ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (Chatthin Wildlife Sanctuary) သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အတွင်းတွင် တည်ရှိသည်။ အကျယ်အဝန်း ၁၀၃.၅၅ စတုရန်းမိုင် (၂၆၈.၂ စတုရန်ကီလိုမီတာ) ရှိပြီး ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

မြောက်လတ္တီတွဒ်၂၃°၃၄'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၃၂'၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်း စကိုင်းတိုင်းဒေသကြီးတွင်းတွင်တည်ရှိသည်။

သဘာဝအရင်းအမြစ်များ ပြင်ဆင်ရန်

Indaing forest တောအများအစားဖြစ်ပြီး ဘေးမဲ့တောဧရိယာ၏ ၉၀% ကိုဖုံးလွှမ်းထားသည်။ သစ်ပင်မျိုးစိတ်ပေါင်း (၂၆၃)၊ ငှက်မျိုးစိတ်ပေါင်း (၂၄၀)၊ အင်းဆက်မျိုးစိတ် (၁၆၀)၊ ငါး (၄၇)၊ တွားသွားသတ္တဝါ (၃၈)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၁၅)မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၁၃)မျိုးကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန၏ စာရင်းဇယားများအရသိရသည်။ အဓိကအားဖြင့် မြန်မာဒေသမျိုးစိတ်ဖြစ်သော ရွှေသမင်(Cervus eldi thamin)များကို ကာကွယ်စောင့်ရှောက်ထားသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ ပြင်ဆင်ရန်

တရားမဝင်အမဲလိုက်ခြင်း၊ အပင်များကို စုဆောင်းခြင်း၊ တရားမဝင် သစ်ခိုးထုတ်ယူခြင်းများ၊ ငါးခိုးဖမ်းခြင်းများ နှင့် တောမီးလောင်ကျွမ်းခြင်းများကြောင့် သစ်တောပြုန်းတီးခြင်းများကို ကြုံတွေ့နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ ပြင်ဆင်ရန်

ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် NWCD ပူပေါင်း၍ ဖော်ပြပါ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်သည် -

  • Dipterocarp forest ecology,
  • Myanmar hare habitat,
  • ant and earthworm ecology,
  • human impact assessment on fish species

ခရီးသွားလာရေးလုပ်ငန်း ပြင်ဆင်ရန်

လမ်းပမ်းဆက်သွယ်ရေး ပြင်ဆင်ရန်

  • ရန်ကုန်-မန္တလေး-ချပ်သင်း ရထားဖြင့် ၅၁၇ မိုင်
  • ရန်ကုန်-မန္တလေး-ချပ်သင်း ကားဖြင့် ၅၆၀ မိုင်

[၁]

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ ပြင်ဆင်ရန်

  • အင်တိုင်းတောများကို လေ့လာနိုင်ခြင်း၊
  • ထင်ရှားသည့် ကြေးအင်း၏ သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊
  • တောရိုင်းတိရစ္ဆာန်များသုတေသနပြု ခေတ်မီနည်းစနစ်များကို လေ့လာနိုင်ခြင်း၊
  • ပရဆေးဘက်ဝင်အပင်နှင့် နွယ်ပင်များ အပါအဝင် ချပ်သင်း ဘေးမဲ့တော ၏ သဘာဝသမိုင်းပြတိုက်များ လေ့လာနိုင်ခြင်း၊
  • မြန်မာ့ရွှေသမင်များ၏ သဘာဝနေထိုင် ကျက်စားမှုကို လေ့လာနိုင်ခြင်း၊ သုတေသနပြုလုပ်နိုင်ခြင်း။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)