ကောလာဟလ သည် ကိစ္စရပ်တခု သို့မဟုတ် အဖြစ်အပျက်တခုနှင့်ပတ်သက်၍ ယုံကြည်ရန်ခက်သော်လည်း လူများအကြား ပျံ့နှံ့နေတတ်သော အချက်အလက်ဖြစ်သည်။ [၁] မှန်ကန်ကြောင်းကို အလျင်အမြန် အတည်ပြုရန် ခက်ခဲသော သို့တည်းမဟုတ် အတည်ပြုရန်ပင် ခက်ခဲသော အဆိုတမျိုးမျိုးကို ကောလာဟလခေါ်ကြောင်း လူမှုသိပ္ပံပညာတွင် အနက်ဖွင့်သည်။ အချို့ပညာရှင်တို့ကလည်း ကောလာဟလကို ဝါဒဖြန့်ခြင်း၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ လူမှုဗေဒ၊ စိတ်ပညာနှင့် လူမှုဆက်ဆံရေးဝိဇ္ဇာပညာတို့တွင် ကောလာဟလနှင့်ပတ်သက်၍ သင်ကြားသင်ယူရမည် များစွာ ရှိ၏။ [၂]

သတင်းမှားနှင့် သတင်းလိမ် (သတင်းတု) ကိုလည်း ကောလာဟလအဖြစ် ပြောဆိုလေ့ ရှိသည်။ သတင်းမှားဟူသည် မသိဘဲ ဖြန့်ဝေမိသော အချက်အလက်မှားကို ဆိုလိုသည်။ သတင်းလိမ် (သတင်းတု) ဟူသည်မှာ ခံယူထင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေသော အချက်အလက်မှားတည်း။ အနောက်တမျိုးကို အစိုးရများ၊ အဖွဲ့အစည်းများက ထုတ်လေ့ရှိသည်။

ဝေါဟာရနောက်ခံ ပြင်ဆင်ရန်

ကောလာဟလ သည် ပါဠိဘာသာမှ ဆင်းသက်ပြီး အုတ်အုတ်ကျက်ကျက်ကြွေးကြော်ခြင်းဟု အနက်ရှိသည်။ [၃]

အချို့လည်း အသံအနိမ့်အမြင့်ကိုလိုက်၍ ကောလဟာလ ဟုလည်းကောင်း၊ ကောလဟလ ဟုလည်းကောင်း အသုံးလွဲတတ်သည်။ [၄][၅][၆]

ကိုးကား ပြင်ဆင်ရန်

  1. Peterson, Warren; Gist, Noel (September 1951). "Rumor and Public Opinion". The American Journal of Sociology. 57 (2): 159–167. doi:10.1086/220916. JSTOR 2772077.
  2. Pendleton, S.c. (1998), 'Rumor research revisited and expanded', Language & Communication, vol. 1. no. 18, pp. 69-86.
  3. ဦးဟုတ်စိန်. "ပါဠိ-မြန်မာအဘိဓာန်". ပိဋကဗျူဟာအဖွဲ့. ၁၉၉၉.
  4. ဘိုဘိုမြင့်. အောင်မျိုးသန့်. "ရေးမြို့နယ်အတွင်း ရေတက်လာပြီဟု ကောလဟာလ ထွက်ပေါ်လာခဲ့ပြီးနောက် လူအများ အထိတ်တလန့် ဖြစ်ခဲ့". Eleven News. 2019-08-15.
  5. မင်းထီး. "အညာဒေသက တမာရွက်ပြုတ်များ ရန်ကုန်ဈေးကွက်တွင် အဝယ်များနေ". DVB Burmese. 2020-04-01.
  6. "လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေ ကို ဂရုမစိုက်ဖို့ သူရဦးရွှေမန်းပြော". RFA Burmese. 2013-06-27.