ခင်ဝင့်ဝါ (၂၁ စက်တင်ဘာ ၁၉၉၄ မွေးဖွား) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ [၁]မြန်မာနိုင်ငံရှိ အလှမယ်၊ ရုပ်ရှင်မင်းသမီးနှင့် ကြော်ငြာမော်ဒယ်တစ်ဦးလည်းဖြစ်သည်။

ခင်ဝင့်ဝါ
မွေးဖွားချောစုလှိုင်
(1994-09-21) ၂၁ စက်တင်ဘာ၊ ၁၉၉၄ (အသက် ၂၉)
ရန်ကုန်မြန်မာနိုင်ငံ
လူမျိုးမွန်လူမျိုး
နိုင်ငံသားမြန်မာ
အလုပ်အကိုင်အလှမယ် သရုပ်ဆောင် မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၂–လက်ရှိ
အရပ်၅ ft ၆ in (၁.၆၈ m)
ကိုယ်အလေးချိန်၁၀၀ ပေါင် (၄၅ ကီလိုဂရမ်)
ရရှိသည့်ဆုများ
  • Queen of Beauty Award (Miss MK Gem 2012)
  • Miss Internet Award (Miss Supranational 2013)
  • Most Beauty Girl in the World Award (Miss Supranational 2013)
  • People Choice Award (Miss Supranational 2013)
  • Face of Miss Supranational Award (Miss Supranational 2013)
  • အမျိုးသမီး ဇာတ်ပို့ဆု (၂၀၁၉)

ငယ်ဘဝ ပြင်ဆင်ရန်

ခင်ဝင့်ဝါအား စက်တင်ဘာလ ၂၁ ရက်နေ့၊ ၁၉၉၄ ခုနှစ်တွင် ဦး လှဟန်၊ ဒေါ် ကြည်ကြည်ဆွေ တို့က ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၄) ယောက်အနက် အငယ်ဆုံးသမီး ဖြစ်သည်။

အနုပညာလမ်းကြောင်း ပြင်ဆင်ရန်

အနုပညာအား ဝါသနာပါသောကြောင့် တက္ကသိုလ်ပညာ သင်ကြားနေစဉ် Star & Models Agency သို့ မိဘများအား အသိမပေးဘဲ သင်တန်းတက်ရောက်ခဲ့သည်။ ပြိုင်ပွဲများ ဝင်ရောက်မည့်အချိန်ရောက်မှသာ မိဘများအား အသိပေးခဲ့သည်။[၂]

၂၀၁၂ ခုနှစ်တွင် Miss MK Gem ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ Queen of Beauty Award ဆုကို ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့၌ ကျင်းပသော Miss Supranational ပြိုင်ပွဲသို့ ယှဉ်ပြိုင်ရာ Miss Internet ဆု အပါအဝင် ဆု (၄) ခု ရရှိခဲ့သည်။ ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်သော အလှမယ်များတွင် ဒုတိယမြောက် အစောဆုံးဖြစ်ရာ အင်တာနက်သုံးစွဲသော ပြည်တွင်း၊ ပြည်ပ မြန်မာအများစု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရရှိခြင်း ပြင်ဆင်ရန်

ခင်ဝင့်ဝါသည်  ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို  ‘လှပ်၍ လွင့်သော’ ဇာတ်ကားဖြင့်ရရှိခဲ့သည်။ အဆိုပါ အကယ်ဒမီဆုသည် သရုပ်ဆောင် ခင်ဝင့်ဝါ  အတွက် ပထမဆုံး အကယ်ဒမီဆုဖြစ်သည်။

လူမှုဘဝ ပြင်ဆင်ရန်

ခင်ဝင့်ဝါသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အရပ် ၅ ပေ ၆ လက်မ (၁.၆၈ မီတာ) ရှိပြီး အလေးချိန် ၁၀၀ ပေါင် (၄၆ ကီလို) ခန့် ရှိသည်။ ရုက္ခဗေဒဘာသာရပ်ဖြင့် အဝေးသင်ဘွဲ့ ရယူခဲ့သည်။

၂၀၁၄ ခုနှစ် သင်္ကြန်ကာလတွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ အယ်လ်ပိုင်းမဏ္ဍပ်တွင် တွေ့ရှိရသောကြောင့် ကောလဟာလသတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါကိစ္စအား သင်္ကြန်နှင့်ပတ်သက်သော သီချင်းရုပ်ရှင် ရိုက်ကူးခြင်းဖြစ်ကြောင်း သက်ဆိုင်သူများက ဖြေရှင်းပေးခဲ့သည်။[၃]

