ကွမ်တန်မြို့

မလေးရှား၊ ပါဟန်းပြည်နယ်မြို့တော်

ကွမ်တန်မြို့ သည် မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်၏ မြို့တော် ဖြစ်သည်။ ကွမ်တန်မြစ်ဝ အနီးတွင် တည်ရှိသည်။ ကွမ်တန်သည် ၂၀၁၀ ခုနှစ် လူဦးရေ အရ မလေးရှားနိုင်ငံတွင် ၁၈ ခုမြောက် အကြီးဆုံး မြို့ ဖြစ်ပြီး မလေးရှားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတွင် အကြီးဆုံး မြို့ ဖြစ်သည်။ ၂၀၂၀ တွင် ကွမ်တန်အား မြို့တော် အဖြစ် ကြေညာမည်ဟု ခန့်မှန်းကြသည်။[၁]

ကွမ်တန်မြို့ မြင်ကွင်း

ပါဟန်းပြည်နယ်၏ အုပ်ချုပ်ရေး ဌာနအား ကွာလာ လီပစ် မှ ကွမ်တန်မြို့သို့ ၁၉၅၅ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် တရားဝင် ရွှေ့ပြောင်းခဲ့ပြီး ဖွင့်လှစ်ပေးခဲ့သူမှာ ပါဟန်းပြည်နယ်၏ စူလတန် ဖြစ်သူ အဘူ ဘကာ ရီအာယာတူဒင် အယ်လ် မွဒ်ဇမ် ရှား ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. 等待逾十年终获批·关丹升格为市 - 地方 - 东海岸 | 东海岸 | 星洲网 Sin Chew Daily။ 1 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2020 တွင် ပြန်စစ်ပြီး။