ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များ

ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်ဆိုသည်မှာ ဒေသရင်းမဟုတ်ဘဲ မိတ်ဆက်ရောက်ရှိလာပြီး ဦးရေပမာဏ အလွန်အကျွံဖြစ်လာကာ ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်အသစ်အား အပျက်သဘောဆောင်သည့် ပြောင်းလဲမှုကိုဖြစ်လာစေသော သက်ရှိမျိုးစိတ်တစ်မျိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးစိတ်အများစုသည် အခြားမျိုးစိတ်များနှင့်ယှဉ်တွဲ၍ သဟဇာတဖြစ်အောင် အပြန်အလှန်အကျိုးပြုခြင်းဖြင့် နေထိုင်ရှင်သန်ကြသော်လည်း[၂] ကျူးကျော်မျိုးစိတ်များမှာမူ ၎င်းတို့ရောက်ရှိနေထိုင်ရာ ဒေသရင်းမဟုတ်သော နယ်မြေများနှင့် ဇီဝရပ်ဝန်းများကို ဆိုးရွားစွာထိခိုက်စေရုံသာမက ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်ပျက်စီးစေပါသည်။ လူသားတို့၏ နေထိုင်ရာအရပ်နှင့် ပတ်ဝန်းကျင်အပေါ် ပြုပြင်ပြောင်းလဲမှုများကြောင့် ၎င်းတို့၏ မွေးရပ်မြေအတွင်း၌ပင် အန္တရာယ်ဖြစ်လာသော မျိုးစိတ်များအတွက်လည်း ဤဝေါဟာရကို အသုံးပြုနိုင်သည်။ ဒေသရင်းနယ်မြေအတွင်း၌ပင် အခြားဒေသတူ မျိုးစိတ်အချင်းချင်းအပေါ် ကျူးကျော်များပြားလာသော မျိုးစိတ်များ၏ သာဓကတစ်ခုမှာ ကယ်လီဖိုးနီးယား မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် ခရမ်းရောင် သံပခြုပ်ကောင်များသည် ၎င်းတို့အား အမဲလိုက်စားသုံးသော သဘာဝသားရဲမုဆိုးများဖြစ်သည့် ကယ်လီဖိုးနီးယား ပင်လယ်ဖျံများအား လူသားများ၏ အလွန်အကျွံဖမ်းဆီးမှုကြောင့် အရေအတွက်တိုးပွားလာကာ ၎င်းသံပခြုပ်များ၏ အဓိကအစာဖြစ်သည့် ပင်လယ်ရေမှော်များမှာ အလွန်အကျွံစားသုံးခံရသောကြောင့် ပင်လယ် ရေမှော်ပင်တောများ ပြုန်းတီးလာခြင်းပင်ဖြစ်သည်။[၃] ၂၁ ရာစု၌ ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များဆိုင်ရာ ကိစ္စရပ်သည် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

