ကာဟိုကီယာ

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ စိန့်လူးဝစ်မြို့အနီးရှိ ရှေးဟောင်းသုတေသနနယ်မြေ

ကာဟိုကီယာ တောင်ပူစာ နိုင်ငံဆိုင်ရာ သမိုင်းဝင်ဒေသ သည် [၁] ကိုလံဘီယံခေတ် မတိုင်မီက ဒေသရင်းအမေရိကန်လူမျိုးတို့၏ မြို့တော်တစ်ခု (၁၀၅၀ခုနှစ်-၁၃၅၀ ခုနှစ် အေဒီ[၂]) ဖြစ်ပြီး ယနေ့ခေတ် အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ် စိန့်လူးဝစ်မြို့၏ မစ္စစ္စပီမြစ် တစ်ဖက်ခြမ်းတွင် တည်ရှိသည်။ သမိုင်းဝင်ဒေသသည် အီလီနွိုင်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိပြီး အိစ်စိန့်လူးဝစ်မြို့ နှင့် ကောလင်းဗီးလ် မြို့တို့ ကြားတွင် တည်ရှိသည်။[၃] ထိုဒေသသည် ၂၂၀၀ ဧက (၈၉၀ ဟက်တာ) သို့မဟုတ် ၃.၅ စတုရန်းမိုင် ( ၉ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းပြီး တောင်ပူစာ ၈၀ ခုခန့်ရှိကာ ရှေးဟောင်းမြို့သည် ထိုထက်ပို၍ ကျယ်ဝန်းသည်။ မြို့၏ တိုးတက်ဖွံ့ဖြိုးခဲ့စဉ် အချိန်က မြို့၏ အကျယ်အဝန်းမှဦ ၆ စတုရန်းမိုင် (၁၆ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းခဲ့ပြီး လူတို့ တည်ဆောက်သော တောင်ပူစာ အခု ၁၂၀ ခန့် ရှိကာ အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး နှင့် လုပ်ဆောင်ချက် အမျိုးမျိုး ရှိသည်။[၄]

ကာဟိုကီယာ တောင်ပူစာ နိုင်ငံဆိုင်ရာ သမိုင်းဝင်ဒေသ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iii, iv
ကိုးကား ၁၉၈
ဒေသ** ဥရောပနှင့်မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၂  (ဆဋ္ဌမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ကိုးကား ပြင်ဆင်ရန်

  1. Pursell 205
  2. Munoz, Samuel E., Sissel Schroeder, David A. Fike, and John W. Williams 2014 A record of sustained prehistoric and historic land use from the Cahokia region, Illinois, USA. Geology 42(6): 499–502
  3. Cahokia Mounds Homepage; Map of the Site
  4. "Nomination – Cahokia Mounds State Historic Site, Illinois" Archived 17 February 2017 at the Wayback Machine., US World Heritage Sites, National Park Service, accessed 2012-05-03