ခရက်ကာ (အင်္ဂလိပ်: Cracker) အမျိုးမျိုးရှိသည်။ ခရက်ကာများသည် ငွေကြေးပေးဝယ်ရသော ဆော့ဖ်ဝဲရ် များကို အခကြေးပေးစရာမလိုပဲ အဆင်သင့်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသော Developers များဖြစ်ကြသည်။

Serial Number Cracking ပြင်ဆင်ရန်

တကယ်တမ်း ငွေပေးဝယ်ရတဲ့ Software တစ်ခုကို တင်ပြီးတဲ့အခါမှာ Serial Number တောင်းပါတယ်။ ကျွန်တော်တို့ Installer CD တွေဝယ်တဲ့အခါ CD ထဲမှာ Software အပြင် Keygen ဆိုတဲ့ Program အသေးစားလေးပါလေ့ရှိပါတယ်။  အများအားဖြင့် Crack ဆိုတဲ့ Folder အောက်မှာ ရှိတတ်ပါတယ်။ Software ကို Install လုပ်ပြီးတဲ့အခါမှာ တောင်းတဲ့ Serial Key ကိုသိချင်ရင် အဲဒီ Keygen လေးကိုနှိပ်၊ Generate ကိုနှိပ်လိုက်ရင် Serial Key ထွက်လာပါမယ်။ အဲဒီ Key ကို Copy လုပ်ပြီး  Key တောင်းတဲ့နေရာမှာ Paste လုပ်လိုက်ရင် သုံးလို့ရသွားပါပြီ။

Activation Cracking Serial Key ပြင်ဆင်ရန်

Serial Key သည် အသုံးပြုသူ (user) များကြားတွင် ပြန့်သွားနိုင်သည်၊ ထို့ကြောင့် Activation ထပ်လုပ်ရန် Software company များမှ ကြိုးစားပြန်ပါသည်။ Activation ဆိုတာက  ကျွန်တော်တို့ရဲ့ Serial Key ကိုအင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ်။  သူတို့က အဲဒီ Serial Key ကို အစစ်ဟုတ်မဟုတ်စစ်၊ ဟုတ်တယ်ဆိုမှ Activation code ပြန်ထုတ်ပေး၊ အဲဒီ Activation Code ကိုမှကျွန်တော်တို့သုံးနေတဲ့ Software မှာ ပြန်လာထည့်၊အဲဒီဖြစ်စဉ်ကို ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲ ထိန်းချုပ်ထိန်းချုပ်  အင်တာနက်ကတစ်ဆင့် သူတို့ဆီပို့ရမယ် ဆိုတဲ့နေရာမှာအင်တာနက်မရှိတဲ့သူတွေအတွက်  ဖုန်းလိုင်းမှတစ်ဆင့် ဆက်သွယ် ပြောဆိုရမယ်ဆိုပြီး ရွေးချယ်ခွင့်ပေးရသေးပါတယ်။  အဲဒါဟာ အဓိကအားနည်းချက်ပါပဲ။ ဥပမာပြောရရင် Photoshop CS2 ကို တင်တဲ့အခါမှာ Serial Key ထည့်ရတယ်။  ပြီးရင် Photoshop က Activation လုပ်ရပါတယ်။ Activation ဖို့အတွက် Photoshop က Activation Number ထုတ်ပေးပါတယ်။  တကယ်တမ်းလုပ်ရမှာက အဲဒီ Activation ID ကို သူ့တို့ဆီ အင်တာနက်၊ ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ပြန်ပို့။ ပြီးကျမှ သူတို့က Activation Code ပြန်ပို့ပေး။ အဲဒါကို Cracker တွေက သူတို့ထုတ်ပေးတဲ့ Activation Number  ပေါ်မူတည်ပြီး Activation Code ရအောင်ထုတ်ပါတယ်။Photoshop CS2 ကို Activation လုပ်တဲ့အခါမှာ  Photoshop ကထုတ်ပေးတဲ့ Activation Number ကို copy ကူးရပါတယ်။ ပြီးတော့ Keygen ထဲမှာ သွား Paste လုပ်၊  Generate Activation Code ကိုနှိပ်။ ထွက်လာတဲ့ Activation Code ကိုမှ ပြန် copy ကူးပြီး Photoshop မှာ ပြန်သွားထည့်ရပါတယ်။  Photoshop ကိုထုတ်တဲ့ Adobe Company ကို မဆက်သွယ်ဘဲ Keygen လေးနဲ့တင် ခိုးသုံးလိုက်တာလို့ ပြောနိုင်ပါတယ်။

