ရွှေလီမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၅ -
 
[[တောင်ငူ-ဟံသာဝတီခေတ်]]တွင် [[ဘုရင့်နောင်]]၏ သိမ်းသွင်းမှုကြောင့် ရှမ်းတို့သည် မှားယွင်းသည့် အယူဘာသာများမှ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသည်။ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။
 
==ရွှေလီမြစ်==
တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီးလျှင် မြန်မာနိုင်ငံ ဧရာဝတီ
မြစ်ကြီးထဲသို့ စီးဝင်သော ထင်ရှားသည့် မြစ်လက်တက်ကြီး
တစ်ခုမှာ ရွှေလီမြစ်ဖြစ်၍ မြန်မာနိုင်ငံ၏အရှေ့တံခါးပေါက်ကြီး
တစ်ခု ဖြစ်သည်။ မိုင်ပေါင်း ၃၅ဝ ခန့် ရှည်လျား၏။ ရွှေလီ
မြစ်စဉ်အတိုင်း ဆန်တက်ပါက တရုတ်-မြန်မာ နယ်နိမိတ်ကို
ဖြတ်သန်း၍ တရုတ်နိုင်ငံတွင်းသို့ ပေါက်သည်။တရုတ်-မြန်မာ
လမ်းမကြီးသည် များသောအပိုင်းတွင် ရွှေလီမြစ်နှင့် ယှဉ်ပြိုင်
သွယ်တန်းလျက် ရှိ၏။
 
တရုတ်နိုင်ငံ ထိန်ယွေး(မိုးမျဉ်း)နယ် အရှေ့မြောက်ဘက်
မိုင် ၆ဝ ခန့်အကွာမှ မြစ်ဖျားခံခဲ့ပြီးနောက်၊ အနောက်တောင်
ဘက်သို့ စီးဆင်းကာ မိုင်းမော၊ နမ့်ခမ်းမြို့များအနီးမှ ဖြတ်
သန်း၍ မိုးမိတ်နယ်သို့ ဝင်ပြီးလျှင် မြစ်ဆုံရွာအနီး ရောက်သော
အခါ မြောက်ဘက်သို့ မြစ်ကြောင်းတစ်ဖန်လှည့်၍ ကသာမြို့
တောင်ဘက် မိုင် ၂ဝ ခန့်ကွာဝေးသော အင်းရွာနားမှ ဧရာဝတီ
မြစ်ထဲသို့ ပေါင်းဆုံစီးဝင်သည်။ ထိုကြောင့် ရွှေလီမြစ်သည်
တရုတ်၊ ရှမ်းနှင့် ကချင်ဒေသများကို ဆက်သွယ်ပေးသော
တံခါးပေါက်ကြီးဟု ဆိုရပေမည်။
 
ရွှေလီမြစ်ကို ချီဖင်လွင်ပြင်သို့ မရောက်မီ တရုတ်တို့က
လွန်ကျန်၊ လွန်ချွန်ကျန်မြစ်ဟု ခေါ်၍ ရှမ်းတို့က နမ့်ယန်မြစ်
ဟု ခေါ်သည်။ ချီဖင်လွင်ပြင်ကို ကျော်လာသောအခါ နမ့်မော
မြစ်ဟု ခေါ်ကြပြန်သည်။ အရှည်အားဖြင့် မိုင် ၂၆ဝ ရှိ၍
တောတောင်စိမ့်စမ်း လျှိုမြောင်ကြားမှ ဖြတ်စီးရသောကြောင့်
မြစ်ကျဉ်းများ ရေတံခွန်များ ပေါများသဖြင့် အချို့နေရာ၌
ကူးသန်းသွားလာရေး ခက်ခဲသည်။ မြစ်ဆုံရွာအောက်ဘက်တွင်
မြစ်ကြောင်းသည် အလွန်ကျဉ်းသည်။ မိုးကုတ်နယ် ရွှေညောင်
ပင်ရွာနားမှ စီးဆင်းလာသော ကင်းချောင်းနှင့် မိုးမိတ်မြို့ကို
ဖြတ်သန်းစီးဆင်းလာသော နမ့်မိတ်မြစ်တို့သည် ပေါင်းဆုံပြီး
နောက် မြစ်ဆုံရွာနားတွင် ရွှေလီမြစ်ထဲသို့ လက်ဝဲဘက်မှ
စီးဝင်သည်။ အခြားထင်ရှားသော မြစ်လက်တက်ဟူ၍ကား
မရှိချေ။ ရွှေလီမြစ်သည် ကူးသန်းသွားလာရန် များစွာ အသုံး
မဝင်သော်လည်း ယင်းကို သစ်ဝါးမျှောရန် အသုံးပြုကြသည်။
နမ့်ခမ်းမြို့အနီး ဆွပ်ခမ်းရွာ အောက်နားတွင် ရွှေလီမြစ်
သည် တောင်ကုန်းကို ဖြတ်၍ စီးဆင်းရသဖြင့် ကိုက် ၁ဝဝ
ခန့်သာ ကျယ်၍ ရေတံခွန်များ အလွန်များပြားသဖြင့် လှေ
သင်္ဘောများ သွားလာခြင်းမပြုနိုင်ချေ။ ချီဖင်ဒေသ မန်ပင်ရွာ
နှင့် ဆွပ်ခမ်းရွာကြား၌သာ ကူးသန်းသွားလာရန် အသုံးဝင်လေ
သည်။ ဧရာဝတီမြစ်သို့ စီးဝင်ခါနီး ရွှေလီမြစ်၏ အောက်ပိုင်း
ဒေသ၌ သစ်တောကြီးများ ရှိသည်။
 