၂၀၁၅ ဇွန်လတွင် ရိုက်ကူးခဲ့သော အချစ်ကို ဝန်းရံကြ ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်သူ ဇေရဲထက်၏ သာမန်ထက်လွန်ကဲသည့် သရုပ်ဆောင်မှုကြောင့် ပရိသတ်တို့၏ ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဖြေရှင်းချက် တစ်စုံတစ်ရာ မပြုခဲ့ပေ။[၄]

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ရုပ်ရှင်သရုပ်ဆောင် အောင်ရဲလင်းနှင့်အတူ LINE Myanmar တွင် အသုံးပြုနိုင်မည့် စတစ်ကာများ၏ သရုပ်ဆောင်များအဖြစ် ရွေးချယ်ခြင်းခံရသည်။

၂၀၁၆ ဧပြီလတွင် ဖြန့်ဝေခဲ့သော Enrique Iglesias နှင့် Nicky Jam တို့၏ El perdon (English: Forgiveness) သီချင်းအား ပြန်လည်သရုပ်ဖော်သည့် ဇာတ်လမ်းတိုတွင် ပါဝင်ခဲ့ရာ တွဲဖက်သရုပ်ဆောင် နေရွှေသွေးအောင်နှင့် ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါကိစ္စအား နှစ်ဦးစလုံးက ငြင်းဆိုခဲ့သည်။[၅]

၂၀၁၆ အောက်တိုဘာလတွင် အဆိုတော် ရွှေထူးနှင့်အတူ OPPO F1s ၏ အမှတ်တံဆိပ်ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။

လူမှုရေးလုပ်ငန်းများ ပြင်ဆင်ရန်

၂၀၁၃ အောက်တိုဘာလတွင် Miss Supranational Myanmar Organization နှင့်အတူ လှည်းကူးမြို့နယ်ရှိ မြန်မာစိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ မိဘမဲ့ကလေးများအတွက် အဝတ်အစားနှင့် စားစရာများ သွားရောက် ပေးအပ်ခဲ့သည်။[၆]

၂၀၁၄ ဇန်နဝါရီလတွင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်သို့ ဗြဟ္မစိုရ် အဖွဲ့နှင့်အတူ သွား​ရောက်ကာ ငွေကြေးလိုအပ်သော နေရာများ၌ ထောက်ပံ့မှု ပြုလုပ်ခဲ့သည်။ အဆိုပါအဖွဲ့၏ (၁၁) နှစ်မြောက် အထိမ်းအမှတ်အနေဖြင့်လည်း နာရေးကူညီမှု လုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။ [၇]

၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မြစ်ရေလွှမ်းခြင်းတွင် ဒုက္ခသည်များအတွက် ရန်ပုံငွေဖျော်ဖြေပွဲများတွင် ပါဝင်ခြင်း[၈]၊ အလှူငွေ ကောက်ခံခြင်းနှင့် ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

