ချမ်းအေးသာစံမြို့နယ်

(ချမ်းအေးသာဇံမြို့နယ် မှ ပြန်ညွှန်းထားသည်)

ချမ်းအေးသာစံ မြို့နယ် (Chanayetharzan Township) သည် မြန်မာနိုင်ငံမန္တလေးမြို့လယ်တွင် တည်ရှိသော မြို့နယ်ဖြစ်သည်။ မြောက်ဘက်တွင် အောင်မြေသာဇံမြို့နယ်၊ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ တောင်ဘက်တွင် မဟာအောင်မြေမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ် တို့နှင့် ဝန်းရံထားသည်။ ချမ်းအေးသာစံမြို့နယ်သည် မန္တလေးမြို့၏ စီးပွားရေးအချက်အချာကျသော နယ်မြေလည်းဖြစ်သည်။ မြို့၏ အဓိက ဈေးချိုတော် နှင့် တခြား ဟိုတယ်များစွာလည်း တည်ရှိသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ စာရင်းအရ ၂၀၁၈ခုနှစ် မတ်လကုန် လူဦးရေ ၁၄၈,၇၉၂ ရှိသည်။

ချမ်းအေးသာစံမြို့နယ်
မန္တလေး၏ မြို့နယ်
Skyline of ချမ်းအေးသာစံမြို့နယ်
မဟာအောင်မြေခရိုင်ခရိုင်အတွင်း တည်​နေရာ
မဟာအောင်မြေခရိုင်ခရိုင်အတွင်း တည်​နေရာ
ချမ်းအေးသာစံမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ချမ်းအေးသာစံမြို့နယ်
ချမ်းအေးသာစံမြို့နယ်
မဟာအောင်မြေခရိုင်ခရိုင်အတွင်း တည်​နေရာ
ကိုဩဒိနိတ်: 21°58′0″N 96°5′0″E / 21.96667°N 96.08333°E / 21.96667; 96.08333ကိုဩဒိနိတ်: 21°58′0″N 96°5′0″E / 21.96667°N 96.08333°E / 21.96667; 96.08333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
မြို့မန္တလေးမြို့
ခရိုင်မဟာအောင်မြေခရိုင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၅ခုနှစ် အောက်တိုဘာလ၁ရက်နေ့တွင် တော်လှန်ရေးအစိုးရက မန္တလေးမြို့ကို အရှေ့တောင်မြို့နယ်၊ အရှေ့မြောက်မြို့နယ်၊ အနောက်တောင်မြို့နယ်၊ အနောက်မြောက်မြို့နယ်အဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က လက်ရှိ ချမ်းအေးသာစံမြို့နယ်သည် အရှေ့မြောက်မြို့နယ်တွင်ပါဝင်ခဲ့သည်။ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနက ၁၀.၁၂.၁၉၉၂ တွင် မန္တလေး လေးမြို့နယ်အား ငါးမြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ချမ်းအေးသာစံမြို့နယ်ကို ရပ်ကွက် ၂၀ခုဖြင့်ဖွဲ့စည်းခဲ့သည်။[၁]

ပထဝီဝင် အနေအထား ပြင်ဆင်ရန်

မြောက်လတ္တီတွဒ် ၂၀.၀၅၇ဒီဂရီ ၅၆မိနစ်နှင့် ၂၁ဒီဂရီ၅၉မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ဒီဂရီ၃မိနစ်နှင့် ၁၉၆.၀၈ဒီဂရီ ၃မိနစ်အကြားတွင်တည်ရှိသည်။ အရှေ့မှအနောက်သို့ ၅.၈၅မိုင်၊တောင်မှမြောက်သို့ ၀.၉၂မိုင်ရှည်လျားကာ ဧရိယာစတုရန်းမိုင် ၅.၀၄မိုင် ကျယ်ဝန်းပါသည်။[၁]

နယ်နိမိတ် ပြင်ဆင်ရန်

ချမ်းအေးသာစံမြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊ တောင်ဘက်တွင် မဟာအောင်မြေမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် အောင်မြေသာစံမြို့နယ် တို့တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ပင်လယ်ရေမျက်နှာပြင်အထက် အနိမ့်ဆုံးနေရာတွင် ၂၅၀ပေနှင့် အမြင့်ဆုံးနေရာတွင် ၂၅၆ပေရှိသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှ တောင်သို့ စီးဆင်းနေသည်။