ရွှေလီမြစ်ပေါ်ရှိ ထင်ရှားသော ကူးတို့ဆိပ်များမှာ နောင်
ခမ်း၊ ဆွပ်ခမ်း၊ တကျယ်၊ အေအောကာ၊ တာလီ၊ ပိန်းခ၊
ဖျီပေါ၊ မန်းဆတ်တို့ ဖြစ်ကြသည်။အချို့သည် အိမ်ခြေနှစ်ဆယ်
အစိတ်သာ ဖြစ်သည်။
 
မိုင်းမောနှင့် နမ့်ခမ်းလွင်ပြင်ဒေသတွင် ရွှေလီမြစ်သည်
လွင်ပြင်ကို စီးဆင်းရသော်လည်း အကွေ့အကောက်များသဖြင့်
ရေစုန်၌ပင် အသွားအလာ အလွန်နှောင့်နှေးသောကြောင့် ကုန်း
လမ်းခရီးဖြင့်သာ အသွားများသည်။ ထိုနေရာရှိ ရွှေလီမြစ်ဝှမ်း
ဒေသသည် အရှေ့နှင့် အနောက်မိုင် ၃ဝ ခန့်၊ တောင်နှင့်
မြောက် ခုနစ်မိုင်ခန့် ရှည်လျားသည်။ ရေမျက်နှာပြင်မှ ပေ
၂၄ဝဝ မြင့်သော ချိုင့်ဝှမ်းဒေသဖြစ်၍ မိုးရာသီတွင် ရေလွှမ်း
နေတတ်သည်။ ထိုဒေသသည် ရွှေလီမြစ်တစ်လျှောက်တွင်
လူဦးရေအများဆုံးဒေသ ဖြစ်သည်။ လူဦးရေ တစ်သိန်းကျော်
ခန့် ရှိသည်။
 
ရွှေလီနယ်ဒေသကို ရှေးနယ်ရှင်စော်ဘွားကြီးများခေတ်တွင်
မြို့စားပေါင်း ၁၅ ဦးတို့ဖြင့် ခွဲဝေအုပ်ချုပ်ခဲ့လေသည်။ လွတ်
လပ်ရေးရပြီးနောက် နယ်ရှင် သိန္နီစော်ဘွားကြီးက ရွှေလီနယ်
ဒေသရှိ နမ့်ခမ်းမြို့တွင် ရွှေလီအမတ်တစ်ဦးထားရှိကာ မြို့စား
များကို အုပ်ချုပ်စေသည်။ စော်ဘွားများ အာဏာစွန့်လွှတ်
ပြီးနောက်၌မူ နမ့်ခမ်းမြို့တွင် နယ်ပိုင်ဝန်ထောက်တစ်ဦးနှင့်
မြို့ပိုင်တစ်ဦး၊ မူဆယ်မြို့တွင် မြို့ပိုင်တစ်ဦးနှင့် လက်ထောက်
မြို့ပိုင်တစ်ဦး ထားရှိပြီးလျှင် ယခင်မြို့စားများကို တိုက်သူကြီး
များအဖြစ် ဆောင်ရွက်စေသည်။
 
