ခင်မောင်ဝင်း (နိုင်ငံရေးသမား)

ဦးခင်မောင်ဝင်း (၈ ဧပြီ ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။[၁] [၂]

ဦးခင်မောင်ဝင်း
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ၇
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1958-04-08) ၈ ဧပြီ၊ ၁၉၅၈ (အသက် ၆၅)
ပိန္နဲကုန်းရွာ၊ ဝန်းသိုမြို့နယ်စစ်ကိုင်းတိုင်း
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်စန်းရီ
သားသမီး
မိဘဦးကြီးဖေ
ဒေါ်စက်မေ
မိခင်ကျောင်းရွှေဘိုကောလိပ် (သိပ္ပံဘွဲ့)
ရန်ကုန်တက္ကသိုလ် (မွေးမြူရေးအတတ်ပညာဒီပလိုမာ)

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

ဦးခင်မောင်ဝင်းကို ၁၉၅၈ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဝန်းသိုမြို့နယ်၊ ပိန္နဲကုန်းရွာတွင် မွေးဖွားခဲ့သည်။ သူသည် ရွှေဘိုကောလိပ် မှ သိပ္ပံဘွဲ့နှင့် ရန်ကုန်တက္ကသိုလ် မှ မွေးမြူရေးအတတ်ပညာဒီပလိုမာကို ရရှိခဲ့သည်။ သူသည် ၁၉၉၈ ခုနှစ်တွင် NLD မြို့နယ် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခရိုင်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် တိုင်းအလုပ်အမှုဆောင် အဖြစ်လည်းကောင်း၊ တိုင်းသဘာဝထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ သူသည်ယခင်က ကျူရှင်ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ Pyidaungsu Hluttaw။ 24 August 2018 တွင် ပြန်စစ်ပြီး။
  2. Khin Maung Win (in my)။ 4 September 2018 တွင် ပြန်စစ်ပြီး။