ကမ္ဘာ့ကဗျာနေ့သည် မတ်လ ၂၁ရက်နေ့ ဖြစ်ကြောင်း UNESCO (the United Nations Educational, Scientific and Cultural Organization) က ၁၉၉၉ ခုနှစ်တွင် ကြေညာ ခဲ့သည်။ 'နိုင်ငံတကာ ဆိုင်ရာ၊ ဒေသန္တရ ဆိုင်ရာ၊ နိုင်ငံဆိုင်ရာ ကဗျာ လှုပ်ရှားမှုများကို တွန်းအားဖြစ်စေရန် နှင့် အသိမှတ်ပြုစေရန် ' ဖြစ်ကြောင်း UNESCO ရဲ့ ကြေညာချက်အရ အဆိုပါနေ့တွင် ကဗျာဖတ်ခြင်း၊ ကဗျာရေးသားခြင်း၊ ကဗျာ သင်ကြားခြင်း တို့ကို ကမ္ဘာတစ်ဝန်း ပြုလုပ်ကြသည်။

ယခင်က အောက်တိုဘာ (တစ်ခါတရံ အောက်တိုဘာ ၅ရက်) နေ့တွင် အများအားဖြင့် ကျင်းပလေ့ရှိသော်လည်း ၂၀ ရာစုနှစ် နောက်ပိုင်း နှစ်များတွင်တော့ ဩဂတ်စတပ် ၏ လက်အောက်တွင် အမှုတော်ထမ်းခဲ့သော ရောမ ကဗျာရှည်ရေးသားသူ ကဗျာစာဆိုတော် ဗာဂီလ်၏ မွေးနေ့ ကို ဂုဏ်ပြုခြင်း အားဖြင့် ကမ္ဘာ့အဖွဲ့အစည်းများက အောက်တိုဘာ ၁၅ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံတကာရှိ နိုင်ငံအများစုမှာတော့ အောက်တိုဘာ တွင် အစဉ်အလာ မပျက် ကမ္ဘာ့ကဗျာနေ့ကို ကျင်းပလျှက်ပင် ရှိကြသည်။ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလ ၏ ရက်တစ်ရက်တွင် တစ်လှည့်စီ ကျင်းပကြသည် လည်းရှိသည်။