ကိရိယာဟူသည် အရာဝတ္တု တစ်ခုဖြစ်ပြီး ၎င်းကိရိယာအား တစ်စုံတစ်ခုသော ကိစ္စရပ်များအတွက် အသုံးချသည်။ လူတို့အတွက် တစ်စုံတစ်ခုအား ဖန်တီးရန်(သို့မဟုတ်) ပြင်ဆင်ရန် အတွက် ကြားခံ ပစ္စည်း အဖြစ် အသုံးပြုကြသည်။ဥပမာ-ကက်ကြေးဓားဝက်အူလှည့်တံပလာယာ။ ၎င်းအပြင် ရည်ရွယ်ချက် တစ်ခုခုအားအထမြောက်အောင်ဆောင်ရွက်ရန် အတွက် အသုံးပြုကြသည်။ ဥပမာ-ငါးဖမ်းခြင်းလှေလှော်ခြင်းအမဲလိုက်ခြင်း

  • သမိုင်း

ရှေးခေတ်လူတို့သည် တိရစ္ဆာန်တို့၏ အရိုးအရေတို့အား ကိရိယာအဖြစ်အသုံးပြုခဲ့ကြသည်။ ရှေးခေတ်လူသားတို့သည် အစာရှာဖွေရာတွင် ကိရိယာသည် မည်မျှ အရေးပါအရာရောက်ပုံကို သိရှိလာချိန်တွင် ကိုင်တွယ်နိုင်သော တိရစ္ဆာန်တို့၏ အရိုးများအား ကိရိယာဖြစ် အသုံးပြုခဲ့ကြသည်။ ရှေးဟောင်း ကိရိယာများကိုလည်း မြန်မာနိုင်ငံ၌လည်းတွေ့ရပေသည်။ ပျူခေတ်သရေခေတ္တရာ ခေတ်များမှစ၍ တွေ့ရှိနိုင်ပေသည်။ တယ်လီဖုန်းသည်လည်း လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် အသုံးပြုသော ကြားခံ ကိရိယာတစ်ခုပင် ဖြစ်သည်။


စက်မှုလက်မှုလုပ်ငန်းအတွက် စူး၊ ‌ဆောက်၊ ဓားမ၊ ပုဆိန် 

စသည်တို့သည် တန်ဆာပလာ များဖြစ်ကြ၏။ ယင်းတို့ကို တိုင်းတာရန်‌သော်လည်းကောင်း၊ ဖြတ်‌တောက်ခုတ်လှဲရန်‌သော်လည်းကောင်း၊ ချိန် သားကိုက်‌အောင် စစ်‌ဆေးရန်‌သော်လည်းကောင်း၊ ပစ္စည်းကရိယာတို့ကို ထိန်း‌ပေး၇‌သော်လည်းကောင်း အသုံးပြုကြရသည်။ ထိုတန်ဆာပလာအမျိုး မျိုးကို အမျိုးအစားခွဲခြားထားသည်။ ယင်းတို့မှာ ထွင်းခြင်း၊ ဖြတ်ခြင်း၊ ‌ရွေ‌ပေါ်ထိုးခြင်းနှင့်ဆိုင်‌သော တန်ဆာပလာများ၊ ထုခြင်း၊ ‌ဖောက်ခြင်းနှင့်ဆိုင်‌သော တန်ဆာပလာများ၊ ပုံသွင်း ခြင်းနှင့်ဆိုင်‌သော တန်ဆာပလာများ ဖြစ်ကြသည်။

ယင်းတို့တွင် တစ်ဖန် လက်သုံးကိရိယာနှင့် စက်သုံးကိရိယာဟု ခွဲခြားထားသည်လည်း ရှိ‌သေးသည်။ စက်သုံးကိရိယာတန် ဆာပလာတို့ကို စက်ဖြင့် လှုပ်ရှား‌ပေးကာ အသုံးပြုရသည်။ စက်သုံးကိရိယာ တန်ဆာပလာတို့မှာ လုပ်ငန်းအတွက် မြန်စွာ ပြီးလွယ်ခြင်း၊ သူ့အလိုအ‌လျောက် လုပ်နိုင်စွမ်းရှိခြင်း၊ တိကျသေချာခြင်းတို့‌ကြောင့် များစွာအသုံးဝင်သည်။

