ရွှေကျင်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉၄ -
 
ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလား-ဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ဝမ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လော-ဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏။ အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ဝမ်းမြောက်သောကြောင့် ဖြစ်ပေသည်။ <ref>http://mawluu.blogspot.com/2008/07/blog-post_22.html</ref>
ရွှေကျင်ဆရာတော် (မြန်မာ ၁၁၈၄-၁၂၅၅) ။ ။
ရွှေကျင်ဆရာတော်သည် ရွှေဘိုမြို့တောင်ဘက်ခရီးခြောက်
တိုင်ကွာ လှတောကြီး ငါးရွာအဝင် ရွှေကျင်ရွာ၌ သက္ကရာဇ်
၁၁၈၄ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ ညဉ့်သုံးချက်တီး
ကျော် ၁၃ ရက် အင်္ဂါနေ့အဝင်တွင် ဖွားမြင်တော်မူသည်။
မိဘများမှာ ဦးမောင် ဒေါ်မယ်မိတို့ ဖြစ်သည်။ ဆရာတော်၏
ငယ်မည်မှာ မောင်သန့်ဖြစ်သည်။ ခုနစ်နှစ်သား အရွယ် ရောက်
သောအခါ ထိုရွာ မဟာဗောဓိကျောင်းဆရာတော် ဦးဝရဗုဒ္ဓိထံ၌
ဖိမများက အပ်နှံသဖြင့် သူငယ်များဆိုင်ရာစာများကို သင်ကြား
ခဲ့ရသည်။ အသက် ဆဲ့လေးနှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်
သို့ ရောက်သည်။အသက်ဆဲ့ငါးနှစ်အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကပါ
ကျောင်းဆရာတော်ထံ၌ စာပေသင်ကြားတော်မူ၍ ထိုမှတစ်ဖန်
ဆဲ့ရှစ်နှစ်အရွယ်တွင် အကျင့်သိက္ခာအရာ၌ လွန်စွာကျော်စော
တော်မူလှသည့် သီးလုံးသိက္ခာတော် အရှင်စန္ဒိမာလင်္ကာရထံသို့
ရောက်ရှိကာ စာပေပရိယတ္တိနှင့်တကွ ပဋိပတ္တိနည်းနာများကိုပါ
နည်းခံသင်ကြားတော်မူသည်။
 
အသက်နှစ်ဆယ်ပြည့်သောအခါ ဇာတိရပ်ရွာ ငယ်ဆရာ
ရင်း ဦးဝရဗုဒ္ဓိထံ၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။
ဘွဲ့တော်မှာ ဦးဇာဂရ ဖြစ်သည်။ ရဟန်းအဖြစ်သို့ ရောက်တော်
မူပြီးနောက် အမရပူရ ရာဇဌာနီ မင်းနေပြည်မှ စ၍ အမြို့မြို့
အရွာရွာ၌ ဆရာပေါင်း နှစ်ဆယ်ကျော်ထံ နည်းခံသင်ကြား၍
ပိဋကတ်ကျမ်းဂန်တို့၌ နိုင်နင်းကျွမ်းကျင်တော်မူသဖြင့် ခုနစ်ဝါ
ရှစ်ဝါရသောအခါ မန်ကျည်းစဉ်ရွာ၊ ခေါတောရွာ၊ ရှိမ်းမကား
ရွာတို့၌ သီတင်းသုံးကာ စာချပုဂ္ဂိုလ်အဖြစ်ဖြင့် စာပေပို့ချ
တော်မူသည်။ ရွှေကျင်ဆရာတော်ကား ပါဠိပိဋကတ် ကျမ်းဂန်
များသာမဟုတ်၊ ဗင်္ဂါလီ နာဂရီ သက္ကဋ စာပေကျမ်းဂန်များ
ကိုပါ တတ်မြောက်တော်မူသည်။ စာပေပို့ချ၍ ခြောက်နှစ်မျှ
အကြာ သိက္ခာတော် ဆဲ့လေးဝါအရတွင် မင်းတုန်းမင်းတရား
ကြီး၏ တောင်းပန်လျှောက်ထားချက်အရ ရွှေဘိုမြို့ မြောက်
ဘက် မြင်းနယ်တစ်ပြင်၌ သာသနာတော်သန့်ရှင်းစည်ပင်အောင်
ရွက်ဆောင်မူသည်။
 
