ကန်းထရီးဂီတ (Country music) (သို့) ကန်းထွီး အဲန် ဝက်(စ်)တဲန် (Country And Western) ဂီတ သည် ၁၉၂၀ အစောပိုင်းများတွင် အမေရိကန်တောင်ပိုင်း အက်ပလေချီးယာသား လူဖြူများ၏ ကျေးလက်ဂီတမှတဆင့် ပြန့်ပွားလာခြင်း ဖြစ်သည်။[၁] Western swing, honky-tonk, bluegrass, rockabilly နှင့် new country စသည့်စတိုင်များ ပေါင်းစပ်ထားသော ကန်းထရီးဂီတသည် နောက်ပိုင်းတွင် ရမ်သမ်အဲန်ဘလူစ်၊ ရော့ခ် (R&B, Rock) ဂီတများ ရောနှောလာခဲ့သည်။ ၁၉၄၀ ခုနှစ် နောက်ပိုင်းတွင် ယခင်ရှိနှင့်ပြီးသော ဟီးလီဘီလီဂီတ (hillbilly music) အမျိုးအစားထက် ကန်းထရီးဂီတက ပိုမိုကျော်ကြားလာခဲ့သည်။

Country ဂီတသည် အမေရိကန်၏ ကျော်ကြားသော ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၂၀တွင် Southern United States မှ စတင်ခဲ့သည်။ ဤအမျိုးအစားသည် United States မှ အမျိုးအစားများ ဖြစ်သော folk, blues နှင့် western ဂီတမှ အခြေခံထားသည်။ country ဂီတသည် ballads နှင့် အကသီချင်းများနှင့် လိုက်ဖက်ပြီး ကြိုးတပ်တူရိယာများဖြစ်သော banjo, electric နှင့် အကူးစတစ်ဂီတာ၊ dobros နှင့် fiddles များဖြင့် ရိုးရှင်းသော စည်းဝါးများနှင့် တည်ဆောက်ထားသည်။ country ဂီတဟူသော ဝေါဟာရသည် ၁၉၄၀ အစောပိုင်း hillbilly ဂီတကို ဦးစားပေးရာမှ ကျော်ကြားလာခဲ့သည်။ အနောက်တိုင်းတေးဂီတတွင် အကျုံးဝင်ပြီး ၂၀ ရာစုအလယ်တွင် hillbilly ဂီတနှင့် တူညီသော ဇစ်မြစ်မှ ပြိုင်လျက်ပါဝင်သည်။ country ဂီတဝေါဟာရကို ယနေ့ခေတ်ပုံစံနှင့် မျိုးခွဲများကို ဖော်ပြရာ၌ အသုံးပြုသည်။ ၂၀၀၉ခုနှစ်တွင် country ဂီတသည် ရေဒီယိုမှ လွှင့်တင်သော အများဆုံးနားထောင်သော ဂီတအမျိုးအစားဖြစ်လာခဲ့သည်။

Country ဂီတ၏မျိုးဆက်များ ပြင်ဆင်ရန်

 
Vernon Dalhart was the first country star to have a major hit record

Country ဂီတသည် အမေရိကတောင်ပိုင်းသို့ ဥရောပတစ်ဝိုက်မှ ဂီတနှင့် တူရိယာများကို ယူဆောင်လာခဲ့သည်မှာ နှစ်ပေါင်း၃၀၀ခန့် ရှိပြီးဖြစ်သည်။ country ဂီတကို တောင်ပိုင်း၏ထူးခြား ဆန်းကျယ်သောအသွင်ဟု မိတ်ဆက်ခဲ့သည်။ ပထမဆုံးမျိုးဆက်သည် ၁၉၂၀တွင် Altanta ဂီတဖြစ် ရပ်ထဲတွင် တီးခတ်ခဲ့သော အစောဆုံးအနုပညာရှင်မှတ်တမ်းကို ဖြန့်ဖြူးရာမှ ပေါက်ထွက်လာခဲ့သည်။ ၁၉၂၃တွင် Fiddlin’s John