ကီလိုနိုဗာ (မက်ခရို နိုဗာ) သည် နယူထရွန်ကြယ် ၂ စင်း သို့မဟုတ် နယူထရွန်ကြယ်တစ်စင်းနှင့် တွင်းနက်တစ်ခုတို့ ပေါင်းစပ်မိသော ဒွိကြယ်စနစ်တစ်ခုတွင် ဖြစ်ပွားလေ့ရှိသည်။ ကီလိုနိုဗာများသည် ရေဒီယိုသတ္တိကြွပြိုကွဲမှုကြောင့် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်းနှင့် တိုတောင်းသောဂါမာရောင်ခြည်တန်းများကို ထုတ်လွှတ်သည်ဟု တွေးထားကြသည်။[၁]

နယူထရွန်ကြယ်များ ပေါင်းစပ်၍ ဒြပ်ဆွဲအားလှိုင်းများထုတ်လုပ်ပေးကာ ကီလိုနိုဗာများဖြစ်ပေါ်လာပုံအား အနုပညာရှင်များက ပုံဖော်ထားပုံ

ကီလိုနိုဗာဆိုသည့်အခေါ်ကို Metzger ဆိုသူက ၂၀၁၀ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ ကီလိုနိုဗာများ ဖြစ်ပေါ်သောအခါ ယေဘုယျ နိုဗာများထက် အဆပေါင်း ၁၀၀၀ အထိ တောက်ပကြသည်။ သို့သော် ယင်းတို့သည် ဆူပါနိုဗာများ၏ တောက်ပမှု ၁၀ ပုံ ၁ ပုံမှ ၁၀၀ ပုံ ၁ ပုံအထိသာ ရှိကြသည်။[၂] ပထမဆုံး ကီလိုနိုဗာကို တိုတောင်းသော ဂါမာရောင်ခြည်ထုတ်လွှတ်မှု SGRB 130603B ဖြစ်စဉ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဟာဘယ် အာကာသ တယ်လီစကုပ်က ယင်းဖြစ်စဉ်အား လေ့လာစောင့်ကြည့်ခဲ့သည်။[၁]

ဆက်စပ်ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "A 'kilonova' associated with the short-duration γ-ray burst GRB 130603B" (2013). Nature 500 (7464): 547–549. doi:10.1038/nature12505. PMID 23912055. Bibcode2013Natur.500..547T. 
  2. Hubble captures infrared glow of a kilonova blast။ spacetelescope.org (5 August 2013)။ 28 February 2018 တွင် ပြန်စစ်ပြီး။