လူဦးရေ ပြင်ဆင်ရန်

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ စာရင်းအရ ၂၀၁၈ခုနှစ် မတ်လကုန် လူဦးရေ ၁၄၈,၇၉၂ ရှိသည်။

ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကချင်၊ချင်း၊ကရင်၊ရခိုင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၆.၈၆%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။ ၂၀၁၉ခုနှစ်အထိ ကျား၊ မ အချိုးမှာ (၁ : ၁.၂) ဖြစ်သည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၂၀၁၆၁၄၆၄၅၀—    
၂၀၁၇၁၄၈၀၂၇+1.1%

စီးပွားရေး ပြင်ဆင်ရန်

ချမ်းအေးသာစံမြို့နယ်မှာ မန္တလေးမြို့၏ မြို့လယ်ခေါင်ကျသော မြို့နယ်တစ်ခုဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးသော မြို့နယ်တစ်ခုဖြစ်သည်။ ပြည်တွင်းမှ ကုန်ပစ္စည်းများကို လက်လီလက်ကားဖြန့်ဖြူးသော ဈေးချိုတော်နှင့် အခြားဈေးကြီးများ ဤမြို့နယ်တွင် တည်ရှိ၍ စီးပွားရေးအချက်အချာကျလှသည်။

မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ၊ ရေကြောင်းပို့ဆောင်ရေး၏ သင်္ဘောပြင်စက်ရုံတို့ရှိသည်။ ပုဂ္ဂလိကပိုင် ခေါက်ဆွဲစက်၊သကြားစက်၊ဆီစက်၊သစ်စက်၊ဂျုံစက်၊ရေခဲစက် ၈၀ကျော်နှင့် အိမ်တွင်းစက်မှုလုပ်ငန်း ၈၀ကျော်တို့ တည်ရှိသည်။

ဈေးများ ပြင်ဆင်ရန်

 

  • မန်းမြန်မာပလာဇာ
  • ရတနာပုံဈေး
  • မင်္ဂလာဈေး
  • ပြည်ကျော်ဈေး
  • ထီးတိုင်ဈေး
  • ကိုင်းတန်းဈေး
  • တောင်မြောက်တိုက်တန်းကြီး
  • အဆင့်မြင့်+ရိုးရိုးပလာဇာ
  • ရွှေကံ့ကော်
  • ၈၆၊၂၇×၃၁ကြားဆိုင်ခန်း
  • ဈေးချိုဈေးပိုင်လေးများ

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

မရမ်းခြံဆိပ်ကမ်းနှင့် မင်းကွန်းသို့သွားရန် မင်းကွန်းဆိပ်ကမ်းဟူ၍ သင်္ဘောဆိပ်၂ခုရှိသည်။ အထက်မြန်မာပြည်၏ အချက်အချာကျသောဘူတာရုံကြီးဖြစ်သည့် မန္တလေးဘူတာကြီးမှာ မြို့နယ်၏ တောင်နှင့်မြောက်အကျယ် ၀.၉၂မိုင်အတိုင်း ၂၆ဘီလမ်းမှ ၃၅အေလမ်းအထိ တည်ရှိသည်။ မန္တလေး-ကျောက်ဆည်ပြေးဆွဲသော ယာဉ်လိုင်းငယ်များစွာတွေ့နိုင်သည်။

ပညာရေး ပြင်ဆင်ရန်

အဆင့်မြင့်ပညာ ပြင်ဆင်ရန်

  • ဆေးတက္ကသိုလ်
  • အစိုးရစက်မှုလက်မှုသိပ္ပံ
  • ပညာရေးကောလိပ်
  • ချင်းတွင်းကောလိပ် (ပုဂ္ဂလိကပိုင်)

 


အခြေခံပညာ ပြင်ဆင်ရန်

အထက ပြင်ဆင်ရန်

အထက်တန်းကျောင်း ၁၀ကျောင်းရှိသည်။

  • အထက ၂
  • အထက ၅
  • အထက ၆
  • အထက ၁၂
  • အထက ၁၄
  • အထက ၁၅
  • အထက ၁၆

 

