လူတယောက် အသက်ရှုတဲ့အခါ လေကို ပါးစပ် ဒါမှမဟုတ် နှာခေါင်းကနေ ရှူသွင်းလိုက်ပါတယ်။ ရှူသွင်းလိုက်တဲ့လေဟာ အသက်ရှူလမ်းကြောင်းမှာ ပါဝင်တဲ့ နေရာအဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံးမှာ အဆုတ်ထဲကို ရောက်သွားပါတယ်။ ရင်ခေါင်း ကြွက်သားမကြီးကလည်း ကြွက်သားကျုံ့ခြင်း၊ ဆံ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့် လေရှူသွင်းချိန်မှာ အောက်ဘက်ကို ကျသွားလိုက်၊ လေရှူထုတ်ချိန်မှာ အပေါ်တက်လာလိုက် ဖြစ်ပေါ်စေပြီး အသက်ရှူတဲ့ဖြစ်စဉ်မှာ ဝင်ရောက်ပါဝင်လေ့ ရှိပါတယ်။ အာရုံကြောတခုဖြစ်တဲ့ phrenic nerve ဟာ ရင်ခေါင်းကြွက်သားမကြီးရဲ့ လှုပ်ရှားမှုနဲ့ အာရုံခံစားမှုကို လုပ်ဆောင်ပေးပါတယ်။

ကြို့ထိုးခြင်းဆိုသည်မှာ ပြင်ဆင်ရန်

အကြောင်းအမျိုးမျိုးကြောင့် phrenic nerve က လှုံဆော်မှုကို ခံရမယ်ဆိုရင် ရင်ခေါင်းကြွက်သားများဟာ အလိုအလျောက် လှုပ်ရှားလာတတ်ပါတယ်။ (မျက်စေ့နဲ့ မြင်ရတဲ့ ကြွက်သားတွေ လှုပ်ရင်တော့ အသားလှုပ်တယ်လို့ ခေါ်ပါတယ်။ တဆတ်ဆတ်နဲ့ ဖြစ်တတ်တဲ့သဘောပေါ့ )

အဲဒီ လှုံ့ဆော်မှုကြောင့် ကြို့ထိုးမဲ့သူဟာ အသက်ကို ပြင်းပြင်းနဲ့ မြန်မြန်ရှူလိုက်ပါတယ်။ ဒီအချိန်မှာ (epiglottis) လို့ခေါ်တဲ့ လေပြွန်ဖန်က ရုတ်တရက် ပိတ်သွားပါတယ်။ ဒီအခါ လေအဝင်အထွက်က ရုတ်တရက် ရပ်သွားပါမယ်။ ဆိုတော့ လူတိုင်းကြားနေကျ ကြို့ထိုးတဲ့ အသံလေး ဖြစ်ပေါ်လာပါတယ်။ အွတ်.. အွတ်.. ။ ဟုတ်တယ်နော်။ စမ်းကြည့်ပါဦး။ ကြို့ထိုးအောင် လှုံဆော်ပေးတဲ့အရာ အများအပြား ရှိပါတယ်။ အဲဒါတွေကတော့

  1. ရင်ပြည့်လွန်ခြင်း
    အစာအိမ်ဟာ ရင်ခေါင်း ကြွက်သားမကြီးရဲ့ အောက်မှာ တည်ရှိပါတယ် ။ ဒါကြောင့် အစာတွေအများကြီး စားလိုက်မယ်ဆိုရင် အာရုံကြောကတဆင့် ရင်ခေါင်း ကြွက်သားမကြီးကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတာပါ။
  2. အပူအစပ်များစားခြင်း
  3. ဆေးလိပ် အလွန်အကျွံသောက်ခြင်း
  4. အရက် အလွန်အကျွံသောက်ခြင်း သို့မဟုတ် တကြိမ်တည်းနှင့် အများအပြား သောက်လိုက်ခြင်း
  5. အစာအိမ် အတွင်းနှင့်အပြင်တွင် အပူချိန်ကွာခြားမှု ရုတ်တရက်များလာခြင်း (အလွန်အေးသော ၊ အလွန်ပူသောအစာများ စားမိလျှင်ဖြစ်တတ်သည်)
  6. စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။