ရွှေလီမြစ်ဝှမ်းဒေသတွင် ရှမ်းလူမျိုး အများဆုံး နေထိုင်
သည်။ ကျန်လူမျိုးတို့မှာ ကချင်၊ ပလောင်၊ လီဆူများဖြစ်၍
တရုတ်လူမျိုးလည်း အများအပြား လာရောက်နေထိုင်ကြသည်။
ရွှေလီဒေသ ရှမ်းများသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်း
ရွေ့ စီးပွားရှာလေ့ ရှိကြသည်။ အထူးသဖြင့် ရှမ်းပြည်မြောက်
ပိုင်းရှိ လားရှိုး၊ တန့်ယန်း၊ နမ္မတူမြို့များ၊ ရှမ်းပြည်တောင်ပိုင်း
ရှိ လင်းခေး၊ ပင်လုံ၊ ကျိုင်းတုံ စသော မြို့များသို့ သွားရောက်
စီးပွားရှာကြသည်။ ထိုမြို့များ၌မူ နမ့်ခမ်းရှမ်းဟု တွင်သည်။
ယင်းတို့သည် များသောအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြ
သည်။တစ်ရာခိုင်နှုန်းခန့်သာ ခရစ်ယန်၊ မွတ်စလင်နှင့် နတ်များ
ကို ကိုးကွယ်သူများ ဖြစ်ကြသည်။ ထိုဒေသရှိ လူအပေါင်း
တို့သည် မြန်မာနိုင်ငံထက် တရုတ်နိုင်ငံနှင့် အဆက်အသွယ်
လွယ်ကူသဖြင့် အနေအထိုင် ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့သည်
တရုတ်ဆန်သည်။ တရုတ်နှစ်သစ်ကူးချိန်တွင် ပွဲလမ်းသဘင်
ဆင်ယင်ကျင်းပလေ့ရှိကြသည်။ စားသောက်ရာ၌လည်း တူဖြင့်
ပင် စား၍၊ ဝတ်ဆင်ရာ၌ တရုတ်နိုင်ငံဖြစ် ပစ္စည်းများကို
ဝတ်ဆင်လေ့ ရှိကြသည်။
 
ရွှေလီမြစ်ဝှမ်းဒေသတွင် များသောအားဖြင့် လယ်ယာ
ကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသည်။ ထင်ရှားသော
ထွက်ကုန်များမှာ လက်ဖက်ခြောက်၊ ကျောက်ကျော၊ မက်မုံသီး၊
သစ်သော့သီး၊ သစ်အယ်သီး၊ တယ်သီး၊ ဓား၊ လွယ်အိတ်၊
ခမောက် စသည်တို့ ဖြစ်ကြသည်။
 
ထိုဒေသသို့ ခရီးသွားကြသူများသည် တရုတ်ပြည်သူ့
သမ္မတနိုင်ငံဘက်ရှိ ဝမ်တိမ်မြို့ကလေးနှင့် တံတားကလေးသာ
ခြားလျက်ရှိသော ပန်ဆိုင်းမြို့သို့၎င်း၊ နမ့်ခမ်းမြို့ရှိ ခွဲစိပ်ကုသ
မှုတွင် အထူးကျော်ကြားသော ဒေါက်တာဆီးဂရေ့၏ နမ့်ခမ်း
ဆေးရုံသို့၎င်း လာရောက်လည်ပတ်ကြည့်ရှုကြရသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>
 
==လူဦးရေ==
ရွှေလီဒေသတလျှောက်တွင် ရှမ်းလူမျိုးနှင့် ပလောင်လူမျိုးများအားအများဆုံးတွေ့ရသည်။ ထို့ပြင် ကချင်လူမျိုးအချို့နှင့် တရုတ်လူမျိုးအနည်းငယ်လည်းတွေ့ရသည်။
Line ၃၈ ⟶ ၁၃၇:
 
==ရွှေလီမြစ်ပေါ်မှ ရေအားလျှပ်စစ်ထုပ်လုပ်မှု==
== ကိုးကား ==
 
<references/>
== ရည်ညွှန်းကိုးကား ==
en.wikipedia.org
 
{{DEFAULTSORT:ရ|ရွှေလီမြစ်}}
[[en:Shweli River]]
[[Category:မြစ်]]