မင်းတုန်းမင်းတရားကြီးသည် မင်းအဖြစ်သို့ မရောက်မီ
သက္ကရာဇ် ၁၂၁၄ ခုနှစ် ပြာသိုလတွင် ရွှေဘိုမြို့သို့ ရောက်ရှိစဉ်
ရွှေကျင်ဆရာတော်ကို အခိုက်အတံ့ တွေ့ဆုံဖူးမြင်ရကာမျှဖြင့်
ဆရာတော်၏ အနေအထိုင် အကျင့်သိက္ခာနှင် သဒ္ဓါပညာ
စွမ်းပကားကို ထင်ရှားစွာ သိလိုက်သဖြင့် နှစ်ခြိုက်အားရ
မြတ်နိုးကြည်ညို တော်မူလှသဖြင့် မင်းအဖြစ်သို့ရောက်လျှင်
သာသနာတော် သန့်ရှင်းစည်ပင်ရေးကို အားပေးရွက်ဆောင်
တော်မူပါရန် တောင်းပန်လျှောက်ထားခဲ့ဖူးလေသည်။ ယင်း
စကားအတိုင်းပင် ရွှေဘိုမြို့ မြောက်ဘက် မြင်းနယ်တစ်ပြင်၌
သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရန်
တောင်းပန်လျှောက်ထားခြင်း ဖြစ်သည်။
 
ရွှေကျင်ဆရာတော်သည် ဝါတော် ၁၉ ဝါအရ သက္ကရာဇ်
၁၂၂၂ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး၏ ပင့်လျှောက်ချက်
အရ ရတနာပုံ မန္တလေးနေပြည်တော်သို့ ကြွရောက်တော်မူလေ
သည်။ မင်းတုန်းမင်းကြီးသည် ရွှေကျင်ဆရာတော် ကြွရောက်
လာသောအခါ ဝမ်းမြောက်ခြင်း ပြင်းစွာဖြင့် နိုင်ငံတော်အတွင်း
ရှိ ထောင်ပေါင်းများစွာသော ရဟန်းသံဃာတို့ အလယ်တွင်
အထူးသဖြင့် ရွှေကျင်ဆရာတော်ဘုရားကို မြတ်နိုးတော်မူသည်။
အလေးအမြတ်ပြုတော်မူသည်။ မန္တလေးမြို့ မြောက်မျက်နှာ
မန္တလေးတောင်ခြေ၌ ကျောင်းတိုက်ကြီး ငါးတိုက် ဆောက်ပြီး
လျှင် ရွှေကျင်ဆရာတော်ကို အထူး ကိုးကွယ်တော်မူသည်။
ကျောင်းတိုက်ကြီး ငါးတိုက်ကား မဟာဓမ္မိကာရာမတိုက်၊
ထရံကာတိုက်၊ ရမည်းသင်းတိုက်၊ မင်းခင်းတိုက်၊ မြတောင်
တိုက်တို့ ဖြစ်သည်။ ယင်းတို့ကို ရွှေကျင်ငါးတိုက်ဟုလည်း
ခေါ်သည်။
 
ရွှေကျင်ဆရာတော်သည် ဘွဲ့အမည်အားဖြင့် မကျော်စောဘဲ
ဇာတိရပ်ရွာအမည်အားဖြင့် ရွှေကျင်ဆရာတော် ဟူ၍သာ ကျော်
စော ထင်ရှားတော်မည်။ အနေအထိုင် အကျင့်သိက္ခာအရာ၌
လွန်စွာထူးခြားလှသဖြင့် ရွှေကျင်ဆရာတော်၏ ဂုဏ်သတင်းမှာ
မြို့တွင်းမြို့ပြင်ပတ်ဝန်းကျင်အရပ်တို့၌ အထူးသဖြင့် ကျော်ကြား
လျက်ရှိသည်ဖြစ်သောကြောင့် သီတင်းသုံးရာ ကျောင်းတိုက်
အမည်သည်ပင်လျှင် ရွှေကျင်တိုက်ဟူ၍ တွင်လေသည်။
ရွှေကျင်ဆရာတော်ဘုရား၏ သီလသမာဓိပညာသဒ္ဓါတရား
ထက်သန်မှု၌ အကြွင်းမဲ့ကြည်ညိုရင်းရှိသော မင်းတုန်းမင်း
တရားကြီးသည် ရွှေကျင်ကျောင်းတိုက်ရှိ သံဃာတော်များအား
အရုဏ်ဆွမ်း နေ့ဆွမ်းနှင့်တကွ ပစ္စည်းလေးပါးတို့ကို ပြည့်စုံ
လုံလောက်စွာ ထောက်ပံ့လှူဒါန်းတော်မူသည်။
 