Executable File & Others File Adding Cracking ပြင်ဆင်ရန်

တချို့ Software တွေကျတော့ Serial လည်းမတောင်းပါ။ Activation လည်းမတောင်းပါ။ ဒါပေမဲ့ သုံးပြီး တစ်ပတ်လောက်နေမှ register လုပ်ခိုင်းပါသည်။ အင်တာနက်နှင့်သာ လုပ်ခိုင်းပါသည်။ ထိုကဲ့သို့ software မျိုးဆိုလျှင် exe file ကိုအစားထိုးလုပ်ခြင်းဖြင့် Crack လုပ်ရသည်။  ဥပမာပြရလျှင် Photoshop CS3 ဆိုလျှင် Installer CD အတွင်းရှိ Crack Folder ထဲတွင်ရှိသော Photoshop.exe File ကို Copy ကူးပြီး  C:\Program Files\Adobe\Photoshop CS3 Folder ထဲသို့ replace လုပ်ရခြင်းမျိုးကို ခေါ်ပါသည်။ တခါတရံတွင်တော့ .exe File မဟုတ်ဘဲ .dll ဖိုင်များကို သွားထည့်ရခြင်းမျိုးလည်းရှိတတ်သည်။

Registration File Cracking ပြင်ဆင်ရန်

တချို့ Company တွေကထုတ်တဲ့ Software တွေကျတော့ သူတို့ software ကို သုံးနိုင်ရန် registration file လေးတစ်ခုကို ထည့်ပေးရခြင်းမျိုးလည်း ရှိသည်။ ဥပမာ Kaspersky Antivirus 7.0 ဆိုလျှင် ထိုကဲ့သို့ ဖြစ်သည်။  Kaspersky ကို သုံးနိုင်ရန်အတွက် License Key ဆိုသော ဖိုင်တစ်ဖိုင်ကို ထည့်ပေးရသည်။ တစ်နှစ်သုံးနိုင်သော License key၊ နှစ်နှစ်ခံသော License Key စသည်ဖြင့် များစွာရှိသည်။  ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး License Key တူ၍မရပါ။ Kaspersky ကို Crack လုပ်ရန်ထို License key ကို အင်တာနက်ထဲရှာရသည်။ တွေ့တဲ့အခါမှာ ကောက်ထည့်။  ပြီးတော့မှ Automatic Updates ကို disable လုပ်ရသည်။ မဟုတ်လျှင် Automatic Updates လုပ်တဲ့အခါ ကိုယ့် Kaspersky ရဲ့ License Key ကို  လှမ်းကြည့်တဲ့အတွက် ခိုးသုံးထားမှန်း သိသွားနိုင်သည်။

Crack လုပ်ခြင်း၏ အကျိုးရလဒ်များ ပြင်ဆင်ရန်

Crack ပြုလုပ်ခြင်းဖြင့် Software ကို Free သုံးရနိုင်သည်။ သို့သော်လည်း မသမာသူလူတချို့ Crack File များတွင် Virus များ၊ Spyware များပါတွဲထည့်ပေးတတ်သည်။ ထို့ကြောင့် crack ဖိုင်အသုံးပြုသူများအနေနဖြင့် ဗိုင်းရပ်စ်အကိုက်ခံရခြင်း၊ အချက်အလက်များ အခိုးခံရခြင်းမျိုးများ ဖြစ်နိုင်သည်။