ဇာတ်ကား ထုတ်ဝေနှစ် ဒါရိုက်တာ တွဲဖက် သရုပ်ဆောင်များ
တိမ်တိုက်တံတား ၂၀၁၇ ဩရသ နေတိုး
မင်းနဲ့ဝေးရင် သေလိမ့်မယ် ၂၀၁၇ လွင်ဗိုလ် မြတ်သူကျော်
ကိုယ်ချစ်မဝ မယ်မင်းကြီးမ ၂၀၁၇ သားကြီး ဖြိုးငွေစိုး
သစ္စာမဲ့ကြောင်း ထင်ရှားပါသဖြင့် ၂၀၁၇ အောင်ဇော်လင်း အောင်သူ၊ ကျော်ကျော်
အချစ်ကို ဝန်းရံကြ ၂၀၁၅ သိန်းဟန် (ဖီးနစ်) ဇေရဲထက်
စိတ်ကြီးဝင်ကြသူများ ၂၀၁၇ မောင်မျိုးမင်း နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း (Examplez)၊ ရဲလေး၊ မင်းမော်ကွန်း၊ အိချောပို၊ နန်းခင်ဇေယျာ၊ ရွှေသမီး၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ရဲအောင်၊ ရန်အောင်၊ လူမင်း
ရင်ဘတ်ထဲက ကျောက်စာ ၂၀၁၇ နေမျိုးလွင် နေတိုး၊၊ ခိုင်နှင်းဝေ
ယုံတဲ့သူကို ပုံပြောမယ် ၂၀၁၅ နေစိုးသော် နေတိုး
ဂျာကင်အဟောင်းလေး ၂၀၁၅ အောင်ဇော်လင်း လွှမ်းပိုင်
အသည်းတစ်ခြမ်း ၂၀၁၆ ကျော်ဇောလင်း ဇေရဲထက်၊၊ ဇော်လင်း
ရှေ့ ကိုက် ၁၀၀ တွင် အချစ်ရှိသည် ၂၀၁၆ အောင်ဇော်လင်း နေတိုး
ပင်လယ်ပုံပြင် ၂၀၁၆ ကျော်ဇောလင်း ဇေရဲထက်၊ ယွန်းရွှေရည်၊ ကိုပေါက်၊ ငှက်ပျောကြော်
အယောင်ဆောင်နှင်းဆီ ၂၀၁၆ သားညီ မင်းသွေး၊ မေတ္တာ၊၊ မုဏ်း
ရွှေမင်းသားရဲ့ ကြင်ယာတော် ၂၀၁၆ ကျော်သက်ကြီး ဇေရဲထက်၊ ဝါဝါအောင်၊ နှိုင်းယှဉ်မြင်းမိုရ်
သိန်းဖေ ၂၀၁၆ သိန်းဟန် (ဖီးနစ်) နေဒွေး
ဇာတ်လိုက်က ကျွန်တော် ၂၀၁၆ နေပိုင် ညီထွဋ်ခေါင်၊ စွမ်းရည်
မိန်းကလေးပဲရှင် … ချစ်တတ်တာပေါ့ ၂၀၁၆ ကျော်ဇောလင်း ဇေရဲထက်၊ ယွန်းရွှေရည်
ခေတ်သစ်ဧကရီ ၂၀၁၆ သိန်းလင်းစိုး၊ ကျော်ကျော်၊ ခန့်စည်သူ၊ နန်းသူဇာ၊ အိချောပို၊ မေမြင်းမိုရ်
နှင်းခသည့်ဆောင်း ၂၀၁၆ အောင်ဘပါဝါ မင်းထက်အောင်
အားနည်းချက်က ချစ်တတ်တယ် ၂၀၁၆ ပြေတီဦး၊ ဖြိုးငွေစိုး၊၊ ရတနာဗိုလ်
အလွမ်းပင်လယ် ၂၀၁၆ နေပိုင် ကောင်းပြည့်
ဆူးခက်တွေပြန်နေကျ လမ်းကလေးပေါ်မှာ ၂၀၁၆ နေသူရိန်၊ နေပိုင် အောင်ရဲလင်း၊ ဖူးဖူး၊၊ မြင့်မြတ်၊ ပိုးအိအိခန့်
ကိုကို … မငိုပါနဲ့ ၂၀၁၄ နေမျိုးလွင် ကောင်းပြည့်
ရက်မြတ်သင့် ချိန်ခါ ၂၀၁၄ ကိုဇော် (အာရုဏ်ဦး) ကျော်ရဲအောင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဇာခြည်ကျော်
လှည့်စားတတ်တဲ့ကောင်မလေး ၂၀၁၄ ကိုဇော် (အာရုဏ်ဦး) ဖြိုးငွေစိုး
စိတ်ကောက်လေဒီ ၂၀၁၄ သားညီ ကောင်းပြည့်၊ ထူး
ကြောင်လေးတစ်ကောင် လျှောက်တဲ့လမ်း (Catwalk) ၂၀၁၄ နေမျိုးလွင် နေမင်း၊ သားညီ
နတ်သမီးနှင့် ကျွန်တော် ၂၀၁၄ ကြည်ဖြူသျှင် ကောင်းပြည့်၊ ပွင့်
ပုစ္ဆာဆန်သော တစ္ဆေမလေး ၂၀၁၄ နေသူရိန် နေမင်း၊ ဆုမြတ်နိုးဦး
အရုပ်လေးကို ကျွန်တော်ပြန်မပေးပါ ၂၀၁၄ သည်ခေတ်နေ နေတိုး၊ ဆုမြတ်နိုးဦး
အိပ်မက်ဆိုးမှ နိုးထခွင့်ပေးပါ ၂၀၁၄ ကျော်ဇ စွမ်း၊ မေသန်းနု
လရောင်နမ်းမည့် ပန်းသခင် ၂၀၁၄ ကိုဇော် (အာရုဏ်ဦး) နေမင်း
ပင်လယ်ကြိုက် ၂၀၁၅ ပြည်ဟိန်းသီဟ နေတိုး၊ ကျော်ကျော်ဗိုလ်
အိုလင်းတစ္ဆေ ၂၀၁၅ နေမျိုးလွင် နေတိုး
နိုင်း နိုင်း နိုင်း (999) ၂၀၁၅ ကြည်ဖြူသျှင် ကောင်းပြည့်
ချွန်စက် ၂၀၁၄ မီးပွား စည်ဖြိုး၊ သားညီ
ယတြာ ၂၀၁၄ နေမျိုးလွင် ခန့်စည်သူ
သင်္ကြန်မုဆိုးနှင့် ရေသူမလေး ၂၀၁၅ ရွှေဇင်မင်း ကောင်းပြည့်
တကယ်လိုအပ်တဲ့အရာ ၂၀၁၅ ကိုဇော် (အာရုဏ်ဦး) စိုင်းစိုင်းခမ်းလှိုင်၊ သူရိယ၊ ဆုမြတ်နိုးဦး
ဟိုဘက် ဒီဘက် မှတ်စု ၂၀၁၅ သည်ခေတ်နေ နေတိုး၊ မိုးဟေကို
ကမ်းခြေမှာတွေ့တဲ့ ခရု ၂၀၁၅ ပြည်ဟိန်းသီဟ နေတိုး
စိတ်ကြိုးပြတ် နတ်မိမယ် ၂၀၁၆ သားညီ ဇေရဲထက်၊၊ မုဏ်း
ခွင်ရိုက်တဲ့ ဖူးစာ ၂၀၁၅ မောင်ဒေါန မိုးအောင်ရင်၊၊ ဗေလုဝ
ရေစက်ခါး ၂၀၁၆ စိုးကျော်စံ ကောင်းပြည့်၊၊ ယွန်းရွှေရည်
နှလုံးသားလေး တင်းမထားနိုင်ဘူးကွယ် ၂၀၁၅ ကိုဇော် (အာရုဏ်ဦး) အောင်ရဲလင်း၊ ဟန်လင်းသန့်
ဖလိုင်းကစ်နှင့် ဖရီးကစ် ၂၀၁၅ ပြည်ဟိန်းသီဟ ခန့်စည်သူ
ခြောက် ခြောက် ခြောက် ၂၀၁၅ ကိုဇော် (အာရုဏ်ဦး) ခန့်စည်သူ၊ ရွှေမှုံရတီ၊ ငွေမှုံရတီ
အကျယ်ချုပ် ၂၀၁၅ ဆုဩချယ် ထိုက်စံမော့စ်၊ မေသဉ္ဇာဦး
ဘဝခြားနေတဲ့ ရွှေမင်းသမီးလေး ၂၀၁၅ နေသူရိန် ကောင်းပြည့်၊ ဒိန်းဒေါင်၊ ဇော်ဇော်အောင်
မရှိမဖြစ် အဘ ၂၀၁၅ မောင်ဒေါန ခန့်စည်သူ

