ကိုတာကင်နာဘာလူးမြို့ ကို ယခင်က ဂျက်ဆယ်လ်တန်မြို့ဟု ခေါ်ဝေါ်ခဲ့ပြီး[၁] မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ၏ မြို့တော် ဖြစ်သည်။ ဆာဘားပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းတိုင်း၏ မြို့တော်လည်း ဖြစ်သည်။ ဘော်နီယိုကျွန်း ၏ အနောက်မြောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး တောင်တရုတ်ပင်လယ်ကို မျက်နာမူလျှက် တည်ရှိသည်။ အနောက်ဘက်တွင် တွန်ကူး အဘဒူရ် ရာမန် အမျိုးသား ဥယျာဉ်ရှိပြီး အရှေ့ဘက်တွင် မြို့နာမည် အစွဲပြုထားသည့် ကင်နာဘာလူးတောင် ရှိသည်။ ကိုတာ ကင်နာဘာလူးတွင် လူဦးရေ အားဖြင့် ၄၅၂,၀၅၈ဦး ရှိပြီး[၂] အနီးအနားရှိ ပီနမ်ပန် နှင့် ပူတာတန် ခရိုင်တို့ အပါအဝင် မြို့ကြီးဒေသတွင် ခန့်မှန်းခြေ လူဦးရေ ၆၂၈,၇၂၅ ဦးခန့် ရှိသည်။[၂]

ကိုတာကင်နာဘာလူး

Kota Kinabalu

کوتا کينا بالو (ဂျာဝီ)

亚庇 (တရုတ်)

ဂျက်ဆယ်လ်တန်
ပြည်နယ်မြို့တော်
ထိပ်ဆုံးညာဘက်မှ လက်ယာရစ် ထွန်းမူစတာဖာ တာဝါ၊ ဆွပ်ဒ်ငါး ရုပ်တု၊ ဝါဝါဆန် လမ်းဆုံ၊ ဝစ်ဆမာ ထွန်း ဖူယဒ် စတီဖင်၊ မြို့လယ်လမ်း နှင့် ဘော်နီယို မောလ်
ထိပ်ဆုံးညာဘက်မှ လက်ယာရစ် ထွန်းမူစတာဖာ တာဝါ၊ ဆွပ်ဒ်ငါး ရုပ်တု၊ ဝါဝါဆန် လမ်းဆုံ၊ ဝစ်ဆမာ ထွန်း ဖူယဒ် စတီဖင်၊ မြို့လယ်လမ်း နှင့် ဘော်နီယို မောလ် ၏ မြင်ကွင်းပုံ
Flag of ကိုတာကင်နာဘာလူး
အလံ
Official seal of {{{official_name}}}
စည်းတံဆိပ်
နိုင်ငံမလေးရှားနိုင်ငံ
ပြည်နယ်ဆာဘား


ကိုးကား ပြင်ဆင်ရန်

  1. Kota Kinabalu။ ABC Sabah။ 12 August 2009 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ၂.၀ ၂.၁ Population Distribution by Local Authority Areas and Mukims, 2010 (page 1 & 8)။ Department of Statistics, Malaysia။ 5 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2012 တွင် ပြန်စစ်ပြီး။