ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း

ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း သည် အုတ်ဖြင့် ဆောက်လုပ်ထားသော အမိုးခုံး ပျားအုံ သဏ္ဌန် ဂူသင်္ချိုင်း တစ်ခု ဖြစ်ပြီး ဘူဂေးရီးယားနိုင်ငံ အလယ်ပိုင်း ကာဇန်လက်မြို့ အနီးတွင် တည်ရှိသည်။

ကာဇန်လက်၏ သရေးရှန်း ဂူသင်္ချိုင်း*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဘူဂေးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,iii,iv
ကိုးကား ၄၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ထိုဂူသင်္ချိုင်းသည် သရေးရှန်း နီခရိုပိုးလစ်၏ တစိတ်တဒေသ ဖြစ်သည်။ ထို ဂူသင်္ချိုင်းတွင် ကျဉ်းမြောင်းသော စင်္ကြန်လမ်း နှင့် အဝိုင်းပုံ မြှုပ်နှံရာ ခန်းမဆောင်တို့ ပါရှိပြီး ထိုနေရာ နှစ်ခုစလုံးအား အသုဘ ထုံးစံ ပွဲတော်တွင် ပါဝင်သော သရေးရှန်း စုံတွဲ၏ ပုံများဖြင့် နံရံတွင် ရေးဆွဲထားသည်။ ထို အဆောက်အဦးမှာ ဘီစီ ၄ ရာစု တွင် တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှစ၍ ယူနက်စကိုမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ကမ္ဘာ့အမွေခံ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ကိုးကား ပြင်ဆင်ရန်