ကျိုက်ပွန်ဘုရား (IPA: [tɕaiʔpʊ̀ɴ pʰəjá]; မွန်: ကျာ်ပန်ကျိုက် (ဘုရား)၊ ပွန်(လေး) ) သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော် ပဲခူးမြို့တွင် တည်ရှိသည်။ ကျိုက်ပွန်ဘုရားသည် ၉၀ ပေ (၂၇ မီတာ) မြင့်ပြီး ကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဂေါတမဘုရားရှင်မြတ်အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြစ်သည်။ ကျိုက်ပွန်ဘုရားအား ၇ ရာစုလောက်တွင် ပဲခူးပြည့်ရှင် ဘုရင်မိဂါဒိပ္ပမှ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၁၅ ရာစုတွင် ဓမ္မစေတီမင်းမှ ပြန်လည်မွမ်းမံခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်လက်ထက် ၁၅၄၂ ခုတွင် ရွှေသင်္ကန်း ကပ်သည်။ ယင်းနောက် နှစ်အတန်ကြာ ပျက်စီးကာ ချုံပိတ်ဖုံးသည်။ အလောင်းမင်းတရား လက်ထက် ၁၇၅၉ ခု ဩဂုတ်လ၌ လာဖူးစဉ် ပြုပြင်သည်။ ၁၈၀၇ ဘိုးတော်ဘုရားလက်ထက်တွင် ဇိုင်းဂနိုင်း မြို့သူကြီး ဦးရွှေဘီက အင်္ဂတေအသစ် ကပ်လှူသည်။[၁]

ကျိုက်ပွန်ဘုရား
ကျာ်ပန်
ကျိုက်ပွန်ဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်ပွန်ဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာပဲခူးမြို့
ကိုဩဒိနိတ်17°18′15″N 96°27′32″E / 17.304167°N 96.458889°E / 17.304167; 96.458889ကိုဩဒိနိတ်: 17°18′15″N 96°27′32″E / 17.304167°N 96.458889°E / 17.304167; 96.458889
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူဘုရင် မိဂါဒိပ္ပ (King Migadippa)
ပြီးစီး၇ ရာစု


၁၄၇၆ ခုနှစ်တွင် ဓမ္မစေတီမင်းမှ တည်ထားကိုးကွယ်ခဲ့သည်။ ကျိုက်ပွန်ဘုရားကြီးသည် အမြင့်ပေ(၁၀၀) ရှိပြီး ပွင့်တော်မူပြီ:ဖြစ်သော ဘုရားလေးဆူ ကျောခြင်းကပ် ထိုင်တော်မူပုံစံကို တွေ့မြင်ရသည်။ ပဲခူးမှ ရန်ကုန်သို့သွားသော ကားလမ်းမ၏ မြောက်ဘက် (၁) မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဒဏ္ဍာရီအဆိုများအရ မွန်အမျိုးသမီး ညီမ(၄)ယောက်မှ တည်ထားကိုးကွယ်ခဲ့သည်။ ၎င်းညီမ(၄)ဦးတို့မှ တစ်ဦးဦးအိမ်ထောင်ပြုခဲ့သည်ရှိသော် မိမိတည်သည့် ဘုရားပြိုကျပျက်စီး စေမည်ဟု ကတိရှိစေခဲ့သည်။ ၁၉၃၀ ခုနှစ် ငလျင်ဒဏ်ကြောင့် ကဿပဘုရား ပြိုကျပျက်စီ:ခဲ့သည်ကို ပြန်လည်ပြင်ဆင်ပြုပြင်ခဲ့သည်။ [၂]

ဓာတ်ပုံပြခန်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၇၈။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2021 တွင် ပြန်စစ်ပြီး။