တန်ဆာပလာများတွင် တူသည် ‌ရှေးအကျဆုံး ကိရိယာဖြစ်၏။ ‌ကျောက်‌ခေတ်အတွင်းကပင် လူတို့သည် ‌ကျောက်ဖြင့်ပြုလုပ်‌သော တူများကို သုံးစွဲခဲ့ကြသည်။

အလယ်‌ခေတ်ကလူတို့သည် တူကို မိမိတို့၏ လက်မှု ပညာများတွင်သာ သုံးစွဲခဲ့ရုံမက၊ စစ်လက်နက် အဖြစ်ဖြင့်လည်း အသုံးပြုခဲ့ကြသည်။ ယခု‌ခေတ်၌လည်း လက်မှုပညာဆိုင်ရာ လုပ်ငန်းတိုင်းမှာလိုပင် တူကို အသုံးပြုလျက်ရှိကြ‌ပေသည်။ တူ၌ လုပ်ငန်းကိုလိုက်၍ ပုံအမျိုးမျိုးရှိ၏။ စုစု‌ပေါင်းတူမျိုး ဒါဇင်‌ပေါင်းများစွာရှီ၍ ယင်းတို့ကို အမည်အမျိုးမျိုး‌ပေး ထား ကြသည်။ အရွယ်မှာ ပန်းထိမ်သည်များသုံးသည့် တူငယ်မှအစ၊ ပန်းပဲနှင့် ဗွိုင်လာအလုပ်သမားများသုံးသည့် တူကြီးများအထိ အမျိုးမျိုးရှိကြသည်။ အချို့လုပ်ငန်းများတွင် သတ္တုဖြင့်ပြုလုပ် ‌သော တူများအစား သစ်သားတူများကို အသုံးပြုကြသည်။

ဤသို့ အသုံးပြုခြင်းမှာ အထည်ကို မပျက်စီး‌စေရန်အတွက် ဖြစ်၏။ များ‌သောအားဖြင့် တူများတွင် တူရိုးသည်မာ၏။ သို့‌သော် အချို့တူပန်းပဲသုံးတူများသည် ညွတ်သွားနိုင်‌သော သံ သို့မဟုတ် အခြားပစ္စည်းဖြင့် ပြုလုပ်ထားသည့် တူရိုးမျိုးကို တပ်ဆင်ထားသဖြင့် တူကို တအားလွှဲ၍ ထု‌သော်လည်း လက် ထုန်ကျင်ခြင်း မရှိ‌ချေ။

စက်တူကို ထွင်ခဲ့သူမှာ ဂျိမ်း‌နေးစမစ် ဆိုသူဖြစ်သည်။ ထိုတူကို သူသည် ‌ရေနွေး‌ငွေ့စက်တွင် တပ်ဆင်၍ ထိုစဉ်က သ‌င်္ဘော၏ဝင်ရိုးကို ပြုလုပ်ရာ၌ အသုံးပြုခဲ့သည်။ စက်တူများ တွင် ‌ရေနွေး‌ငွေ့သုံး စက်တူမျိုးလည်းရှိ၍ လျှပ်စစ်သုံးစက် တူမျိုးလည်းရှိသည်။ ‌ခေတ်မှီစက်တူများသည် မည်မျှ တိကျ ကောင်းမွန်‌နေသနည်းဆိုလျှင် တူတစ်လက်တည်းဖြင့် ဥကိုကွဲ စေရုံမျှ‌သော်လည်းကောင်း၊ သံတုံးကို ပြားသွား‌စေရန်‌သော်လည်းကောင်း တတ်နိုင် သည်။

