ကလေးသွားကို ကလေးဘဝတွင်ပေါက်သော သွားဟုလည်းခေါ်ဆိုနိုင်သည်။ အာရှနိုင်ငံများတွင် ငယ်သွားဟုလည်း ခေါ်ဆိုကြီး အနောက်ဥရောပနိုင်ငံများတွင် နို့သွားဟု ခေါ်ဆိုကြသည်။ ကလေးသွားများသည် သန္ဓေသားဘဝထဲမှစတင်ဖြစ်ပေါ်လာပြီး ပါးစပ်အတွင်းသို့ အသက်ခြောက်လ အရွယ်တွင် စတင်ပေါ်ထွက်လာမည်ဖြစ်ပြီး နောက်ပိုင်းလူကြီးသွားများဖြင့် အစားထိုးသွားမည်ဖြစ်သည်။ သို့သော် လူကြီးသွားများ မပေါက်ပဲ နှစ်ကာလရှည်ကြာစွာ ပါးစပ်အတွင်း ကျန်ရှိနေနိုင်သည်။

အသေးစိတ် ပြင်ဆင်ရန်

ကလေးသွားများသည် ကိုယ်ဝန်ဆောင်နေစဉ်ကလအတွင်း သန္ဓေသားဘဝကတည်းက စတင်ပေါ်ပေါ်က်နေခြင်းဖြစ်သည်။ ပါးစပ်အတွင်းသို့စတင် ပေါက်ထွက်လာသောအချိန်မှာ မွေးပြီး အသက်ခြောက်လ အရွယ်တွင်ဖြစ်သည်။ ကလေးသွားများတွင် အရှေ့သွား၊အရှေ့ဘေးသွား၊စွယ်သွား၊ ပထမအံသွား နှင့် ဒုတိယအံသွား ဆိုပြီး အပေါ်အောက် သွားတစ်စုံ စလုံးတွင် အချောင်း (၂၀) ရှိသည်။

ကလေးသွားပေါက်ချိန်များ ပြင်ဆင်ရန်

ကလေးသွားပေါက်ချိန်များမှာ

  • အရှေ့သွား - အသက် (၆)လ မှ (၁၂) လ
  • အရှေ့ဘေးသွား - အသက်(၉)လ မှ (၁၆) လ
  • စွယ်သွား - အသက် (၁၆) လ မှ (၂၃) လ
  • ပထမ အံသွား - အသက်(၁၃)လ မှ (၁၉) လ
  • ဒုတိယ အံသွား - အသက်(၂၂)လ မှ (၂၃)လ