လားဟူလူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
No edit summary
စာကြောင်း ၅ -
 
လားဟူအနွယ်ဝင် လားဟူ န နှင့် လားဟူ ရှိ ၂ မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး [[ကျိုင်းတုံမြို့]]တွင် ၁၂ မျိုး နေထိုင်သည်ဟု သိရသည်။ လားဟူ အမျိုးသားများသည် ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးများသည် ရှေးယခင်က အင်္ကျီအရှည်နှင့် ခေါင်းပေါင်းအရှည် ဝတ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီခါးတို၊ လုံချည်၊ ထမီများပြောင်းလဲ ဝတ်ဆင်လာပါသည်။ ရိုးရာဝတ်စုံများကို မင်္ဂလာဆောင်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ဝတ်ဆင်ကြပါသည်။ အမျိုးသမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲပြားတို့ ဖြစ်ပြီး အမျိုးသားများမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။ လားဟူ လူမျိုးများသည် [[နတ်]]၊ [[ဗုဒ္ဓဘာသာ]]၊ [[ခရစ်ယာန်ဘာသာ]]တို့ကို ကိုးကွယ်ကြသည်။ လားဟူ လူမျိုးတို့၏ အနှစ်သက်ဆုံး အလုပ်မှာ "အမဲလိုက်ခြင်း" ဖြစ်သည် ။
 
လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း
တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုုင်အောင်ခရီးလမ်းတစ
်လျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင်
် ပါဝင်ကြသည်။ လားဟူလူမျိုးစုတို့တွင် လားဟူနနှင့် လားဟူရှီ
ဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများ ကမူ ယင်းတို့ကို မူဆိုးဟ
ုခေါ်ကြသည်။ ဤသို့ခေါ်ခြင်းကို လားဟူတို့ကမနှစ်သက်ကြဘဲ
ယင်းတို့အချင်းချင်းသည် တစ်ဦးကိုတစ်ဦး လားဟူဟုသာခေါ်
ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ် မြောက်ဖျား
အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့်
ကျိုင်းတုံ အနီးတစ်ဝိုက် ကျေးရွများသို့ ပြောင်းရွေ့ရောက်ရှိလာ
ကြသည်။လားဟူများသည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ
်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့်ဘုရားကို မျှော်နေကြသ
ူများဖြစ်သည် ဟုပြောဆိုကြ သည်။ အိမ်ဦးခန်းတွင် ဘုရားစင်ကို
နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်း တို့လူဦးရေ ၁ဝ ပုံ ၉
ပုံမှာ ဗုဒ္ဓဝါဒီများဖြစ်သော်လည်း ရုပ်ပွားတော်များ ကိုထားပြီး
ထင်ထင်ရှားရှား ကိုးကွယ်ခြင်းမရှိကြချေ။ အချို့မှာ ခရစ်ယာန်
ဝါဒီများဖြစ်ကြသည်။လားဟူများသည် လယ်ယာလုပ်ခြင်းထက်
တောင်ယာခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။
တောင်ယာပဲခင်းမှ ပေါ်ဦး ပေါ်ဖျားဖြစ်သည့် သစ်သီးဝလံများ၊
ဟင်းသီးဟင်းရွက်များနှင့် စပါး၊ ပဲ၊ ပြောင်းများကို ရှေးဦးစွာ
မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက်လှူဒါန်းပူဇော်ပြီးမှ
စားသုံးကြသည်။လားဟူများသည်လူတိုင်းလိုလို ဦးခေါင်းထိပ်တွင်
ကျစ်ဆံမြီးထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌
ဆံပင်ကိုရိတ်လိုက်လျှင်ဖျားနာပြီးသေတတ်သည်ဟုအယူရှိကြသည်။
လားဟူနသည် ယောကျာ်း၊ မိန်းမ နှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ
ဝတ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ဝတ်သောအက
ငျီ်္ဖြစ်သည်။ ယင်းတို့ အဝတ်တွင် အိမ်ထောင်ကျပြီးသူများအတွက်
ရွှေချည်ထိုးရာ၌ အပြာနှင့်အစိမ်းရောင်ကိုသာထိုးရသည်။ လူပျို
အပျိုများအတွက် အနီ၊ အဖြူ၊ အဝါရောင်များထည့်ရသည်။
လားဟူ မိန်းမသည် အဝတ်ရှည်ဝတ်ရသည်။ ဤကဲ့သို့ ဝတ်ဆင်
်ခြင်းမှာ လင်သားအားလည်းကောင်း၊ လူကြီးမိဘနှင့် ဂုဏ်သရေရှိ
လူကြီးလူကောင်းများအားလည်းကောင်း ရိုသေသမှုပြုသည်ဟု
သဘောထားကြသည်။ လားဟူရှီများမှာ အင်္ကျီတိုဝတ်ဆင်သူများ
ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့ သောလူမျိုးများ
မှာ အင်္ကျီရှည်ဝတ်ဆင်သူက များပြားလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
 
 
== ကောက်သစ်စားပွဲ ==
Line ၂၉ ⟶ ၆၇:
 
* (လားဟူ အမျိုးသားများ) ရွာတွင် သူတပါးသားမယားအား ပြစ်မှား ကျူးလွန်သူရှိပါက ကျွဲကို ကျားဆွဲတတ်သည်။
== ကိုးကား ==
 
<references/>
{{မြန်မာပြည် လူမျိုးများ}}