အခါတစ်ပါးတွင် သုဓမ္မာဝင် ဆရာတော်များ အမိန့်ဖြင့်
ရွှေကျင်ဆရာတော်ကို သုဓမ္မာသို့ ကြွရန် ဆင့်ဆိုရာ ရွှေကျင်
ဆရာတော်က မကြွဘဲ နေလေသည်။ ထိုနောက် အကြိမ်ကြိမ်
ဆင့်ဆိုသော်လည်း မကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက
အတင်းဆွဲခေါ်ရန် စီမံကြလေသည်။ ထိုအကြောင်းကို မင်းတုန်း
မင်းကြီးကြားသိ၍ တားဆီးလျှောက်ထားသဖြင့် ပျက်သွားလေ
သည်။ ထိုအရေးအခင်း ဖြစ်ပြီးနောက် ရွှေကျင်ဆရာ တော်အား
ဂဏဝိမုတ်(ဂိုဏ်းမှ အလွတ်ပုဂ္ဂိုလ်) အမိန့်တော် ထုတ်လေ
သည်။ ထိုအခါမှစ၍ ရွှေကျင်ဆရာတော်နှင့်တကွ သဘောတူ
သံဃာတစ်စုမှာ သုဓမ္မာသဘင်မှ အသီးအခြား ဖြစ်လေသည်။
ထိုသံဃာတစ်စု၌ လည်း ရွှေကျင်ဆရာတော်က ပြဋ္ဌာန်းသော
ကြောင့် ယင်းသံဃာတစ်စုကို ရွှေကျင်ဂိုဏ်းဟု ခေါ်ဝေါ်ကြ
လေသည်။
 
ရွှေကျင်ဆရာတော်သည် ဝါတော်နှင့်ဆယ့်ခြောက်ဝါအရ
သက္ကရာဇ် ၁၂၃ဝ ပြည့်နှစ်တွင် သာသနာ့ဒါယကာ မင်းတုန်း
မင်းတရားကြီး၏ လျှောက်ထားတောင်းပန်ချက်အရ အလုံမြို့၊
ဒီပဲရင်းမြို့၊ တလုပ်မြို့၊ ရွှေဘိုမြို့၊ ကလေး၊ ရာဇဂြိုဟ် စသော
မြို့နယ်များ၌ ဂိုဏ်းချုပ် ဂိုဏ်းအုပ် ဂိုဏ်းထောက်များထား၍
သာသနာပြုတော်မူရလေသည်။
 
ရွှေကျင်ဆရာတော်ဘုရား၏ သီလ သမာဓိ ပညာ အကျင့်
သိက္ခာဂုဏ်တို့ကြောင့် တပည့်ရဟန်းသံဃာများ တိုးပွားများပြား
လာသည်နှင့်အမျှ ကြည်ညိုသော ဒါယကာများလည်း တိုးတက်
များပြားလာသည်ဖြစ်ရာ ၁၂၃၃ ခုနှစ် တပေါင်းလဆန်း ၁ဝ
ရက်နေ့တွင် ဝိသုဒ္ဓါရာမကျောင်းတိုက်ကြီးကို အလှူခံတော်
မူရလေသည်။ ရွှေကျင်ဆရာတော်သည် ဓမ္မိကာရာမရွှေကျင်
ငါးတိုက်နှင့်တကွ ဝိသုဒ္ဓါရာမ စသည့် တစ်ဆဲ့နှစ်ရပ်သော
ကျောင်းတိုက်ကြီးတို့၌ တပည့်စာချပုဂ္ဂိုလ်အများကို လွှဲxm;
ဆောက်နှင်းလျက် သာသနာတော် သန့်ရှင်းစည်ပင်အောင်
ရွက်ဆောင်တော်မူသည်။ ထိုအခါ မင်းတုန်းမင်းတရားကြီးက
''ဇာဂရာဘိဓဇ သဒ္ဓမ္မဝံသ အတုလဓိပတိ မဟာဓမ္မရာဇာဓိ
ရာဇဂုရု''တံဆိပ်တော် လှူဒါန်းဆက်ကပ်တော်မူသည်ကို
ခံတော်မမူဘဲ ပယ်ရှောင်လွှဲ၍ ရောင့်ရဲတော်မူသည်။
 
