ကာတွန်းဆရာများသည်မိတို့်၏ ရည်ရွယ်ချက်ကို ပိုမိုပေါ်လွင်စေရန် ကိုယ်ပိုင်ကာတွန်းဇာတ်ကောင်များကို ဖန်တီးရေးဆွဲလေ့ဇာတ်သရုပ်မျိုးစုံတန်ဆာဆင်လျက်ကပြရပေသည်။ အငို၊အရယ်၊အထေ့၊အမဲ့နှင့်ပြုံးပျော်ရယ်မောမှု၊ဝမ်းနည်းမှု၊ ကျေနပ်မှု၊ထိတ်လန့်ကြောက်ရွံ့မှု၊အံဩမှု၊ဒေါသဖြစ်မှု စသောစိတ်ခံစားမှုများကို စာရှုသူ(ကာတွန်းဖတ်သူ)၊ပရိသတ်တို့၏ ရင်ထဲတွင် တင်ကျန်နေစေရန် ၊မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်းပေါ်လာစေရန် ရှုခင်းမျိုးစုံ၊ဇာတ်ပို့၊ဇာတ်ရံ စသဖြင့် ဇာတ်သရုပ်မျိုးစုံတန်ဆာဆင်လျက်ကပြရပေသည်။

ကာတွန်းဇာတ်ကောင်များသည် ကာတွန်းဆရာ၏ရည်ရွယ်ချက်နှင့် ဆိုလိုရင်းပေါ်လွင်အောင် ရေးဆွဲရသည့် အနုပညာမြောက် ပစ္စည်း တစ်ခုဖြစ်သည်။

စုံထောက်၊မုဆိုး၊လူ့ဂွစာ၊ငို့ဘ၊ ကလေး စသောသူတို့ကို အခြေပြု၍ လောကဓလေ့ နှင့် စပ်လျဉ်း၍ ရေးဆွဲလေ့ရှိကြသည်။

ကာတွန်းဇာတ်ကောင်များ၏ သရုပ်သကန်နှင့် သဘာဝသည် ကော်မစ်ကာတွန်း(ကာတွန်းဇာတ်လမ်းရှည်)များရေးဆွဲရာတွင် များစွာအထောက်အကူပြုပေသည်။

စုံထောက်ကာတွန်းများ၌ စုံထောက်ကြီး ဦးရှံစားထောက်ကြီး ဦးနံပြား၊ မုဆိုးကာတွန်း၌ တွတ်ပီ၊ဖိုးထော် စသော ဇာတ်ကောင်များသည်ထင်ရှားသည်။ တိရစ္ဆာန်များလှုပ်ရှားစကာပြောသော ကာတွန်းများ၌ တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ မျောက်ညို,လူ့ဂွစာများ၌ ဦးကပ်စီး၊ဦးစိတ်တို​စ သော ဇာတ်ကောင်များသည်လဲ အထူး ထင်ရှားသည်။

ဇာတ်ကောင်အတည်တကျမဟုတ်ဘဲ ဆိုလိုရင်းကိုကွက်မိစေရန် အလျဉ်းသင့်သလို ဖန်တီးရေးဆွဲသည့်ဇာတ်ကောင်များလဲရှိသည်။[၁]

ကာတွန်းဇာတ်ကောင်များကို ရေးဆွဲရာ၌ သင့်လျော်သော အချိုးတစ်ခုကို စံထားလျက် ရေးဆွဲရန်အထူးလိုအပ်လှပေသည်။ ဥပမာအားဖြင့်- ကာတွန်း​​ငွေကြည်၏ ကာတွန်းအချိုးသည် ၄ချိုး၊ကာတွန်းမြင့်စိုးလေး၏ ကာတွန်းအချိုးသည် ခေါင်း၂ဆ၊ ကိုယ်၁ဆ ဖြစ်သည်။[၂]

ကာတွန်းဇာတ်ကောင်အသစ်များသည်လည်း ခေတ်၊ စနစ်နှင့်အညီပေါ်ထွက် နေဦးမည်သာဖြစ်သည်။

ကာတွန်းဇာတ်ကောင်များသည် ဖျော်ဖြေရန်၊ပညာပေးရန် ရည်ရွယ်ချက်များဖြင့် တစ်ထောင့်တစ်နေရာမှ အကျိုးပြုလျက်ရှိပေသည်။


ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်အောင်ရှိန်- ကာတွန်း နှင့် ကော်မစ်ရေးဆွဲနည်း
  2. ကာတွန်းဆရာများ၏ ကာတွန်းရေးနည်ရေးဟန်များ-ကာတွန်း အောင်ရှိန်(ကာတွန်း အောင်ရှိန်၏ မေးမြန်းချက်နှင့် ကာတွန်းဆရာများ၏ ဖြေဆိုချက်များ)