သံရည်ကျို ရုံကြီးများတွင် သံထည်ပစ္စည်း‌ဟောင်းများကို သံတိုမယ်န ပြုလုပ်ယူရာ၌၊ အလွန်ကြီးမား‌သော သံလုံးကြီးကို တူသ‌ဘော အသုံးပြုထား၏။ ထိုသံလုံးကြီးကို လျှပ်စစ်သံလိုက် ဖြင့် မ ယူပြီး‌နောက်၊ သံထည် များ‌ပေါ်သို့ လွှတ်ချ‌ပေးခြင်း ဖြင့်၊ သံထည်များကို ‌ကြေမွသွား‌စေသည်။ အဆာက်အအုံကြီး များတွင် အုတ်မြစ် သံတိုင်များကို ယခင်က နာရီ‌ပေါင်းများစွာ စိုက်ယူကြ၇‌သော်လည်း၊ ယခုမူ အုတ်မြစ်ချစက်တူများဖြင့် မိနစ်ပိုင်းအတွင်း ပြီးစီး‌အောင် ‌ဆောင်ရွက်နိုင်‌လေသည်။

ရေနွေး‌ငွေ့ဖြင့်‌မောင်းရသော စက်တူကြီးများတွင် တူ‌ခေါင်း၌ ကြိုးတပ်ထားကာ၊ ‌ေ၇‌နွေး‌ငွေ့စက်များဖြင့် ဆွဲတင်ပြီးလျှင်၊ ထုရိုက်လိုသည့်‌နေရာ‌ပေါ်သို့ တည့်တည့်ကျ‌အောင် လွှတ်ချ ‌ပေးသည်။ ‌ကျောက်‌ဖောက်စက်၊ ‌လေဖိအားနှင့်လည်‌သော စို့ ရိုက်စက်၊ ‌မြေတူးစက် စသည်တို့သည်လည်း တူအမျိုးတွင် အကျုံးဝင်သည်။

လူတို့ထွင်ခဲ့သည့် ကရိယာထဲတွင် အလွန်အ‌ရေးပါ အရာ ‌ရောက်သည့် တန်ဆာပလာတစ်ခုမှာ တွင်ခုံပင်ဖြစ်၏။ တွင်ခုံ ဆိုသည်မှာ သစ်သား၊ သတ္တုမှစ၍ ပစ္စည်းတစ်ခုခုကို ဖြတ် ‌တောက်ရန်အတွက်ဖြစ်‌စေ၊ အ‌ချောကိုင်ရန်အတွက်ဖြစ်‌စေ၊ သို့မဟုတ် ခြစ်ပစ်ရန်အတွက်ဖြစ်‌စေ၊ ထိုပစ္စည်းကို ခုံတွင်ညှပ်၍ လည်‌အောင် လှည့်‌ပေး‌သော ကရိယာဖြစ်သည်။ ပစ္စည်းကို ခုံ တွင်ညှပ်၍လှည့်‌ပေးပြီး‌နောက်၊ စူး‌ဆောက်တို့ဖြင့် လည်‌နေ‌သော ပစ္စည်းကို ‌ပြောင်းလုံးပုံ၊ က‌တော့ပုံများဖြစ်‌အောင် ခြစ်ပွတ်‌ပေး ရသည်။

ဝက်အူရစ်လိုလျှင်လည်း ဝက်အူရစ်ကို ‌ဖော်‌ပေး နိုင်သည်။ တွင်ခုံတွင် ပန်းထိမ်သုံး တွင်ခုံက‌လေးများမှ အကြီး ဆုံးအ‌မြောက်‌ပြောင်းပြုလုပ်‌သော တွင်ခုံကြီးအထိ အရွယ်အမျိုး မျိုးရှိ၏။ ‌ခေတ်မှီ တွင်ခုံများ၌ စူး‌ဆောက်စ‌သော တွင်စားစရာ ကရိယာများကို အလုပ်လုပ်‌နေစဉ်မှာပင် အလိုအ‌လျောက် ‌ပြောင်းလဲ‌ပေးနိုင်‌လေသည်။ တွင်ခုံများအပြင် အခြားအ‌ရေးကြီး ‌သော ကရိယာမှာ ‌ဖောက်စက်နှင့်လွန်စက်များဖြစ်သည်။

