သမိုင်းအရ ကတာနာ (အင်္ဂလိပ်: Katana) ဓားသည် ဂျပန်ရိုးရာ ဓားကောင်းတစ်လက်ဖြစ်သည်။ ယင်းဓားများကို ဂျပန်စစ်သည်တော် ဆာမူရိုင်းများကအသုံးပြုကြသည်။ ခေတ်ပေါ် ကတာနာဓားများကို ရိုးရာမဟုတ်သော ပစ္စည်းများ၊ နည်းလမ်းအသစ်များဖြင့်ပြုလုပ်ကြသည်။ ကတာနာဓားအသွင်အပြင်မှာ ကွေးညွတ်၊ သေးသွယ်ပြီး အသွားတစ်ဖက်တည်းသာပါပြီး စက်ဝိုင်း (သို့) လေးဒေါင့်ပုံ ဓားအခံပါသော လက် နှစ်ဖက်ဖြင့် ကိုင်ရသောဓားဖြစ်သည်။


ဂျပန်ပြည်တွင်ထုတ်လုပ်ခဲ့သော ဓားများ၏ အမည်နှင့် ခုနှစ်အချိန်ဇယားများ ပြင်ဆင်ရန်

  • ဂျိုကိုတို (Jōkotō) (ရှေးပဝေသဏီက ဓား၊ အေဒီ - ၉၀၀ ခန့်)
  • ကိုတို (Kotō) (ရှေးဟောင်းဓား၊ ၉၀၀-၁၅၉၆ ခုနှစ်ခန့်)
  • ရှင်တို (Shintō) (ဓားသစ်၊ ၁၅၉၆–၁၇၈၀ ခုနှစ်ခန့်)
  • ရှင်ရှင်းတို () (အသစ်ဆုံးသောဓား၊ ၁၇၈၁–၁၈၇၆ ခုနှစ်ခန့်)
  • Gendaitō (ခေတ်သစ်ဓား၊ ၁၈၇၆–၁၉၄၅)
  • Shinsakutō (အသစ်ဆုံးသောဓား၊ ၁၉၅၃–ယနေ့ထိ)