ကွန်ပျူတာ မန်မိုရီ

ကွန်ပျူတာတွင်ဒေတာများအား လျှပ်ကူးစနစ်ဖြင့် ယာယီသိမ်းဆည်းပေးသော မှတ်ဉာဏ်တု

ကွန်ပျူတာစနစ်တွင် Motherboard ဟာ ကွန်ပျူတာပစ္စည်း‌တွေ လာ‌ရောက်တပ်ဆင်ဖို့ဖြစ်ပြီး CPU က တွက်ချက်မှု‌တွေလုပ်ဆောင်ကာ Memory က CPU တွက်ချက်နိုင်‌အောင် ‌ဘေးက‌နေ လိုအပ်ရာရာမှန်သမျှကို ကူညီမှတ်သား‌ပေးပြီး အလုပ်‌တွေလုပ်ဖို့ဖြစ်ပါတယ်။

Motherboard နဲ့ CPU အ‌ကြောင်း‌တွေ‌လေ့လာပြီးရင် မပါမဖြစ်အ‌ရေးပါတဲ့ Memory အ‌ကြောင်းကို‌ လေ့လာရ‌အောင်။ Memory သည် ကွန်ပျူတာ၏ ယာယီမှတ်ဉာဏ်ဖြစ်တယ်။ ကွန်ပျူတာပိတ်လိုက်ပါက မှတ်ဉာဏ်အတွင်းရှိအချက်အလက်များ‌ ပျောက်ပျက်သွားမှာဖြစ်တယ်။ Random Access Memory (RAM) လို့လည်း‌ ခေါ်ကြတယ်။

(1) Memory ကို ဝင်ဆံနိုင်သည့် အချက်အလက်ပမာဏကို B (Byte) ဖြင့်တိုင်းတာတယ်။

(2) Memory ၏ အဓိကလုပ်‌ဆောင်နိုင်မှု အမြန်နှုန်းထားကို Hz(Hertz) ဖြင့်တိုင်းတာတယ်။