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့် အမျိုးသားဇာတ်ဆောင်ဆုများကို မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ပြေတီဦးတို့ကလည်းကောင်း၊ အမျိုးသမီးဇာတ်ဆောင်ဆုကို အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်နှင့် ရွှေမှုန်ရတီတို့က ရရှိပြီး အကယ်ဒမီဆုပေါင်း ၂၂ ဆု ပေးအပ်ချီးမြှင့်ခဲ့Eleven Media Group (၇ မေ ၂၀၂၃)။ ၁၁ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. Khin Wint Wah Interview About Her Model Career | PAPAWADY
  3. http://www.myanmarcelebrity.com/2014/04/sai-sai-khin-wint-wah-alpine-thingyan.html
  4. Khin Win Wah & Zay Ye Htet Star In Comedy Movie - YouTube
  5. Khin Wint Wah's Response: Starring In "Forgiveness" Copy MTV by Phoe La Pyae - YouTube
  6. http://info.myanmarcelebrity.com/2013/10/donation-khin-wint-war-miss.html[လင့်ခ်သေ]
  7. http://www.myanmarcelebrity.com/2014/01/khin-wint-wahs-minbu-social-service-trip.html
  8. http://www.myanmarcelebrity.com/2015/08/po-po-organized-charity-bazaar-to.html

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်