ကျော်ဝင်း (ဝန်ကြီး)

မြန်မာနိုင်ငံရေးသမား
ကျော်ဝင်း အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ကျော်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဦးကျော်ဝင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရအသစ်တက်လာချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ တာဝန်ယူခဲ့သည်။ကိုယ်ရေးအကျဉ်းများတွင် နိုင်ငံခြားတက္ကသိုလ်မှ Ph.d ဘွဲ့ ရရှိခဲ့သည်ဟု အတုအယောင်လုပ်ခဲ့၍ ပထမဆုံး ဝေဖန်ခံရသည်။ [၁]၂၀၂၁ ဖေဖော်ဝါရီ ၄ရက် တွင် ဖမ်းဆီးခံရပြီး ၂၀၂၃ ဧပြီ၁၇ ရက်တွင် ပြန်လွတ်သည်။[၂]

ဦးကျော်ဝင်း
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၂၅​ ​မေ ၂၀၁၈
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ(ယာယီ)
ဦးဝင်းမြင့်
ယခင်လူဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
ဦးဝင်းရှိန် (ဘဏ္ဍာရေး ဝန်ကြီးဌာန)
ဆက်ခံသူဦးစိုးဝင်း
ပြသူ့လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၀ မတ် ၂၀၁၆
မဲဆန္ဒနယ်ဒဂုံဆိပ်ကမ်းမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-02-23) ဖေဖော်ဝါရီ ၂၃၊ ၁၉၄၈ (အသက် ၇၆)
လပွတ္တာ
နိုင်ငံရေးပါတီNLD
ကြင်ဖော်(များ)ခင်စောယု
သားသမီး
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်

စစ်​ဆေးခံရခြင်း ပြင်ဆင်ရန်

ဦး​​ကျော်ဝင်းမှာ တိုင်ကြားထားမှုများ​ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ​၂၀၁၈ခုနှစ် ​မေလ၇ရက်​နေ့မှစ၍စစ်​ဆေးခြင်းခံခဲ့ရသည်။ ထို့​နောက် နုတ်ထွက်စာတင်ထားပြီး ၂၀၁၈ ​မေလ ၂၅ရက်​နေ့တွင်နိုင်ငံ​တော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

၂၀၁၈ခုနှစ်ကာလက ဦးကျော်ဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးစဉ်အဂတိလိုက်စားကြောင်းမတွေ့၍ အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။[၃] [၄] ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်စဉ်များ ပြင်ဆင်ရန်

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကိုပါ  စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း၊ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့်  တရားစွဲဆို ခဲ့သည်။[၅]

ဦးကျော်ဝင်းသည်  အကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေရဆဲ ကာလမှာပင် ကျန်းမာရေးကြောင့် နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။[၆]

ယင်းနောက် ၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းနှင့်အတူ  ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့်  ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။[၇] [၈]၂၀၂၃ ဧပြီ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်သည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. http://www.7daydaily.com/story/127299 Archived 27 May 2018 at the Wayback Machine.
  2. အန်အယ်လ်ဒီ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လည်လွတ်မြောက်DVB Burmese (၁၇ဧပြီ၂၀၂၃)။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. အတိုင်ခံရတဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်း အဂတိလိုက်စားကြောင်းမတွေ့BBC Burmese (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရဧရာဝတီ (၉ ဇွန် ၂၀၁၈)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့အား လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြန်ခေါ်သက်သေ ရဲအရာရှိနှစ်ဦးကို စစ်ဆေးEleven Media (၂၃ ဇွန် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို တရားရုံးက အာမခံပေးRFA (၂၇ ဇန်နဝါရီ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်နဲ့ အစိုးရ လျှို့ဝှက်ချက်အက်BBC Burmese (၂၃ ဇွန် ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာရှောင်တာနယ်လ်အပါအဝင် ၅ ဦးကို ထောင်ဒဏ် ၃နှစ်စီချမှတ်DVB (၂၉ စက်တင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ထောင်ကပြန်လွတ်New Day Myanmar (၁၇ဧပြီ၂၀၂၃)။ 17 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။