ရွှေကျင်ဆရာတော်ဘုရားကြီးသည် နှစ်ပေါင်းများစွာ
သာသနာတော် သန့်ရှင်းစည်ပင်မှုကို ဂရုကတ ဥဿာဟမယုတ်
အားထုတ်ရွက်ဆောင်တော်မူပြီးလျှင် ပင်ကိုအားဖြင့် နိက္ခမ
ဓာတ်ခံ စိတ်သန်တော်မူရင်း ရှိသည်နှင့် သက်တော် ၅၃ နှစ်
သိက္ခာတော် ၃၃ ဝါ ရှိသောအခါ ၁၂၃၇ ခုနှစ်တွင် ရတနာပုံ
မန္တလေးမြို့ ဓမ္မိကာရာမရွှေကျင်တိုက်မှ ဖဲခွာ၍ ကိန္နရာတောင်၊
ရေတံခွန်တောင်၊ ငစဉ့်ကိုင်တောရ၊ ကုက္ကိုချောင်တောရတို့၌
ထိုက်သည်အားလျော်စွာ ဝိပဿနာတရားကို ပွားများတော်မူ
လျက် သီတင်းသုံးတော်မူသည်။
 
ရွှေကျင်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၃၈
ခုနှစ်တွင် မြတ်စွာဘုရား၏ စွယ်တော်မြတ်ကို ဖူးမျှော်ရန်
သီဟိုဠ်သို့ ကြွရာ မလွန်မြို့ မင်းလှရွာသို့ ရောက်လျှင် ထိုရွာ
နေ ရှင်လူရဟန်းတို့က အခါအခွင့် မသင့်လျော်သေးပါကြောင်း
လျှောက်ထားတောင်းပန်ကြသဖြင့် မင်းလှရွာ နွားလှန်တောင်
တောရကျောင်းတွင် ဝါဆို သီတင်းသုံးပြီးလျှင် ၁၂၃၉ ခုနှစ်
တပေါင်းလသို့ ရောက်သောအခါ သာသနာ့ဒါယကာ ပဉ္စမသင်္ဂါ
ယနာတင် ဘုရင်မင်းမြတ်ကို ခတ္တိယေဝါဒကျမ်းစာဖြင့် 0x100သဝါဒ
ပေးခဲ့၍ သီဟိုဠ်ကျွန်းသို့ ကြွတော်မူသည်။
 
ဆရာတော်ဘုရားကြီးသည် မြတ်စွာဘုရား၏ စွယ်တော်
မြတ်ကို ပူဇော်ခြင်း၊ သီဟိုဠ်ကျွန်းသူကျွန်းသား၊ လူရှင်အများ
တို့ကို တရားဓမ္မ 0x100သဝါဒပေးခြင်း၊ ယင်း0x100သဝါဒစကားများ
ရှည်ကြာစွာ တည်စေခြင်းငှာ လင်္ကာ သာသနဝိသုဒ္ဓိကထာ
ကျမ်းကို ပါဠိဘာသာဖြင့် ရေးသားပေးထားခဲ့ခြင်း၊ သီဟိုဠ်
ရဟန်းတို့ကို ရဟန်းထပ်ခံပေးခြင်း စသည်ဖြင့် သာသနာရေး
ကိစ္စများကို ဆောင်ရွက်တော်မူပြီးလျှင် သက္ကရာဇ် ၁၂၄ဝ ပြည့်
နှစ်အတွင်း သီတင်းဝါလကျွတ်သောအခါ မြန်မာနိုင်ငံသို့ ပြန်
လည်ကြွရောက်၍ မင်းလှရွာ၌ပင် ဝါကပ်သီတင်းသုံးတော်
မူသည်။
 
