ကန့်ချုပ်နီ

ပန်းပွင့်သော အပင်မျိုးစိတ်များ
Plumbago indica
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Plumbaginaceae
မျိုးစု: Plumbago
မျိုးစိတ်:
P. indica
ဒွိနာမ
Plumbago indica
Synonyms

Plumbago rosea L.

ပုံသဏ္ဌာန် : အပင် နှစ်ကြာခံ ပင်ပျော့ ၊ နွယ်ယောင် ပင်ယောင် မျိုး ဖြစ်သည်။ အထက်ဘက်သို့ ကိုင်းဖြာသည်။ အဆစ်များရှိသည်။ ၂ ပေ မှ ၃ ပေထိ မြင့်သည်။ အရွက် ရွက်လွှဲထွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသို့ သွယ်သွား၏။ ရွက်ညှာသည် ပင်စည်ကို ကုပ်ထား၏။ ရွက်ညှာရင်းနှင့် အရွက်အပေါ် မျက်နှာပြင်ရှိ အကြောများ အနီရောင် ရှိသည်။ ရွက်ပြားချောသည်။ ရွက်နားလှိုင်းတွန့် ရှိသည်။ အပွင့် အပွင့်သည် ၁/၄ လက်မခန့် အရွယ်ထိရှည်၍ အနီရင့်ရောင် ရှိသည်။ ထိပ်ဖျားထွက် သို့မဟုတ် ကြားထွက် ရှည်လျားသော ပွင့်ညှာမဲ့ တစ်ပင်တိုင် ပန်းခိုင်ဖြစ်ပြီး အဆုပ်လိုက်ပွင့်သည်။ ပွင့်ချပ် တွင် အမွေးနုများရှိသည်။ တန်ခူးလမှ တော်သလင်းလအထိ ပွင့်ကြသည်။ အမြစ် အမြစ်သေးသွယ်၍ ရှည်လျားသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အပူပိုင်းဒေသနှင့် အလွန်အေးသော ဒေသများမှ အပ သစ်တော ကြီး များအောက် စိမ်းစိုသောဒေသများ၌ ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာဝပေါက်ပင် ဖြစ်သည်။ အချို့မှာ ဆေးဝါးအဖြစ် သုံးရန်အတွက် ခြံစည်းရိုးများတွင် စိုက်ပျိုးထားလေ့ ရှိသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ကန့်ချုပ်နီသည် ပူစပ်သော အရသာရှိ၍ အစာကို ကြေညက်စေသည်။ ကန့်ချုပ်နီအမြစ်သည် အားကောင်းသော သလိပ်ရွှင်ဆေး ဖြစ်ပြီး လူကို ဝဖြိုးစေ၍ နှုတ်ကို မြိန်စေသည်။ အသုံးပြုပုံ- ပဉ္စငါးပါး ၁ ။ ကန့်ချုပ်နီပင်သည် အရွယ်တင်စေ၍ အသက်ကို ရှည်စေသည်။ အပင်ကို အရည်ရအောင် ကြိတ်ပြီး မျက်စိနာအတွက်သုံးသည်။ ဝဲနာများနှင့် ခရုသင်းနာများကို သုတ်လိမ်းက ပျောက်ကင်းသည်။ အမြစ် ၁ ။ လူပျိုနာ ၊ ကုဋ္ဌနူနာ ရောဂါနှင့် မီးယပ်ရောဂါများအတွက် သုံးသည်။ ၂ ။ ၎င်းကိုကြိတ်၍ နူးညံ့သောဆီနှင့် ရောနယ်ပြီး လိမ်းက အဆစ်အမျက် ကိုက်ခြင်းနှင့် လေငန်းရောဂါ ပျောက်၏။ ၃ ။ အစာမကြေရောဂါ ၊ ဒူလာ မြင်းသရိုက်ရောဂါ ၊ အစိမ်း ဖောရောဂါ ၊ အရေပြား ရောဂါများ ကုသရာ တွင်လည်း ထည့်သွင်း အသုံးပြုသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. http://arogyamonline.com/commodity/materials/?raw=128[လင့်ခ်သေ]