ကြာအင်းဆိပ်ကြီးမြို့နယ်

ကြာအင်းဆိပ်ကြီး

ကြာအင်းဆိပ်ကြီးမြို့နယ် သည် မြန်မာနိုင်ငံကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကြာအင်းဆိပ်ကြီးမြို့ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ကြာအင်းဆိပ်ကြီးမြို့ ဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်
မြို့နယ်
ကော့ကရိတ်ခရိုင်အတွင်းတည်နေရာ (အနီ)
ကော့ကရိတ်ခရိုင်အတွင်းတည်နေရာ (အနီ)
ကြာအင်းဆိပ်ကြီးမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကြာအင်းဆိပ်ကြီးမြို့နယ်
ကြာအင်းဆိပ်ကြီးမြို့နယ်
ကော့ကရိတ်ခရိုင်အတွင်းတည်နေရာ (အနီ)
ကိုဩဒိနိတ်: 15°54′N 98°11′E / 15.900°N 98.183°E / 15.900; 98.183ကိုဩဒိနိတ်: 15°54′N 98°11′E / 15.900°N 98.183°E / 15.900; 98.183
နိုင်ငံ မြန်မာ
ပြည်နယ် ကရင်
ခရိုင်ကြာအင်းဆိပ်ကြီးခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ကြာအင်းဆိပ်ကြီးမြို့
ဧရိယာ
 • မြို့နယ်၃၀၃၁.၀၁ စတုရန်းမိုင် (၇၈၅၀.၃ စတုရန်းကီလိုမီတာ)
 • မြို့ပေါ်၃.၂၁ စတုရန်းမိုင် (၈.၃ စတုရန်းကီလိုမီတာ)
 • ကျေးလက်၃၀၂၇.၈၀ စတုရန်းမိုင် (၇၈၄၂�၀ စတုရန်းကီလိုမီတာ)
လူဦးရေ (မတ် ၂၀၁၇)[၁]၂၄၆၀၆၅
 • မြို့ပေါ်၂၈၁၈၀
 • မြို့ပေါ် သိပ်သည်းမှု၈၈၀၀/sq mi (၃၄၀၀/km)
 • ကျေးလက်၂၁၇၈၈၅
 • ကျေးလက် သိပ်သည်းမှု၇၂/sq mi (၂၈/km)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း ပြင်ဆင်ရန်

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးတွင် အင်္ဂလိပ်အား ပေးလိုက်ရသော ကျိုက္ခမီခရိုင်တွင် ပါဝင်ခဲ့သည်။ ၁၉၁၁ ခုနှစ်မှ စ၍ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ကော့ကရိတ်ခရိုင်ခွဲအဖြစ် နယ်ပိုင်ဝန်ထောက်တစ်ဦးက အုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်သည် သစ်တောထူထပ်ပြီး စတုရန်းမိုင် ၁ မိုင်လျှင် လူဦးရေ ၂၀ ခန့်သာ နေထိုင်ခဲ့သည်။[၁]

၁၉၅၅ ခုနှစ် ဇူလိုင် ၁ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဘားအံခရိုင်တွင် ထည့်သွင်းခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် ဘားအံခရိုင်မှ ကော့ကရိတ်ခရိုင်သို့ ပြောင်းရွေ့ထည့်သွင်းခဲ့သည်။

အမည်ရင်းမြစ် ပြင်ဆင်ရန်

ဇမိချောင်းကမ်းနဖူး သစ်ဆိပ်ကို အစွဲပြု၍ ချောင်းရိုးတစ်လျောက် ခုတ်မောင်းနေသည့် လှေ၊ သင်္ဘောများက ဆိပ်ကြီး ဟုခေါ်ရာမှ ကြာအင်းဆိပ်ကြီးမြို့ ဖြစ်လာခဲ့သည်။ မြို့၏ မြောက်ဘက် ၁ မိုင်ခန့်ရှိ ကြာအင်းကြီးကျေးရွာနှင့် တောင်ဘက် ဇမိမြစ်ကမ်းသစ်ဆိပ်ကို ပူးတွဲခေါ်ဝေါ်လျက် ကြာအင်းဆိပ်ကြီးမြို့ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်သည်။[၁]

ပထဝီဝင် တည်နေရာနှင့် အကျယ်အဝန်း ပြင်ဆင်ရန်

ကြာအင်းဆိပ်ကြီးမြို့နယ်သည် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၃ မိနစ် ၁၅ စက္ကန့်နှင့် ၁၆ ဒီဂရီ ၀၂ မိနစ် ၀၀ စက္ကန့်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၅ မိနစ် ၃၀ စက္ကန့်နှင့် ၉၈ ဒီဂရီ ၀၇ မိနစ် ၀၀ စက္ကန့်အကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၃၇ ပေ (၁၁ မီတာ) ဖြစ်ပြီး မြို့နယ်အကျယ်အဝန်းမှာ ၃,၀၃၁.၀၁ စတုရန်းမိုင် (၁,၉၃၉,၈၅၀ ဧက) ဖြစ်သည်။ အရှေ့မှ အနောက်သို့ မိုင် ၅၀ နှင့် တောင်မှ မြောက်သို့ ၈၂ မိုင် ရှည်လျားသည်။[၁]

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ကြာအင်းဆိပ်ကြီးမြို့နယ်သည် တောတောင်ထူထပ်ပြီး အရှေ့မြောက် ကျိုက်ဒုံဒေသတွင် ပျမ်းမျှအမြင့်ပေ ၃၇၀၀ ရှိသော ဒေါနတောင်တန်းနှင့် တောင်စွယ်တောင်ထွဋ်များ တည်ရှိသည်။ မြို့နယ်အတွင်းတွင် ဇမိမြစ်ဝင်းရော်မြစ်နှင့် ဟောင်သရောမြစ်တို့သည် တောင်မှ မြောက်သို့ စီးဆင်းသည်။ ဇမိမြစ်နှင့် ဝင်းရော်မြစ်တို့သည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတွင် ပေါင်းဆုံပြီး အတ္တရံမြစ်အဖြစ် မုတ္တမပင်လယ်ကွေ့သို့ ဆက်လက်စီးဆင်းသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ။ ကရင်ပြည်နယ် အစိုးရအဖွဲ့ (မတ် ၂၀၁၇)။ 11 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်