ရွှေကျင်ဆရာတော်ဘုရားကြီးသည် မင်းလှရွာ၌ သီတင်း
သုံး နေတော်မူစဉ် သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ရတနာပုံ
မန္တလေးနေပြည်တော် ဒုတိယနန်းစံသားတော် သီပေါမင်းက
ပင့်လျှောက်သဖြင့် မန္တလေး နေပြည်တော်သို့ ကြွရောက်တော်
မူပြီးလျှင် သက္ကရာဇ် ၁၂၄၄ ခုနှစ် တပေါင်းလတွင် သီပေါမင်း
က ''ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မ
ရာဇာဓိရာဇဂုရု''တံဆိပ်တော် လှူဒါန်းဆက်ကပ်၍ သာသနာပြု
အပ်နှင်း တော်မူသဖြင့် သာသနာပြုလုပ်ငန်းများကို ဆက်လက်
ဆောင်ရွက်တော်မူလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီးသည်
သီလ သမာဓိ ပညာဂုဏ်နှင့် ပြည့်စုံတော်မူသည့်အပြင် အထူး
သဖြင့် သဒ္ဓါဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့်
သာသနာတော် သန့်ရှင်းစည်ပင်အောင် ရွက်ဆောင်တော်မူရာ၌
အထူး အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏
သဒ္ဓါ ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူရာ၌ အထူး
အောင်မြင်တော်မူလေသည်။ ဆရာတော်ဘုရားကြီး၏ သဒ္ဓါ
ဝီရိယဓာတ်ခံ ထက်သန်ကြီးမားတော်မူသောကြောင့်ပင် မြန်မာ
ပြည်သာသနာ၌ ရွှေကျင်ဂိုဏ်းဟု သံဃာ့ဂိုဏ်းကြီးတစ်ဂိုဏ်း
သီးခြားပေါ်လာခြင်း ဖြစ်ပေသည်။ ယခုအခါ၌ (၁၃၂၄ ခု)
မြန်မာနိုင်ငံတွင် ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း ၁၃၅၇
ကျောင်းရှိ၍ ဂိုဏ်းဝင်သံဃာပေါင်း တစ်သောင်းကျော်မျှ ရှိနေ
လေသည်။ ယင်းသို့ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်
တော်မူပြီးလျှင် သက်တော် ၆၄ နှစ် ဝါတော် ၄၄ ဝါ ရသော
အခါ နေပြည်တော် ဓမ္မိကာရာမ ရွှေကျင်တိုက်မှ ဖဲခွာ၍
ဧရာဝတီမြစ် အနောက်ဘက် မင်းကွန်းငွေတောင်တောရသို့ ကြွ
ရောက် ဝါကပ်တော်မူသည်။
 
ရှေကျင်ဆရာတော်ဘုရားကြီးသည် မြန်မာနိုင်ငံ သာသနာ
တော်၌ ရွှေကျင်ဂိုဏ်းဟူသောအမည်ဖြင့် သံဃာဂိုဏ်းကြီးတစ်ခု
ပေါ်ပေါက်လာရသည့်တိုင်အောင် သာသနာတော် သန့်ရှင်းစည်
ပင်ရေးကို အားသွန်ခွန် စိုက် ကြိုးပမ်းရွက်ဆောင်တော်မူရင်း
ကပင် နောင်လာနောက်သား တပည့်တပန်းများအတွက် ကျမ်း
ပေါင်း များစွာကိုလည်း ပြုစုတော်မူခဲ့လေသည်။
 