မြောက်အမေရိကမှ ဘီဗာရှဉ့်ဝံများသည် Tierra del Fuego တွင် ကျူးကျော်ပျံ့နှံ့နေသော မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ မြစ်/ချောင်းများကို ပိတ်၍ ဆည်များပြုလုပ်ခြင်း အလေ့အထကြောင့် ဒေသ၏ ပတ်ဝန်းကျင်ရှုခင်းနှင့် ဂေဟစနစ်အပေါ် ကြီးမားသောအကျိုးသက်ရောက်မှုများရှိလာသည်။
ခွတ်ဇု ဟုအမည်ရသော ဂျပန်စပျစ်နွယ်ပင်မျိုးစိတ်သည် အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်ဘက်ရှိ ဂျော်ဂျီယာပြည်နယ်အတ္တလန္တာမြို့ ပတ်ဝန်ကျင်၌ ကျူးကျော်ဝင်ရောက် ပျံနှံ့နေသော ဒေသရင်းမဟုတ်သည့် အပင် မျိုးစိတ်ဖြစ်သည်။
ဥယျာဉ်တစ်ခုတွင် ပေါက်ရောက် ပျံ့နှံ့နေသော Vinca [၁]
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် အယ်လီဂေတ္တာ မိကျောင်းအား မြန်မာ့ စပါးအုံးမြွေ တစ်ကောင်မှ အမဲလိုက်တိုက်ခိုက်နေခြင်း။ ။ မြန်မာ့စပါးအုံးမြွေသည် အမေရိကန်တွင် အယ်လီဂေတ္တာ မိကျောင်း အပါအဝင် ဌာနေမျိုးစိတ်အများအပြားကို ခြိမ်းခြောက်နေသည့် ကျူးကျော်ပျံ့နှံ့နေသော မျိုးစိတ်ဖြစ်သည်။
ထင်းများအား နေရာရွေ့ပြောင်းသယ်ဆောင်ခြင်းမပြုရန် တောတွင်းစခန်းချ ခရီးထွက်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် မျိုးစိတ်များကို ရှောင်ရှားရန် နှိုးဆော်ထားသော ပိုစတာ။

သက်ရှိများ၏ နှစ်ရှည်လများ တည်ရှိနေသော ဂေဟစနစ်များကို ကျူးကျော်ဝင်ရောက်ခြင်းသည် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သော်လည်း၊ လူသားတို့၏ ပယောဂကြောင့် လွယ်ကူချောမွေ့စွာ ရောက်ရှိမှုများသည် ကျူးကျော်မှုနှုန်း၊ အတိုင်းအတာနှင့် ပထဝီဝင်အနေအထား ကွာဝေးစွာရောက်ရှိသွားမှုများ အလွန်မြင့်မားလာစေခဲ့ပါသည်။ နှစ်ထောင်ပေါင်းများစွာကတည်းက လူသားများသည် ၎င်းတို့၏ အစောဆုံးသော ရွှေ့ပြောင်းနေထိုင်မှုပြုလုပ်ချိန်ကတည်းကပင် မတော်တဆ (သို့) ရည်ရွယ်ချက်ရှိရှိ ဒေသရင်းမဟုတ်သော သက်ရှိမျိုးစိတ်များ ဖြန့်ဖြူးခြင်းအား ပြုလုပ်ခဲ့ကြပြီး၊ တဖန် စူးစမ်းရှာဖွေမှုခေတ်ကာလတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများမှတဆင့် ပိုမိုအရှိန်မြင့်မားလာခဲ့သည်။[၄][၅] ကျူးကျော်ဝင်ရောက်သည့် အပင်မျိုးစိတ်များ၏ ထင်ရှားသော သာဓကများမှာ kudzu စပျစ်နွယ်ပင်၊ Andean pampas မြက်ပင် ၊ အင်္ဂလိပ် ivyJapanese knotweed နှင့် yellow starthistle တို့ဖြစ်ကြပြီး တိရစ္ဆာန်များ၏ သာဓကများအနေဖြင့် နယူးဇီလန် ရွှံ့ခရုဝက်ဥရောပ ယုန်ရှဉ့်ကြောင်ငါးကြင်းနှင့် မြွေပါမြီးတိုတို့ ပါဝင်သည်။[၆][၇]