ပစ္စည်းတစ်ခုခုတွင် သာမန်အ‌ပေါက်ဖြစ်‌အောင် ‌ဖောက်လို‌သော အခါဖြစ်‌စေ၊ ဝါးလုံး‌ခေါင်းကဲ့သို့ လိုဏ်‌ခေါင်းဖြစ်‌အောင် ထွင်း ‌ဖောက်လို ‌သောအခါဖြစ်‌စေ၊ ‌ဖေက်စက်နှင့် လွန်စက်များကို သူ့‌နေရာနှင့်လိုက်‌အောင် အသုံးပြုကြ၇‌ပေသည်။ အခြားအ‌ရေး ကြီး‌သော ကရိယာတစ်မျိုးမှာ စက်‌ရွေ‌ပေါ်ဖြစ်သည်။ လက်‌ရွေ ‌ပေါ်သည် အ‌ချောကိုင်ရမည့် အထည်ပစ္စည်းကို အ‌သေထား၍ ထိုး‌ပေးသည်။

စက်‌ရွေ‌ပေါ်မှာမူ အ‌သေတပ်ဆင်ထား‌သော ‌ကြောင့် အထည်ပစ္စည်းကို စက်ဖြင့်‌ရွေ့ရှား‌ပေးရသည်။ ‌ပျော့ ‌ကြောင်း ထိုးစက်မှာ စက်‌ရွေ‌ပေါ်နှင့်သ‌ဘောချင်း တူ‌သော်လည်း အလိုရှိ‌သော ‌ပျော့‌ကြောင်းအရွယ်ကိုလိုက်၍ ‌ရွေ‌ပေါ်သွား (ဆောက်သွား)သေး‌သေးကို တပ်ဆင်‌ပေးထားသည်။ စက်‌ရွေ ‌ပေါ်နှင့် ‌ပျော့‌ကြောင်းထိုးစက်များတွင် ‌ဆောက်ပြားပုံ ‌ရွေ‌ပေါ် သွားများကို မသုံးဘဲ၊ ထက်‌သောနံ‌ဘေး‌စောင်းများပါ၍ လည် လျက်ရှိ‌သော ‌ဆောက်လုံးမျိုးကိုလည်း သုံးနိုင်သည်။

သတ္တုဖြတ် ကတ်‌ကျေးများ၌ ရိုးရိုးကတ်‌ကျေးများမှာကဲ့သို့ အသွားနှစ်ခုမဟုတ်‌ချေ။ သို့‌သော် အလုပ်လုပ်ပုံမှာမူ ရိုးရိုး ကတ်‌ကျေးကဲ့သို့ပင်ဖြစ်၏။ သံမဏိလုပ်ငန်းတွင် အသုံးပြု‌သော ကတ်‌ကျေးများသည် အလွန်အား‌ကောင်း၏။ သာမန်အပူချိန် တွင် ၂ လက်မခန့်ထူး‌သော သံမဏိကို၎င်း၊ အထည်ကို အပူ တိုက်ထားလျှင် ၂၅ လက်မခန့်ထူ‌သော သံပြားများကို၎င်း ဖြတ်‌တောက်‌ပေးနိုင်သည်။ လုပ်ငန်းအ‌သေးအဖွဲများတွင် လက် အားဖြင့်သာ ကတ်‌ကျေးကို အသုံးပြု၏။ သို့‌သော် စက်မှု လက်မှုဆိုင်ရာ လုပ်ငန်းကြီးများ၌ ‌မော်‌တော်စက်၊ ‌ေ၇‌နွေး‌ငွေ့ စက် စသည်တို့ဖြင့် ကတ်‌ကျေးကိုသုံးသည်။ အလွန်ကြီးကျယ် ‌သော အလုပ်ရုံများတွင်မူ ‌လေဖိအားဖြင့် ‌မောင်း‌သောစက်များ ဖြင့် အသုံးပြုကြသည်။