ရွှေကျင်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သည့်ကျမ်းများ
ကို အောက်ပါအတိုင်း ဖြစ်သည်။
၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဒီပနီကျမ်း၊
၂။ ကေဝဓောဝါဒ၊
၃။ ခတ္တိယောဝါဒ၊
၄။ ဂဏဘေဒ ဒီပနီ၊
၅။ ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း၊
၆။ ဒသဓမ္မာလင်္ကာရ အဋ္ဌကထာ၊
၇။ ဒါရုက္ခန္ဓသုတ် နိဿယ၊
၈။ ဓမ္မောသဓဒီပနီ၊
၉။ နေတ္တိလီနတ္ထသင်္ဂဟ၊
၁ဝ။ နေတ္တိဟာရတ္ထဝိဘာဝနီ၊
၁၁။ နိဿယင်္ဂဝိနိစ္ဆယ၊
၁၂။ ပဋိစ္စသမုပ္ပါဒ ဒီပနီ၊
၁၃။ ဗောဇ္ဈင်္ဂ ဝိနိစ္ဆယ၊
၁၄။ မာသိဿကောဝါဒ၊
၁၅။ ယွာဋီကာ၊
၁၆။ ရူပဘေဒ ဝိဘာဝနီ၊
၁၇။ လင်္ကာ သာသနဝိသုဒ္ဓိကထာ၊
၁၈။ ဝိစိတြဝန္ဒနာဘုရားရှိခိုး၊
၁၉။ ဝိနယဂရု ဒီပနီ၊
၂ဝ။ ဝိနယမဓု၊
၂၁။ ဝဉ္စနာဒီပနီ၊
၂၂။ သမာသ်ဂဏ္ဌိ၊
၂၃။ သီမာ သင်္ကရဝိနိစ္ဆယ၊
၂၄။ သီမာ ဝိသောဓနီ၊
၂၅။ သာသန ဝိဝသာဓနီ၊
၂၆။ သီဟဠောဝါဒ၊
၂၇။ သန္ဒေသကထာ၊
၂၈။ ဥပဒေသကထာ၊
၂၉။ 0x100သဝါဒါလင်္ကာရ ဓမ္မကထာ၊
၃ဝ။ အဋ္ဌိက ကမ္မဋ္ဌာန်း
ရွှေကျင်ဆရာတော်ဘုရားကြီးသည် တပည့်ရဟန်းတို့အား
စာပေပို့ချခြင်း၊ မိမိ0x100သဝါဒခံ ဂိုဏ်းသံဃာအားလုံးကို စည်းကမ်း
သေဝပ်အောင် အုပ်ချုပ်ထိန်းသိမ်း ကွပ်ကဲဆုံးမ 0x100သဝါဒပေး
ခြင်း၊ တောရဆောက်တည်ခြင်း စသည်ဖြင့် မြန်မာပြည် သာ
သနာတွင် စံပြပုဂ္ဂိုလ်ကြီးတစ်ဆူအဖြစ်ဖြင့် နှစ်ပေါင်းများစွာ
သာသနာတော် သန့်ရှင်းစည်ပင်ရေးကို ဆောင်ရွက်တော်မူပြီး
လျှင် သက်တော် ၇၂ နှစ်၊ ဝါတော် ၅၂ ဝါ၊ သက္ကရာဇ် ၁၂၅၅
ခုနှစ် တပေါင်းလပြည့်ကျော် ၇ ရက်နေ့တွင် မင်းကွန်းငွေ
တောင် တောရ၌ ပျံလွန်တော်မူလေသည်။
 
(ဤ ရွှေကျင်ဆရာတော် အတ္ထုပ္ပတ္တိအကျဉ်းကို ရေးသား
ရာ၌ အောက်ပါစာအုပ်များကို ကြည့်ရှုလေ့လာ တိုက်ဆိုင်ရေး
သားပါသည်။
၁။ ၁၂၅၃ ခုနှစ် ရွှေကျင်ဆရာတော်ကြီးရှိစဉ် မောင်း
ထောင် ဆရာတော်ရေးသည့် ရွှေကျင်ဆရာတော် ဘုရားကြီး၏
ထေရုပ္ပတ္တိစာတမ်း။ ၂။ ဝိသုဒ္ဓါရုံဥုးကောသလ္လ ရေးသည့်
ဝိသုဒ္ဓါရုံ ထေရုပ္ပတ္တိကထာ။ ၃။ အရှင်သီရိဓမ္မနှင့် လယ်တီ
ပဏ္ဍိတတို့ ရေးသည့် မဟာဝိသုဒ္ဓါရာမိက ထေရုပ္ပတ္တိ ဒီပနီ။
၄။ ဝိသုဒ္ဓါရုံဆရာ တော် ရေးသည့် ပရမတ္ထသရူပဘေဒနီ နိဂုံး။
၅။ သုသောဓိတ မဟာရာဇဝင် ဆဋ္ဌမတွဲ။ ၆။ ဦးအာလောက
ရေးသည့် သာသနာဝင်ကျမ်း။ ၇။ အရှင်ပဏ္ဍိတရေးသည့် ရွှေ
ဟင်္သာတောရသမိုင်း။ ၈။ ဦးဘသန်းရေးသည့် ရွှေကျင်သာသနာ
နှစ်တစ်ရာ။) <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
==စာကိုး==