ဝေါဟာရဆိုင်ရာ ဖွင့်ဆိုချက်များ ပြင်ဆင်ရန်

တိုင်းတပါးမှ မျိုးစိတ် (သို့) မွေးမြူထားသော မျိုးစိတ်များသည် ဒေသတစ်ခုတွင် တည်ရှိသော်လည်း ၎င်းဒေသ၌ မွေးဖွားလာခြင်းမဟုတ်သော မျိုးစိတ်များဖြစ်ပြီး အကယ်၍ ထိုမျိုးစိတ်သည် ဒေသရင်း မျိုးစိတ်များနှင့် ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများအပေါ် ခြိမ်းခြောက်မှုများဖြစ်ပေါ်လာပါက ၎င်းတို့ကို ကျူးကျော်မျိုးစိတ်များဟု ခေါ်ဆိုလေ့ရှိသည်။[၈] "ကျူးကျော်ဝင်ရောက်ခြင်း" ဟူသော အသုံးအနှုန်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုထားမှုများမှာ လိုအပ်ချက်များရှိနေနိုင်ပြီး [၉] အလွန်အမင်း ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်သည့် မျိုးစိတ်များမှာ အပင်များ၊ တိရစ္ဆာန်များ၊ မှိုများနှင့် အဏုဇီဝများအားလုံးဖြစ်နိုင်သည်။ အချို့သော မျိုးစိတ်များသည် လယ်ယာများနှင့် ရှုခင်းများကဲ့သို့သော လူသားတို့၏ နေထိုင်ရာဒေသများသို့ ကျူးကျော်ဝင်ရောက်လာမှုများလည်းရှိသည်။[၁၀] အချို့က ဒေသရင်း သို့မဟုတ် "ဇာတိ" မျိုးစိတ်များအဖြစ် ကိုလိုနီပြုထားသည့် သဘာဝနယ်မြေများတွင်တည်ရှိသော မျိုးစိတ်များကိုပါ ထည့်သွင်းရန် ဝေါဟာရ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အကျယ်ချဲ့ထားကြ၏။[၉] "ဇာတိ"၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း တစ်ခါတစ်ရံတွင် အငြင်းပွားဖွယ်ဖြစ်နေပြန်သည်။ ဥပမာအားဖြင့် မြင်းများ၏ မူလအစ ဘိုးဘေးမျိုးစိတ်များသည် မြောက်အမေရိကတွင် ပေါ်ပေါက်လာခဲ့ပြီး ဒေသအလိုက် မျိုးသုဉ်းခဲ့မှုမဖြစ်ပေါ်မီ ယူရေးရှားဒေသများသို့ အသီးသီးဖြန့်ကျက်ရောက်ရှိသွားခဲ့ကြသည်။ ၎င်းနောက် ၁၄၉၃ ခုနှစ်တွင် မြောက်အမေရိကသို့ လူသားတို့၏ ရွှေ့ပြောင်းနေထိုင်မှု အကူအညီဖြင့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ဆင့်ကဲဖြစ်စဉ် မူလမျိုးရိုး ဘိုးဘေးများ၏ တိုက်ကြီးတွင် ရှင်သန်နေထိုင်နေမှုသည် ဇာတိမြေ (သို့) ထူးခြားဆန်းပြားခြင်း ရှိ၊ မရှိ ဆိုသည့်အချက်မှာ အငြင်းပွားဖွယ်ရာဖြစ်လာလေသည်။[၁၁]

မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များ ပြင်ဆင်ရန်

မြန်မာနိုင်ငံအနေဖြင့် ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များနှင့် ပတ်သက်၍ အနည်းငယ်မျှကိုသာသိရှိနိုင်သေးသော်လည်း အချို့ ကျူးကျော် မျိုးစိတ်များမှာ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းတို့မှတဆင့် ရောက်ရှိလာခဲ့ခြင်းသာဖြစ်သည်ကိုလေ့လာတွေ့ရှိရကြောင်း သိရသည်။

ကျူးကျော် မျိုးစိတ်များ၏ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာမှုများအား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယဘင်္ဂလားဒေ့ရှ်တရုတ်လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော နယ်နိမိတ်တလျောက်တွင် အများဆုံးဖြစ်ပွားကြောင်းသိရှိရသည်။ ကျူးကျော် မျိုးစိတ်များသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ခြင်း၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းတို့မှတဆင့် ရောက်ရှိလာနိုင်သည့်အပြင် တိရိစ္ဆာန်များ၊ အပင် အစိတ်အပိုင်းများ၊ သစ်စေ့များနှင့် စွန့်ပစ်ပစ္စည်းများမှနေ၍လည်း ရည်ရွယ်ချက်မရှိဘဲ မတော်တဆဝင်ရောက်လာနိုင်လေသည်။