ရောဂါကြောင့်ဖြစ်ခြင်း ပြင်ဆင်ရန်

  1. ကိုယ်တွင်းဇီဝကမ္မဆိုင်ရာ ပြင်းထန်သောရောဂါများ၊
  2. အာရုံကြောမကြီးနှင့်ဆိုင်သော ရောဂါများ၊
  3. မေ့ဆေးပေးထားသောသူများ၊
  4. စိတ်မကျန်းမာသော သူများ
  5. အချို့သော ဆီးချိုသမားများ
  6. ကျောက်ကပ်အားနည်းသူများ စသည်တို့မှာ ၄၈နာရီထက်ကြာအောင် ကြို့ထိုးတတ်တာ တွေ့ရတတ်ပါတယ်။

ပျောက်အောင်လုပ်နည်း ပြင်ဆင်ရန်

ကြို့ထိုးတာဟာ အချိန်တော်တော်များများမှာ သူ့အလိုလို ပျောက်တတ်ပါတယ်။ ဘာမှလုပ်ပေးစရာ မလိုပါဘူး။ အချိန်အရမ်းကြာလို့ ခံစားနေရတဲ့သူ သိပ်မောပန်းလာမယ် ဆိုရင်တော့ ရိုးရှင်းတဲ့နည်းလေး တွေနဲ့ အရင် စကုနိုင်ပါတယ။် အဲဒါတွေကတော့…

၁။ အသက်ရှူတာ ခဏအောင့်ထားလိုက်ပါ။

သွေးထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတွေ တက်လာပါလိမ့်မယ်။ ဒါဆို သက်သာသွားပါလိမ့်မယ်။ ကြို့မထိုးတော့ပါဘူး။

၂။ ရေသောက်ကြည့်ပါ။

၃။ အိတ်တအိတ်ထဲကို ပါးစပ်နဲ့ နှာခေါင်းထည့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ပါ။ ဒါဆိုလည်း ကိုယ်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ကိုယ်ပြန်ရှူသလိုဖြစ်ပြီး သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ တက်လာပါလိမ့်မယ်။

ဒီနည်းလေးတွေက vagus nerve လို့ခေါ်တဲ့ ဦးနှောက်နဲ့ အစာအိမ် အူလမ်းကြောင်းကို ဆက်သွယ်ပေးထားတဲ့ အာရုံကြောကို လှုံဆော်ပေးပြီး ကြို့ထိုးခြင်းကို သက်သာစေတာ ဖြစ်ပါတယ်။

၄။ သကြားကို လျှာအောက်မှာ ငုံထားပေးပါ ။

အချိန်ကြာမြင့်စွာ ကြို့ထိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။ ဆေးအနေနဲ့ကတော့ Chlorpromazine ဆိုတဲ့ဆေးကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုတော့ မတိုက်သင့်ပါဘူး။


ဆရာဝန်တယောက်အနေဖြင့် ပြင်ဆင်ရန်

၁။ နှာခေါင်းပိုက် (suction tube )ကို နှာခေါင်းက တဆင့်ထည့်ပြီး ရှေ့တိုးနောက်ဆုတ် အနည်းငယ်ပြုလုပ်ပေးခြင်းအားဖြင့် pharynx ကို လှုံ့ဆော်ပေးခြင်း။ (တော်တော် အခံရ ခက်ပါတယ်၊ မဖြစ်မနေမှသုံးပါတယ်)

၂။ Phrenic nerve ကိုမလှုပ်ရှားနိုင်အောင် လုပ်ထားခြင်း ဖြတ်တောက်ထားခြင်း တို့ပြုလုပ်နိုင်ပါတယ်။

မူရင်းစာမျက်နှာ ပြင်ဆင်ရန်

ကြို့ထိုးခြင်းဆိုတာ [၁] Archived 25 November 2011 at the Wayback Machine.