဟု ထည့်သွင်းတွက်ချက်ပါက [[အာဖရိကတိုက်]]သည် ကုန်းတွင်းပိတ်နိုင်ငံစုစုပေါင်း (၁၆)နိုင်ငံဖြင့် အများဆုံးဖြစ်မည်ဖြစ်သည်။ ကော့ကေးဆပ်တိုင်းပြည်များအားထည့်သွင်းတွက်ချက်မှုပေါ်မူတည်၍ အာရှတိုက်သည် ကုန်းတွင်းပိတ်နိုင်ငံ (၉)နိုင်ငံ သို့မဟုတ် (၁၄)နိုင်ငံရှိသည်။ [[တောင်အမေရိကတိုက်]]သည် ကုန်းတွင်းပိတ်နိုင်ငံ (၂)နိုင်ငံတည်းသားရှိသည်။ [[မြောက်အမေရိကတိုက်]]နှင့် [[သြစတြေးလျတိုက်]]တို့တွင် ကုန်းတွင်းပိတ်နိုင်ငံမရှိပေ။
==ဒွိ (နှစ်ထပ်ပိတ်) ကုန်းတွင်းပိတ်နိုင်ငံများ==
==နှစ်ထပ်ကုန်းတွင်းပိတ်နိုင်ငံများ==
ကုန်းတွင်းပိတ်နိုင်ငံတစ်ခုသည် ၎င်းကိုပိတ်ထားသောပတ်ဝန်းကျင်တိုင်းပြည်များသည်လည်း ကုန်းတွင်းပိတ်နိုင်ငံများသာ ဖြစ်နေကြလျှင် ၎င်းနိုင်ငံကို ဒွိကုန်းတွင်းပိတ်နိုင်ငံ (သို့မဟုတ်) နှစ်ထပ်ပိတ်ကုန်းတွင်ပိတ်နိုင်ငံဟု ခေါ်ဆိုသည်။
ကမ္ဘာပေါ်တွင် ဒွိကုန်းတွင်းပိတ်နိုင်ငံ ၂နိုင်ငံရှိသည်။
(၁) လက်ချင်စတိန်းသည် ဗဟိုဥရောပဒေသတွင် တည်ရှိပြီး ပင်လယ်ထွက်ပေါက်ရယူရန်အတွက် အနည်းဆုံး ဆွစ်ဇာလန်နှင့် သြစတြီးယား ၂နိုင်ငံကို ဖြတ်သန်းရမည်။
(၂) ဥဇဘက်ကစ္စတန်သည် ဗဟိုအာရှတွင် တည်ရှိပြီး အာဖဂန်နစ္စတန်၊ ကာဇက်စတန်၊ ကီးရ်ဂစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံတို့က ဝန်းရံထားသည်။
==ဧကဥဿုံကုန်းတွင်းပိတ်နိုင်ငံများ==