မြန်မာနိုင်ငံ၌ အဓိက ကျူးကျော်ဝင်ရောက်နေသော မျိုးစိတ်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော မျိုးစိတ်များ စာရင်း[၁၂]မှာ အောက်ပါအတိုင်းဖြစ်သည် -

မြန်မာနိုင်ငံတွင် အဓိကကျူးကျော်ဝင်ရောက်နေသော မျိုးစိတ်များ စာရင်း[၁၂]
စဉ် မျိုးစိတ်အမည် အသုံးများသော အမည် အမျိုးအစား ရောက်ရှိလာပုံ ပေါက်ရောက်/ ကျက်စားသော နေရာ ဆိုးကျိုးများ
၁။ Acacia auriculiformis အော်ရေးရှား သစ်ပင် သစ်အတွက် တင်သွင်း လမ်းဘေး ဝဲ/ယာ စိုက်ခင်း ပန်းဝတ်မှုံမှ ပန်းနာရင်ကြပ်နှင့် ယားယံမှုဖြစ်စေခြင်း
၂။ Leucaena leucocephala ဘောစကိုင်း သစ်ပင် ထင်းအတွက် တင်သွင်း စိုက်ခင်း၊ ဥယျာဉ်ခြံ၊ မြေကွက်လပ်များ ဒေသရင်း အပင်မျိုးစိတ်များနေရာသို့ အစားထိုးဝင်ရောက်ခြင်း
၃။ Prosopis juliflora Mesquite ခြုံပင်/ သစ်ပင် အရိပ်ရပင်၊ တိရစ္ဆာန် အစားအစာ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ခြောက်သွေ့မြေ၊ စားကျက်မြေ ဒေသရင်း မျိုးစိတ် အပင်များနေရာတွင် မြန်ဆန်စွာ အစားထိုးဝင်ရောက်ခြင်း၊ အဆိပ်ရှိ ဆူးများကြောင့် လူနှင့် တိရစ္ဆာန်များကို ထိခိုက်စေခြင်း
၄။ Chromolaena odorata ပိစပ် ခြုံပင် အလှစိုက်ရန် တင်သွင်း လယ်မြေ၊ လမ်းဘေး ဝဲ/ယာနှင့် စားကျက်မြေ အရေပြား ယားယံခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ တိရစ္ဆာန်များ အဆိပ်သင့်ခြင်း၊ ဒေသရင်း မျိုးစိတ်များနေရာသို့ အစားထိုးလာခြင်း
၅။ Hyptis suaveolens Bush Tea ခြုံပင် စိုက်ခင်း၊ လမ်းဘေး ဝဲ/ယာ၊ စားကျက်မြေ၊ ခြောက်သွေ့မြေ ပန်းနာရင်ကြပ်၊ စိုက်ပျိုးမြေများကို ပျက်စီးစေခြင်း
၆။ Lantana camara စိန်နားပန် ခြုံပင် အလှစိုက်ရန် တင်သွင်း စိုက်ခင်း၊ စားကျက်မြေ၊ မြို့ပြဒေသ ကျွဲ/ နွားများကို အဆိပ်သင့်စေခြင်း၊ ဒေသရင်း မျိုးစိတ်များနေရာသို့ အစားထိုးလာခြင်း
၇။ Echinochloacr us-galli Barnhart grass မြက်ပင် မတော်တဆ ရောက်ရှိမှု စပါးခင်း စပါး အထွက်နှုန်း လျော့ကျစေခြင်း၊ တိရစ္ဆာန်များကို အဆိပ်သင့်စေခြင်း
၈။ Imperata cylindrica သက်ကယ် (သို့) သက်ငယ် မြက်ပင် ကမ္ဘာအနှံ့ ပျံ့နှံ့မှု စိုက်ခင်း၊ စားကျက်မြေ၊ ခြောက်သွေ့မြေ သစ်တောများတွင် ဓမ္မတာ မျိုးဆက်ခြင်းကို တားဆီးပြီး တောမီးပြင်းထန်စွာ လောင်စေခြင်း