(3) Memory ကို Type အမျိုးအစားအားဖြင့် DDR1, DDR2, DDR3 ဖြင့်လည်း တိုင်းတာတယ်။

Memory တစ်‌ချောင်းကို ဝယ်ယူတပ်ဆင်ကြည့်မယ်ဆိုရင် ဒီ (၃) မျိုးနဲ့ တိုင်းတာတယ်။ DDR1, 1GB, 400 MHz ဥပမာ- DDR2, 1GB , 800MHz DDR3,1GB, 1066MHz စသဖြင့်ပါ။ P4 ကွန်ပျူတာများတွင် တပ်ဆင်‌သော DDR1 Memory များကို Speed အားဖြင့် 200 MHZ ,266MHz, 333MHz , 400MHz ဆိုပြီး ထုတ်လုပ်ကြသည်။ 200 MHz ကို PC1600,266 ကို PC- 2100, 333 ကို PC- 2700 ,400 ကို PC-3200 လို့လည်း‌ခေါ်ကြသည်။ MHz x 8= PC ရသည်။ 775board များတွင်တပ်ဆင်ထား‌သော DDR 2 များတွင် 533 MHz , 667MHz, 800 MHz ဖြင့်ထုတ်လုပ်ကြသည်။ 1156 board များတွင် DDR 3 ,1066 MHz ဖြင့် ထုတ်လုပ်လာသည်။ Memory ၏မြန်နှုန်း Speed ကို MHz (frequency) ဖြင့်တိုင်းတာ‌ကြောင်းကို အထက်တွင် ‌ဖော်ပြခဲ့ပြီးဖြစ်သည်။ DDR1, DDR2, DDR3, တိုင်းတွင် Speed ဆိုတာရှိသည်။ တူညီ‌သော Speed ဖြစ်ဖို့သည် တူညီ‌သောပမာဏ MB ထက်ပိုအ‌ရေးကြီးသည်။ 1GB နှင့် 512 MB ကို Speed တူက တပ်ဆင်နိုင်သည်။ ‌သေချာတာက‌တော့ ကုမ္ပဏီတူ၊ Speed တူ၊ ပမဏတူတာတွဲသုံး‌လေ ပို‌ကောင်း‌လေဖြစ်သည်။ Memory ပမာဏများလျှင် Window လည်ပတ်မှုနှင့် Software များ Run ရာတွင် အဆင်‌ပြေပါသည်။ သတိထားရမှာက XP တင်ထားလျှင် memory အများဆုံးသည် 3GB ဝန်းကျင်ပဲ သိနိုင်ပြီး၊ Vista နှင့် Window 7 တွင်သာ 4GB အပြည့်ပြနိုင်မည်ဖြစ်သည်။ XP မှာ 4 GB ပြချင်လျှင်လည်းရသည်။ 64 bit Window XP တင်‌ပေးလျှင်ရသည်။ ဘာပဲဖြစ်ဖြစ် ထည့်လိုက်သမျှဟာ Memory ပမာဏကို‌တော့ BIOS ကအပြည့် သိပါသည်။ ဒီ‌နေရာမှာ ကြုံလို့ တစ်ခု‌ပြောလိုက်အုံးမယ်။ Device တစ်ခုကို ကွန်ပျူတာ တပ်ဆင်ပြီးလျှင်၊ BIOS သိနှင့် Window သိ ၂ မျိုးရှိပါတယ်ဆိုတာ မှတ်ထားပါ။ ဥပမာ DVD Drive တပ်တယ်ဆိုပါ‌တော့ ၊ BIOS မှာ အဲဒီ ‌ပေါ်မ‌ပေါ်ကြည့်မယ်။ BIOS မှာပြသည်။ ဟုတ်ပြီ ဒါဆိုပထမဆင့် OK သွားပြီ။ Window တက်ကြည့်၊ Window မှာ‌ပေါ်လားဆိုပြီး ‌သေချာ‌အောင် Device Manager ကြည့် ၊ ဟုတ်ပြီ Device Manager မှာ‌ပေါ်ပြီ၊ ဒါဆို My computer, Explore မှာကြည့်၊ ‌ပေါ်ပြီ၊ OK။ ဘာ‌ကြောင့် ဒါကိုရှင်းပြသလဲဆို‌တော့ တချို့ Device ‌တွေက BIOS က သိ‌အောင် BIOS Driver ‌မောင်း‌ပေးရတယ်။ Window ကသိ‌အောင် Window မှာ Driver ‌မောင်း‌ပေးရတယ်။ BIOS အတွက် အပြင် Driver လို့‌ခေါ်ပြီး ၊ Window အတွက် အတွင်း Driver လို့ ‌ခေါ်ပါတယ်။ ဥပမာ Restore Card လို Window မပျက်နိုင်တဲ့ Card မျိုး‌ပေါ့။ Motherboard တက်ဖို့အ‌ရေး Memory ဟာ အ‌ရေးကြီးပါတယ်။။ Memory မ‌ကောင်းရင် Board တက်တဲ့အခါ ‘‘တီ တီ တီ’’ ဆိုပြီးအသံ‌ပေးပါတယ်။ တစ်ခါတ‌လေလဲ ဘာသံမှလည်း မ‌ပေး ၊ Monitor ‌ပေါ်လည်း ဘာမျှမ‌ပေါ်လာ။ ဒါဆိုရင် Memory လဲပြီးစမ်းကြည့်ပါ။ ဒါမှမဟုတ် Memory ကိုသန့်ရှင်း‌ရေးလုပ်လိုက်ရင်လည်း ပြန်‌ကောင်း သွားတတ်ပါတယ်။ သန့်ရှင်း‌ရေးလုပ်တယ်ဆိုတာ ‌ကျောင်းသုံးခဲဖျက်နှင့် Memory ‌ပေါ်ကို ကြိမ်ဖန်များစွာ ပွတ်တိုက်ခြင်း၊ စက္ကူဖြင့် ပွတ်တိုက်ခြင်းကို ဆိုခြင်းဖြစ်သည်။ Board မတက်ဘူးဆိုတဲ့ ကွန်ပျူတာ ၁ဝ လုံးဆိုရင် တစ်ဝက်‌လောက်က Memory မှာ ‌ချေးကပ်‌နေလို့ပါ။ အဲဒါ‌တွေကို သန့်ရှင်းလိုက်ရင် ပြန်‌ကောင်းသွားပါတယ်။ သတိထားရမှာက Chip ‌တွေကို‌တော့ လက်နဲ့မထိပါနဲ့ ။ ကွန်ပျူတာပစ္စည်းတိုင်းဟာ လူကထွက်တဲ့ တည်ငြိမ်လျှပ်စစ် (Static charge) ‌ကြောင့် ပျက်စီးတက်တယ်ဆိုတာ သတိထားပါ။ ကွန်ပျူတာပစ္စည်း‌တွေကို နံပြားရိုက်သလို မကိုင်ပါနဲ့။ မာတဲ့‌နေရာက‌နေ ‌သေချာထိန်းပြီးကိုင်ပါ။ Memory မှာသုံးစွဲတဲ့ Volt ပမာဏချင်းမတူပါဘူး။ DDR1 ဟာ 2.5 V သုံးပြီး DDR 2 မှာ 1.8V သုံးပါတယ်။ သူတို့ကိုမှား မတတ်မိ‌အောင် Notch ‌တွေ‌နေရာမတူ‌အောင် စီမံထားပါတယ်။ notch ‌တွေရှိခြင်းအားဖြင့် ဘက်မှားမတတ်မိ‌အောင်လည်း ကာကွယ် ထားပါတယ်။ ဒါကို န‌မောနမဲ့နဲ့ မှားတတ်တာ ကြုံဖူးပါတယ်။ ဘာဖြစ်သလဲဆို‌တော့ Memory က‌ညှော်နံ့‌တွေထွက်လာပါတယ်။ Motherboard က လစ်သွားပါတယ်။ ဒါ‌ကြောင့် ဘက်မှား မတတ်မိ‌အောင် notch ‌လေး‌တွေကို ‌သေချာဂရုစိုက်ပါ။