ကမ္ဘာ့အမျိုးသမီးများ ဘရာဆီယာ မဝတ်ရေးနေ့

အမျိုးသမီးများကို ၂၄ နာရီကြာ 'ဘရာ' မဝတ်ကြဘို့ လှုံ့ဆော်သည့်အနေနှင့် အောက်တိုဘာ ၁၃ ရက်နေ့ကို No Bra Day ဟု သတ်မှတ်ထားသည်။ BRA Day ကို ၂ဝ၁၁-ခုနှစ်၊ ကနေဒါနိုင်ငံ၊ တိုရွန်တို မြို့က ပလပ်စတစ် ဆာဂျင် ခွဲစိတ်ဒေါက်တာ မစ်ချယ် ဘရောင်း ကနေ စလုပ်ခဲ့သည်။ ၂၀၁၄-ခုနှစ်တွင် နိုင်ငံပေါင်း ၃ဝ ကျော် ပါဝင်ဆင်နွဲခဲ့သည်။


အဓိကရည်ရွယ်ချက်မှာ ရင်သားကင်ဆာကြောင့် ရင်သားဖြတ်ရသောသူများကို နှစ်သိမ့်ပျော်ရွှင်စေဖို့၊ ရင်သားကင်ဆာနှင့် ပတ်သက်ပြီး ပညာပေးဖို့ရာ ထိုနေ့ကို သူက Launch လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ Breast Reconstruction Awareness Day ရင်သားပြန်လည်တည်ဆောက်ပေးခြင်း အသိပေးလှုံဆော်တာဖြစ်သည်။ ရင်သားကင်ဆာဖြစ်လို့ ရင်သားတစ်ခုလုံးကို ခွဲထုတ်လိုက်ရသူတွေမှာ အပြင်အမြင်တင့်တယ်အောင် ရင်သားအတု လုပ်ပေးရသည်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆိုရှယ်မီဒီယာမှ ဆော်ဩမှုတွေလုပ်နေခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်လဲ အောက်တိုဘာကို Breast Cancer Awareness Month ရင်သားကင်ဆာ အသိပညာဖြန့်ဖြူးရေးလအဖြစ် သတ်မှတ်ထားသည်။ အမေရိကမှာတော့ ဒီနေ့မှာ လူတွေစိတ်ဝင်စားမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဆင်ယင်ကျင်းပပါသည်။

ကိုးကား ပြင်ဆင်ရန်