၉။ Pennisetum spp. Mission grass မြက်ပင် စားကျက်အတွက် စိုက်ပျိုးရန် တင်သွင်း သစ်တောနှင့် စိုက်ခင်းများ စိုက်ခင်းအပင်များ၏ ကြီးထွားမှုကို တားဆီးခြင်းနှင့် ယှဉ်ပြိုင်နေရာလုခြင်း
၁၀။ Mikania micrantha Mile-a-minute weed, Chinese creeper, American rope နွယ်ပင် အလှစိုက်ရန် တင်သွင်း သစ်တောနှင့် စိုက်ခင်းများ အပင်များကို ရစ်ပတ်ခြင်းဖြင့် သေစေခြင်း၊ ရေနှင့် အာဟာရ လုယူခြင်း
၁၁။ Mimosa diplotricha ထိကရုန်း ခြုံပင် အလှစိုက်ရန် တင်သွင်း သစ်တောနှင့် စိုက်ခင်းများ ဆူးပေါများ၊ လျင်မြန်စွာ ပျံ့နှံ့ခြင်း၊ အခြားအပင်များကို သေစေနိုင်၊ ပေါင်းရှင်းရန် ခက်ခဲ
၁၂။ Eichhornia crassipes ဗေဒါ ရေနေ ပေါင်းပင် အလှစိုက်ရန် တင်သွင်း ရေကန်၊ ရေအိုင်နှင့် ချောင်းများ ရေစီးဆင်းမှု နှေးကွေးစေခြင်း၊ ရေခမ်းခြောက်စေခြင်း
၁၃။ Achatina fulica အာဖရိက ခရုကြီး ခရု အလှမွေးရန် တင်သွင်း ဥယျာဉ်များ၊ ပျိုးခင်းများ၊ စိုက်ပျိုးမြေများ သီးနှံများအပေါ် ဆိုးကျိုးသက်ရောက်စေသော ကပ်ပါးကောင်များ သယ်ဆောင်ခြင်း
၁၄။ Pomacea canaliculata ရွှေပန်းသီး ခရု ခရု မတော်တဆ ရောက်ရှိလာခြင်း စပါးခင်း ဆန်စပါးထုတ်လုပ်မှုကို အဓိကအန္တရာယ်ဖြစ်စေခြင်း
၁၅။ Clarias gariepinus အာဖရိက ငါးခူ ငါး အစားအစာအတွက် တင်သွင်း ရေသန့်စင်မှုကို လျော့နည်းစေခြင်း၊ အခြားရေနေသတ္တဝါများကို သတ်ဖြတ် စားသုံးခြင်း
၁၆။ Cyprinus carpio Carp ငါး အစားအစာအတွက် တင်သွင်း ဆည်များကန်များ၊ ဒီရေတောများ ရေကြည်လင်သန့်ရှင်းမှုကို လျော့ကျစေခြင်း၊ ရေနေအပင်များကို ဖျက်ဆီးခြင်း၊ ဒေသရင်း ငါးမျိုးစိတ်များ နေရာသို့ အစားထိုးဝင်ရောက်လာခြင်း
၁၇။ Ctenopharyng odon idella Grass carp ငါး အစားအစာအတွက် တင်သွင်း ဆည်များကန်များ ရေနေအပင်များ ပျက်စီးစေခြင်း၊ အာရှ သံပြားကောင်ကဲ့သို့ ကပ်ပါးကောင်များကို သယ်ဆောင်ခြင်း
၁၈။ Oreochrs spp. တီလားပီးယား ငါး အစားအစာအတွက် တင်သွင်း ဆည်များကန်များ ဒေသရင်း ငါးမျိုးစိတ်များ၏ တန်ဖိုးကို ကျဆင်းစေခြင်း၊ ရေနေ ဇီဝရပ်ဝန်းကို ပြောင်းလဲစေခြင်း
၁၉။ Teredo spp. ရေငန်နေ တီကောင် ခရု ရွှေ့ပြောင်း ဝင်ရောက်လာခြင်း ပင်လယ်၊ ဒီရေတော သစ်သား/ ပျဉ်ပြားများကို ဆွေးမြေ့စေခြင်း၊ တံတားများကို ပျက်စီးစေခြင်း