  • အထက ၁၉
  • အထက ၂၂
  • အထက ၂၃


အထက(ခွဲ)/အလက ပြင်ဆင်ရန်

  • အလက (ထ(ခွဲ)) ၂၇
  • အလက ၁
  • အလက ၇
  • အလက ၉
  • အလက ၁၀
  • အလက ၁၆


မူလတန်းလွန်ကျောင်းများ ပြင်ဆင်ရန်

  • အမက ၄
  • အမက ၇

အမက ပြင်ဆင်ရန်

  • အမက ၂
  • အမက ၃
  • အမက ၅
  • အမက ၈
  • အမက ၉
  • အမက ၁၀
  • အမက ၁၂
  • အမက ၁၄
  • အမက ၁၅
  • အမက ၁၆
  • အမက ၁၇
  • အမက ၁၈
  • အမက ၂၀
  • အမက ၂၁
  • အမက ၂၂
  • အမက ၂၃
  • အမက ၂၄
  • အမက ၂၅
  • အမက ၂၆
  • အမက ၂၇
  • အမက ၂၈
  • အမက ၂၉
  • အမက ၃၀
  • အမက ၃၁
  • အမက ၃၂
  • အမက ၃၃
  • အမက ၃၄
  • အမက ၃၅
  • အမက ၃၇
  • အမက ၃၈
  • အမက ၄၁

မူလတန်းကြိုကျောင်း ပြင်ဆင်ရန်

  • အထက ၂၂
  • အမက ၂၃


ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပြင်ဆင်ရန်

  • ဘက ၁ − ၆၂လမ်း၊ ၂၇−၂၈လမ်းကြား
  • ဘက ၂ − ၃၁−၆၂လမ်းထောင့်
  • ဘက ၃ − လမ်း ၉၀၊ ၂၈−၂၉လမ်းကြား
  • ဘက ၄ − လမ်း ၉၀၊ ၃၄-၃၅လမ်းကြား
  • ဘက ၅ − ၈၉လမ်း၊ ၃၄-၃၅လမ်းကြား
  • ဘက ၆ − လမ်း ၉၀၊ ၃၂-၃၃လမ်းကြား

ကျန်းမာရေး ပြင်ဆင်ရန်

ဆေးရုံများ ပြင်ဆင်ရန်

  • မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
  • ဗဟိုအမျိုးသမီးဆေးရုံကြီး
  • ကလေးဆေးရုံကြီး (၃၀၀)
  • ကလေးဆေးရုံ (၅၅၀)
  • ကူးစက်ဆေးရုံကြီး

ဆေးပေးခန်းများ ပြင်ဆင်ရန်

  • UHC
  • Sub UHC
  • RHC
  • RHS
  • အနာကြီးတိုက်ဖျက်
  • ငှက်ဖျားတိုက်ဖျက်
  • တီဘီရောဂါတိုက်ဖျက်

ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ ပြင်ဆင်ရန်

  • မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန
  • ဆိုင်းတန်း ဒေသန္တရကျန်းမာရေးဌာနခွဲ
  • မိခင်ကလေးဒေသန္တရကျန်းမာရေးဌာနခွဲ
  • အောင်တော်မူဒေသန္တရကျန်းမာရေးဌာနခွဲ
  • ဒေးဝန်းဒေသန္တရကျန်းမာရေးဌာနခွဲ

ထင်ရှားသောနေရာများ ပြင်ဆင်ရန်

ဘာသာရေး ပြင်ဆင်ရန်

ထင်ရှားသည့် ဘုရား၊ စေတီနှင့် ပုထိုးများ ပြင်ဆင်ရန်

သမိုင်းဝင်ထင်ရှားသည့် အဆောက်အဦနှင့်နေရာများ ပြင်ဆင်ရန်

  • ပရိယတ္တိ သာသနာ့ဟိတအသင်းဗိမ္မာန်
  • မလွန်ဆန်လှူအသင်းကြီး

အားကစား ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ချမ်းအေးသာစံမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 28 October 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်