ကုန်သည်လေ (Trade winds) ဆိုသည်မှာ ရှေးခေတ်က ကုန်သည်တို့ သင်္ဘောရွက်လွှင့်ရာတွင် များစွာအကျိုးပြုသော လေဖြစ်၍ ဒုတိယအပူပိုင်းဒေသမှ အီကွေတာဒေသသို့ တစ်နှစ်ပတ်လုံး တိုက်ခတ်လေ့ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းတွင် အရှေ့မြောက်မှ တိုက်၍ တောင်ကမ္ဘာလုံးခြမ်းတွင် အရှေ့တောင်မှ တိုက်သည်။ အထူးသဖြင့် ပင်လယ်ပြင်များကို ဖြတ်၍တိုက်သည်။ ရာသီဥတု သာယာတတ်သော်လည်း တခါတရံ လေကတော့များ ဖြစ်ပေါ်တတ်သည်။[၁]

The westerlies (blue arrows) and trade winds (yellow and brown arrows)
3D map showing Hadley cells in relationship to trade winds on the surface

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကုန်သည်လေ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။