ကိုးကား ပြင်ဆင်ရန်

ဖြည့်စွက်ဖော်ပြချက် ပြင်ဆင်ရန်

ဤဆောင်းပါးတွင် CC-BY-3.0 အောက်တွင်ရှိသော ကိုးကားမှုများမှ စာသားများကို ဘာသာပြန်ဆို၍ ထည့်သွင်းဖော်ပြထားပါသည်။

ကျမ်းကိုးစာရင်း ပြင်ဆင်ရန်

  1. Global Compendium of Weeds: Vinca major။ Hear.org။
  2. Chris D. Thomas (2017)။ ကမ္ဘာမြေအား အမွေဆက်ခံသူများ။ ။ မျိုးသုဉ်းမှုဖြစ်နေချိန်၌ ဝေဆာများပြားလာအောင် သဘာဝတရားသည် မည်သို့မည်ပုံပြုလုပ်သည်။ PublicAffairs။ ISBN 978-1610397278
  3. Plague of purple sea urchins ravages California's offshore ecosystem, heads to Oregon (October 24, 2019)။
  4. Williams၊ J. D. (1998)။ "Non-indigenous Species" (PDF)Status and Trends of the Nation's Biological ResourcesReston, Virginia: United States Geological Survey။ pp. 117–29။ ISBN 9780160532856။ 14 January 2021 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး20 January 2022 တွင် ပြန်စစ်ပြီး
  5. Mack, R. (2000). "Biotic invasions: Causes, epidemiology, global consequences, and control". Ecological Applications 10 (3): 689–710. doi:10.1890/1051-0761(2000)010[0689:BICEGC]2.0.CO;2. 
  6. "The Invasiveness of the Genus Sylvilagus in Massachusetts and the Resulting Increase in Human Allergen Sensitization to Rabbits" (February 2018). Journal of Allergy and Clinical Immunology 141 (2): AB236. doi:10.1016/j.jaci.2017.12.747. 
  7. "Free-ranging domestic cats (Felis catus) on public lands: estimating density, activity, and diet in the Florida Keys" (February 1, 2018). Biological Invasions 20 (2): 333–44. doi:10.1007/s10530-017-1534-x. 
  8. Odd Terje Sandlund; Peter Johan Schei; Åslaug Viken (30 June 2001)။ Invasive Species and Biodiversity Management။ Springer Science & Business Media။ pp. 2–။ ISBN 978-0-7923-6876-2
  9. ၉.၀ ၉.၁ Colautti, Robert I.. "A neutral terminology to define 'invasive' species".  Archived 26 September 2007 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 26 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2022 တွင် ပြန်စစ်ပြီး။
  10. S. Inderjit (16 January 2006)။ Invasive Plants: Ecological and Agricultural Aspects။ Springer Science & Business Media။ pp. 252–။ ISBN 978-3-7643-7380-1
  11. Leidy၊ Joseph (March 5, 2012)။ Ancient American HorsesAcademy of Natural Sciences, Drexel University။ 5 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 January 2022 တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းကြီးကြပ်ရေး ကော်မတီ (၂၀၁၁)။ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (PDF)ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန။ pp. ၃၅ ~ ၄၂။ ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များ (Invasive Alien Species -IAS)