Carson က hillbilly ဂီတကို Okeh Records တွင် စတင်မှတ်တမ်းတင်ခဲ့သည်။ Columbia Records (Samantha Bumgarner) ၁၉၂၄ နှင့် RCA Victor Records ၁၉၂၇ (Carter Famil yနှင့် Jimmie Rodgers) တို့လည်း ပါဝင်ခဲ့သည်။ Cliff Carlisle အပါအဝင် hibilly ဂီတပညာရှင်များသည် ၁၉၅၀တွင် blues သီချင်းများကို မှတ်တမ်းတင်ခဲ့သည်။ ဒုတိယမျိုးဆက်(၁၉၃၀-၁၉၄၀) သည် ရေဒီယိုမှ စတင်၍ ကျော်ကြားလာခဲ့သည်။ တောင်ပိုင်း၊ ချီကာဂိုမြောက်ပိုင်းနှင့် ကယ်လီဖိုးနီးယားအနောက်ပိုင်းတွင် barn dance ပြပွဲများနှင့်အတူ country ဂီတစတင်လာခဲ့သည်။ ၁၉၃၀နှင့် ၁၉၄၀ အတောအတွင်းတွင် cowboy သီချင်းများသို့ အနောက်ပိုင်း ဂီတ Hollywood ရုပ်ရှင်များနှင့်အတူ ကျော်ကြားလာခဲ့သည်။ Bob Willy သည် country ဂီတသမားတစ်ဦးဖြစ်ပြီး hot string တီးဝိုင်း၏ ခေါင်းဆောင်အဖြစ် ကျော်ကြားလာခဲ့သည်။ အနောက်တိုင်း Hollywood တွင်လည်း ပါဝင်ခဲ့သည်။ သူသည် country နှင့် jazz တို့ကို ရောနှောခဲ့ပြီး hall ဂီတဖြင့် စတင်ခဲ့ပြီး Western Swing ဟု လူသီများလာခဲ့သည်။ Will သည် ၁၉၃၈တွင် တီးဝိုင်းတွင် electric guitar ကို ပေါင်းထည့်ခဲ့သည့် ပထမဆုံး country ဂီတပညာရှင်များတစ်ဦးဖြစ်သည်။ country ဂီတသမားများသည် ၁၉၃၉ တွင် Boogie ကိုမှတ်တမ်းတင်ခဲ့သည်။ တတိယမျိုးဆက်(၁၉၅၀-၁၉၆၀) သည် ဒုတိယကမ္ဘာစစ်အပြီးတွင် bluegrass ဟုသိကြသော တီးဝိုင်းနှင့်အတူ ပေါ်ထွက်လာခဲ့သည်။ Gospel ဂီတသည် လူကြိုက်များခဲ့သော country ဂီတနှင့် အတူကျန်ရစ်ခဲ့သည်။ အခြားပုံစံတစ်ခုမှာ guitar, bass, dobro (သို့) steel guitar drums တို့ဖြင့် ပုံစံမျိုးစုံဖြင့် ဖွဲ့စည်းထားသည်။ ထိုနောက် လူကြိုက်များလာခဲ့သည်။ အထူးသဖြင့် Texasနှင့် Oklahoma မှ လူဖြူဆင်းရဲသားများကြားထဲတွင်ဖြစ်သည်။ honky tonk ဟု လူသိများလာခဲ့သည်။ Western Swing နှင့် ranchera ဂီတ(မက်ဆီကို) တို့မှ အခြေခံခဲ့သည်။ အထူးသဖြင့် ၁၉၅၀တွင် Western Swing, Country Boogie နှင့် Honky Tonk တို့ကို ရောနှော၍ country တီးဝိုင်းများတီးခတ်ခဲ့သည်။ Rockabilly သည် ၁၉၅၀ နှင့် ၁၉၅၆မှ country ဝါသနာရှင်များ country ဂီတထဲတွင် ကျော်ကြားလာခဲ့သည်။ ၁၉၅၀အလယ်တွင် စတင်ခဲ့ပြီး ၁၉၆၀အစောပိုင်းတွင် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ Nashville sound သည် Nashville, Tennessee မှ ဂီတစက်မှုဇုံထဲတွင်လည်ပတ်လာခဲ့သည်။ ၁၉၆၀နောက်ပိုင်းတွင် အမေရိကန်ဂီတမှ ကွဲပြားသောအမျိုးအစားများထွက်ရှိလာခဲ့သည်။ ထိုအချိန်တွင် Nashville ဂီတထုတ်လုပ်မှုတွင် စိတ်ဝင်စားမှုနည်းလာခဲ့ပြီး country rock ပေါ်ထွက်လာခဲ့သည်။ စတုတ္ထမြောက်မျိုးဆက်( ၁၉၇၀-၁၉၈၀) သည် Bakersfield sound မှ outlaw country နှင့် country politan ကို အခြေခံသော country pop နှင့် folk ဂီတနှင့် Soft rock တို့ပါဝင်သည်။ ၁၉၇၂ နှင့် ၁၉၅၅ကြားမှ အဆိုတော်နှင့်ဂီတသမား John Denver သည် country နှင့် folk-rock ဂီတပုံစံများရောစပ်ထားသော များပြားသော အောင်မြင်သောသီချင်းများကို ဖြန့်ချိခဲ့သည်။ ၁၉၈၀အစောပိုင်းတွင် country အနုပညာရှင်များ pop သီချင်းစာရင်းတွင် ပါဝင်ခဲ့သည်။ ၁၉၈၀တွင် neocountry disco ဂီတပုံစံသည် လူကြိုက်များလာခဲ့သည်။ ၁၉၈၀အလယ်တွင် အနုပညာရှင်များစုစည်းထားသော အုပ်စုများသည် country-pop ကို ငြင်းပယ်ခဲ့ကြသည်။ ပဉ္စမမြောက်မျိုးဆက်သည်(၁၉၉၀)တွင် Garth Brooks နှင့် Alan Jackson တို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် ထူးခြားလာခဲ့သည်။ Dixie Chicks သည် ၁၉၉၀ နှင့် ၂၀၀၀ အစောပိုင်းတွင် အကျော်ကြာဆုံးတီးဝိုင်းများမှ တစ်ခုဖြစ်လာခဲ့သည်။ ဆဋ္ဌမမြောက်မျိုးဆက်(၂၀၀၀)သည် country အဆိုရှင် Carrie Underwood နှင့်အတူ သာဓကဖြစ်လာခဲ့သည်။ ၂၀၀၀ နောက်ပိုင်းနှင့် ၂၀၁၀ အစောပိုင်းတွင် country ထဲတွင် rock ဂီတ လွှမ်းမိုးလာခဲ့ပြီး Jason and the Scorchers တို့သည် punk နှင့် country ကို ပေါင်းစပ်ခဲ့သည်။ ၁၉၈၀တွင် the Long Ryders တီးဝိုင်းနှင့်အတူ cowpunk ဖြစ်ရပ်ဖြစ်ပေါ်လာခဲ့သည်။ Hip Hop သည် country rap ပေါ်ပေါက်လာမှုနှင့်အတူ country ဂီတထဲတွင် အမှတ်တရဖြစ်လာခဲ့သည်။ အရောင်းရဆုံး country သီချင်းများထဲတွင် country pop အမျိုးအစားလည်း ပါဝင်လာခဲ့သည်။ Lady Antebellum, Florida Georgia Line နှင့် Taylor Swift တို့အပါအဝင်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Richard A. Peterson (1999-12-15)။ Creating Country Music: Fabricating Authenticity။ University of Chicago Press။ p. 9။ ISBN 978-0-226-66285-5