လွှစက်တွင် လုပ်ငန်းကိုလိုက်၍ လွှအမျိုးမျိုးရှိသည်။ အ‌တွေ့ရအများဆုံးမှာ သစ်စက်များတွင်သုံးသည့် လွှမျိုးကဲ့သို့ လွှဝိုင်းများဖြစ်၏။ အချို့မှာ လက်ဆွဲလွှကဲ့သို့ ‌ရှေ့တိုး‌နောက်ငင် လှုပ်ရှားသည့် စက်ထိုးလွှဖြစ်၏။ လွှသွားသည် အလွန်လျင် မြန်စွာ လှုပ်ရှားလျက်ရှိ၍ လွှခွဲလိုသည့်ပစ္စည်းကို စက်ဖြင့် တဖြည်းဖြည်း ‌ရွှေ့‌ပေးရသည်။ အလွန်ထုထယ်ကြီးမား‌သော ပစ္စည်းများကို ခွဲစိတ်ရန်အတွက်မူ ခါးပတ်လွှသည် အ‌ကောင်း ဆုံးဖြစ်၏။ ဤလွှမျိုးတွင် လွှသည် တစ်ဘက်တချက်ရှိ ဘီး များ‌ပေါ်တွင် ခါးပတ်ကွင်းပတ်၍ လည်‌နေသည်။ ‌ကျောက်များ ကိုဖြတ်ရာ၌ သုံးသည့်လွှမှာလည်း ခါးပတ်လွှနှင့် တသ‌ဘော တည်းပင်ဖြစ်သည်။

ဖြတ်‌တောက်သည့် ကရိယာဟူသ‌ရွေ့မှာ သပ်များတွင် အကျုံးဝင်သည်။ သစ်သားတွင်ဖြစ်‌စေ၊ သတ္တုတွင် ဖြစ်‌စေ၊ ‌ဆောက်ကို အသုံးပြုပုံချင်းမှာ အတူတူပင်ဖြစ်၏။ သို့‌သော် သစ်သားမှာ‌ပျော့၍ သတ္တုမှာမာသည့်အတွက် ‌ဆောက် သွားချွန်ပုံချင်း မတူကြ‌ပေ။ သစ်သားတွင်သုံး‌သော ‌ဆောက် သွားများသည် ပါးလွှာချွန်ထက်‌လေ့ရှိ၍ သတ္တုတွင်းသုံး‌သော ‌ဆောက်သွားများကို တုတ်ခိုင်‌စေခြင်းငှာ၊ ‌ဆောက်သွားသည် ဒီဂရီ ၃၀ မှ ၆၀ ခန့်အထိ ‌ရွှေ‌နေရသည်။ ထို့အပြင် ထို ‌ဆောက်မျိုးကို အလွန်ခိုင်မာ‌သော သတ္တုမျိုးဖြင့် ပြုလုပ်ရသည်။ စက်အမျိုးမျိုး တိုးတက်လာသည်နှင့်အမျှ ကရိယာတန်ဆာ ပလာများလည်း အမျိုးမျိုး‌ပေါ်‌ပေါက်လာရသည်။ ယင်းတို့မှာ ပုံဆွဲကရိယာနှင့်တကွ တိုင်းတာရန်ကရိယာများဖြစ်ကြ၍ ဆကရူ‌ဂေ့၊ ဆလိုက်ကယ်လစ်ပါ၊ မိုက်ကရိုမီတာ စသည်တို့မှာ ယခု‌ခေတ်‌ပေါ် တိုင်းတာစစ်‌ဆေးစရာ ကရိယာများဖြစ်ကြ၏။

ယခု‌ခေတ်‌ပေါ် တိုင်းတာစစ်‌ဆေးစရာ ကရိယာများနှင့် ဆိုပါက သာမန်အားဖြင့် တစ်လက်မ၏ တစ်‌ထောင်ပုံတစ်ပုံအထိ တိုင်း တာနိုင်၍ အလွန်အထက်တန်းကျ‌သော ‌ခေတ်မှီကရိယာများနှင့် ဆိုပါက တစ်လက်မ၏ တစ်သန်းပုံ တစ်ပုံအထိပင် မှန်ကန် ‌အောင် စစ်‌ဆေးတိုင်းတာနိုင်‌လေသည်။